ဇနီး (3) ယောက်နဲ့ လက်ထပ်ထားပြီး တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ခြင်းမရှိဘဲ လိုက်လျောညီထွေမှုရှိတဲ့ အိမ်ထောင်ရေးကို ထိန်းချုပ်နိုင်ခဲ့တဲ့ လူငယ်လေး

အချစ်မှာ သစ္စာရှိခြင်းဆိုတာ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ လူတိုင်းလိုအပ်တဲ့အရာပါ ။ ဒါ့ကြောင့် ယခုအခါ အချို့နိုင်ငံများမှာ မယားအများယူခြင်းက တရားမဝင်တဲ့ လုပ်ရပ်ပါ ။ ဒါပေမဲ့ Anon အမည်ရှိ ထိုင်းခင်ပွန်းတစ်ဦးရဲ့ ဖြစ်ရပ်မှာ လှပပြီး ချစ်စဖွယ်ကောင်းတဲ့ ဇနီးမောင်နှံ(3)ဦးကို ပိုင်ဆိုင်ထား သောကြောင့် လူအများကို အံ့အားသင့်စေခဲ့ပါတယ် ။

Khmerload စာမျက်နှာမှာ Anon က သူ့ရဲ့ အိမ်ထောင်ရေးဘဝ ဓာတ်ပုံများကို မျှဝေခြင်းဖြင့် လူအများ ကို အံ့အားသင့်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ် ။ချောမောလှပတဲ့ ဇနီးမယား(3)ယောက်နဲ့ အကြင်လင်မယားဖြစ်ကြသော်လည်း၊ အဆိုပါအမျိုးသမီးများက အလွန်သဟဇာတဖြစ်ပြီး ခင်ပွန်းသည်ကို အမြဲတစေ ချစ်မြတ်နိုးပြီး ဂရုစိုက်ကြပါတယ် ။

ခင်ပွန်းသည်ကို ဝမ်းနည်းစေရန် ငြင်းခုံခြင်း သို့မဟုတ် စိတ်ဆိုးခြင်း မပြုလုပ်ကြဘဲ အရမ်းချစ်၊ အရမ်း ဂရုစိုက်နေတာကို တွေမြင်နိုင်ပါတယ် ။ ထိုကဲ့သို့ လိုက်လျောညီထွေရှိတဲ့ ဘဝမျိုးကို ပိုင်ဆိုင်နိုင်ရန် Anon က ဇနီးဖြစ်သူနဲ့ ဆက်ဆံရာမှာလည်း နေ့စဉ်ဘဝမှာ လူ (3) ယောက်ကို မျှမျှတတ ဆက်ဆံတတ် တယ် ။ဥပမာ လက်ဆောင်ဝယ်ရင် အတူတူ ပစ္စည်းဝယ်မယ် ဒါမှမဟုတ် ခရီးထွက်ပြီး အရာအားလုံးကို ပျော် ပျော်ပါးပါး ဝယ်ပြီး ဘက်မလိုက်ဘဲ ညီတူညီမျှချစ်ခဲ့တာကြောင့် သူတို့ရဲ့ အချစ်ဟာ အမြဲတမ်း နွေးထွေးပျော်ရွှင်နေပါတယ် ။

တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ရှုပ်နေတဲ့သူတွေလည်း ရှိပါသေးတယ် ။ အမျိုးသမီးများက မွေးရာပါ မနာလိုသူများဖြစ်သောကြောင့် အတူတကွနေထိုင်ရန် ခက်ခဲမယ်လို့ လူအများက ထင်ကြပါတယ် ။ဒါပေမယ့် လူတွေထင်တဲ့အတိုင်းမဟုတ်ဘဲ ကောင်မလေး(3)ယောက်က ရယ်မောပြီး ညီအမလိုစကားစမြည်ပြောနေကြတုန်းပါပဲ ။ သူတို့ရဲ့ မျက်နှာများက ရွှင်မြူး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့ပါတယ် ။

Zawgyi






  • Leave a Comment

Categories