တော်လွန်းလို့ ဆုတောင်ပေးသင့်တဲ့ အချိန်ကိုက်ကွက်တိရိုက်ကူးမိတဲ့ အကောင်းဆုံးဓာတ်ပုံများ

မင်္ဂလာပါ။အခုချိန်မှာ ကျွန်တော်တို့ သိမ်းထားချင်တဲ့ အမှတ်တရတိုင်း သိမ်းဆည်းနိုင်ဖို့ ဖုန်းကင်မရာတွေက အလွယ်တကူရှိနေပါပြီ။ ဒီတော့လည်း အချိန်တိုင်း ဖုန်းလေးနဲ့ ရိုက်ကူးလိုက်ရုံပါပဲ။ တစ်ခါတစ်ရံမှာတော့ ကိုယ်ကိုတိုင်တောင် မသိလိုက်ဘဲ အချိန်ကိုက်ဓာတ်ပုံတွေကို ရိုက်ကူးမိပြန်ပါသေးတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေဆိုရင် အချိန်ကိုက် ရိုက်ကူးရာမှာတော်လွန်းလို့ ဆုတောင်ပေးသင့်တဲ့ အကောင်းဆုံးဓာတ်ပုံတွေပဲဖြစ်ပါတယ်။

(၁)

သူတို့ဘက်ကို ရောက်လာတဲ့ ဘောလုံးလေးကို အလှအယက်ဖမ်းနေကြတဲ့ ပရိသတ်တွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ထဲက တစ်ယောက်မှ ဘောလုံးကို ရမှာမဟုတ်ဘူးဆိုတာ ကြိုသိနေတယ်လေ..

(၂)

ပေးရမယ့်စားပွဲနား ရောက်ခါနီးပြီးကို

အခုလိုမျိုး ကြုံတွေ့ရတယ်လို့..

(၃)

ရေထဲခုန်ချနည်းအသစ်ထင်ပါရဲ့….

ဘေးတိုက်ကို ကျတော့မှာနော်။

(၄)

အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အချိန်ရောက်မှပဲ မျက်မှန်က ပြုတ်ကျရလားဟယ်…

အခုတော့ တောင်တက်နေတုန်း တန်းလန်းကြီး ဘာမှမမြင်ရတော့ဘူး။

(၅)

ဘောလုံးကို ပါးစပ်နဲ့ ကိုက်ဖမ်းနေတဲ့ ခွေးလေး.

.မရရအောင် ဖမ်းနိုင်သားနော်…

(၆)

ချစ်စရာကောင်းလွန်းတဲ့ သားပိုက်ကောင်လေးက သူနဲ့ ဓာတ်ပုံလာရိုက်နေတာကို

စိတ်မဆိုးတဲ့အပြင် ပြုံးတောင်ပြနေပါသေးတယ်။

(၇)

ကလေးလေး ရွံ့ကန်ထဲ ခုန်ဆင်းပြီး မညစ်ပတ်ခင် စက္ကန့်ပိုင်းအလိုမှာပေါ့

(၈)

ခုံးကျိုးကျလို့ ရုတ်တရက် လန့်သွားတယ်ဆိုတာ

ပုံထဲက လူကြီးရဲ့ မျက်နှာအမူအရာမှာ ထင်ထင်ရှားရှားမြင်နိုင်ပါတယ်နော်…

(၉)

မရဘူး….ငါအကြိုက်ဆုံး ရေခဲမုန့်လေးတော့ ပြုတ်ကျလို့မရဘူးလေ။

(၁၀)

ခွက်တွေအများကြီး အပြိုင်သယ်ရတဲ့ ပြိုင်ပွဲတွေမှာဆို

တာစထွက်ထဲက ရှုံးမယ်ဆိုတာ သေချာနေတဲ့ အမျိုးသမီး

(၁၁)

ကစားသမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ဦးထုပ်ကျွတ်ကျသွားတာပါ…

ဒါပေမယ့် ရိုက်ကူးတဲ့သူ တော်လွန်းတော့ ကျွတ်ကျတဲ့ ဦးထုပ်တောင် မြေကြီးမရောက်သေးဘူး ဓာတ်ပုံထွက်လာတာပေါ့..

(၁၂)

ကလေးလေးနဲ့အမျိုးသမီးကို ခွေးကြီးစားတော့မယ်…

တစ်ယောက်ယောက် ကယ်ကြပါအုံး..အော် ဓာတ်ပုံရိုက်နေတာပဲ။ ပေါက်ပေါက်ရှာရှာပဲနော်

(၁၃)

အဖွဲ့လိုက် လေပေါ် ပျံသန်းစဉ် အမှတ်တရပါ…

(၁၄)

ကလေးတွေနဲ့ အပြင်သွားရတာ မလွယ်မှန်း ဒီဓာတ်ပုံက သက်သေပေါ့…

ခုလည်း ပန်းသီးနဲ့ အပေါက်ခံရတယ်လေ။ ကိုယ်က လူကြီးပဲ ခံရတော့မယ်…

(၁၄) .

