






Unicode

(၈)ပေါင်(၂)အောင်စရှိပြီး ဖအေတူတဲ့သမီးချောလေးကို အသည်းထဲကလှိုက်နေအောင်ချစ်တယ်ဆိုတဲ့ ဆန်းသစ်လရဲ့ချစ်ခင်ပွန်း

ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင်ဆန်းသစ်လကတော့ သူမကိုအရမ်းချစ်တဲ့ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဆန်းသစ်လကလည်း ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပါတယ်နော်။ဆန်းသစ်လက ချစ်ခင်ပွန်းနဲ့အတူ သာယာလှပတဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။

ဆန်းသစ်လကတော့ ပထမဆုံးရင်သွေးလေးကိုလည်းလွယ်ထားရတာကြောင့် အစစအရာရာဂရုစိုက်နေရတာဖြစ်ပါတယ်။သူမရဲ့ခင်ပွန်းကလည်း ကိုယ်ဝန်ဆောင်သည်ချစ်ဇနီးလေးကို အမြဲကြင်နာယုယပြီး ပြုစုစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့မနက်(၆)နာရီ(၄၄)မိနစ်မှာတော့ ဆန်းသစ်လက သမီးချောလေးကို အောင်မြင်စွာမွေးဖွားလိုက်နိုင်တာဖြစ်ပါတယ်နော်။

ဆန်းသစ်လရဲ့ခင်ပွန်းကတော့”ဦးလေးတွေ အန်တီတွေကနာမည်ဝိုင်းစဉ်းစားပေးတယ်…သမီးကတော့မရဘူးထွက်ချင်ပြီဆိုပြီး ဗုဒ္ဓဟူးနေ့ထွက်လာတယ်…ဘယ်လိုချစ်လို့ ချစ်မှန်းမသိဘူး…ရင်ထဲအသည်းထဲကလှိုက်နေအောင်ချစ်တယ်ဆိုတာ သမီးနဲ့မှပိုသိသလိုပဲမနက်(6)နာရီ(44)မိနစ် (23)ရက် September မှာ 8ပေါင်2အောင်စ ရှိတဲ့ ဖအေတူ ဗုဒ္ဓဟူးသမီးလေး မွေးပါပြီ။ချစ်စရာအရမ်းကောင်းတဲ့သမီးလေးအတွက်ကျေးဇူးပါ မိန်းမရေ…ပင်ပန်းသွားပြီမိန်းမကိုရော သမီးလေးကိုရော ပိုပိုပြီးချစ်ပါ့မယ်”ဆိုပြီး သူ့ရဲ့အပျော်တွေကို ရေးသားမျှဝေထားတာဖြစ်ပါတယ်။

Photo Credit:Win Myat&San Thit La

  • Leave a Comment