အိတ်ပြဲပြီး ပစ္စည်းတွေ ပြုတ်ကျသွားပြီးဆိုတာကို

အမျိုးသမီးတစ်ယောက် သေချာသဘောမပေါက်ခင် စက္ကန့်ပိုင်းအလို…

(၁၅)

ရှော့အကြီးကြီးတက်တော့မယ့် အကွက်နော်..

ကလေးတွေအနေနဲ့ ဘောလုံးထားပြီး ပြေးဖို့ ပြင်ထားကြတော့။

(၁၆)

မုန့်ခိုးတာ ဖြစ်အောင် မခိုးနိုင်ခဲ့တဲ့ ဇင်ယော်ငှက်လေးရယ်။

(၁၇)

အချိန်ကိုက်ရိုက်ကူးမှုနဲ့ အချိန်ကိုက်ရှောင်ရှားတတ်မှုကြီးနော်.

(၁၈)

မြင်မြင်ရာဆွဲနေတဲ့ ဇင်ယော်ဌက်ပါ…ဓာတ်ပုံရိုက်နေတုန်း လာဆွဲချီမှတော့ သူ့ပုံပါ ရိုက်မိသွားတာပေါ့

(၁၉)

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လာတုန်းလေး အမှတ်တရ ဓာတ်ပုံ ရိုက်မလို့ကို နှင်းလုံးနဲ့ အပစ်ခံလိုက်ရပြီး ကွက်တိရိုက်မိသွားခဲ့ပါတယ်။

ဒါလည်း အမှတ်တရ တစ်ခုပေါ့လေ..

(၂၀)

ဆုဖလားကြီးကို အားရပါးရ မြှောက်လိုက်တာ ပြုတ်ကျကုန်တယ်လေ..

အနိုင်ရ အားကစားသမားက ချက်ချင်းမသိလိုက်ပေမယ့် …

အနောက်ကလူကြီးကတော့ ဘယ်လောက်စိတ်ပူနေမှန်း မျက်နှာမှာပေါ်လွင်နေတာနော်။

(၂၁)

မွေးနေ့ဖယောင်းတိုင်ကို မီးမှုတ်ရင်း ဆံပင်ကို မီးကူးသွားခဲ့တာပါ။

အခုလိုဖြစ်သွားတာ ဘယ်သူမှ သတိမထားမိသေးတဲ့အချိန် ကွက်တိ ဓာတ်ပုံကိုရိုက်ကူးမိခဲ့တာပါ။

(၂၂)

ဘယ်ကနေ လွင့်ပျံလာလဲမသိတဲ့ ဖိနပ်က ပုံထဲကအမျိုးသားရဲ့ မျက်နှာကို လာစင်ခဲ့တာပါ။

တော်တော်လေး အသက်ဝင်တဲ့ပုံပါပဲ။

(၂၃)

အချိန်ကိုက်ကို ရိုက်ကူးမိတာပဲနော်..ပုံထဲက လူကတော့ တော်တော်လေး ခံစားလိုက်ရမယ်။

(၂၄)

အရပ်ပုတယ်ဆိုရင် အခုလို အရပ်ရှည်တဲ့ လူတွေနား သွားမရပ်နဲ့နော်..

မတော်တဆ ပုံထဲကလိုမျိုး မျက်နှာ အရိုက်ခံနေရအုံးမယ်။

(၂၅)

မင်္ဂလာဝတ်စုံဖြူဖြူလေး မညစ်ပတ်သွားခင် စက္ကန့်ပိုင်းအလိုပေါ့…

(၂၆)

တစ်ယောက်ယောက်တော့ ပြောပြလို့မရတဲ့ နာကျင်မှုမျိုးကို ခံစားရတော့မယ်ဆိုတာ သေချာနေပါပြီ..

ပုံကိုကြည့်လိုက်နော် ပရိသတ်တို့ရေ ဘယ်ကမှန်းမသိတဲ့ ဘောလုံးက အမျိုးသားရဲ့အောက်ပိုင်းကိုထိခိုက်မိနေပါပြီ။

(၂၇)

ကိတ်မုန့်လေးနဲ့ အတူတူ ဓာတ်ပုံတွဲရိုက်ပေးပါအုံး…

ဟိုးထား ဟိုးထား ကိတ်မုန့်ပြုတ်ကျသွားပြီ။

အချိန်ကိုက်ရိုက်မိတဲ့ ဓာတ်ပုံလေးတွေကို သဘောကျကြရဲ့လား ပရိသတ်တို့ရေ..

ကိုယ့်မှာကော အခုလိုမျိုး အချိန်ကိုက်ရိုက်မိတဲ့ ဓာတ်ပုံလေးတွေ ရှိရင် ဓာတ်ပုံလေးနဲ့တကွဖြစ်စဉ်လေးကို ရှင်းပြခဲ့ပါအုံး

Ref:Brightside

  • Leave a Comment

Categories