







Unicode

တက္ကသိုလ်ကျောင်းသူပုံစံလေးလို ရိုက်ထားပြီး အသည်းယားစရာကောင်းနေတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်ရဲ့သမီးလေး Scarlettဖြိုးထွန်း

ပရိသတ်ကြီးရေ…… ချစ်စရာကောင်းပြီးအသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြမယ်ထင်ပါတယ်‌နော်…..။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့သူ‌တွေဖြစ်ပါတယ်။ဒါ့ပြင် အာဘွိုင်းရဲ့romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းပီသမှုကြောင့် ပရိသတ်တွေအားကျနေရတဲ့သူဆိုလည်းမှားမယ်မထင်ပါဘူးနော်။

မြတ်ရတနာကျော်တို့ ဇနီးမောင်နှံဟာ သမီးလေး Scarlettရဲ့ပုံလေးတွေကို မကြာခဏတင်ပေးလေ့ရှိပါတယ်။ Scarlettလေးဟာလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေး၀င်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။ ဖေဖေရော မေမေရောရဲ့အချောအလှတွေကို စုပြုံရရှိထားတဲ့ သမီးလေး Scarlettကတော့တစ်ကယ့်ကို ချစ်မွှေးလေးပါပဲ။

မကြာသေးမီကလည်း မြတ်ရတနာကျော်ဟာ သူမတို့ရဲ့ Facebook pageလေးဖြစ်တဲ့ Our Travel Diaries ဆိုတဲ့ pageလေးမှာ Scarlettလေးရဲ့ ချစ်စရာပုံလေးတွေကို “တက္ကသိုလ် ကျောင်းသူလေး မမ Scarlett ဖြိုးထွန်း” ဆိုတဲ့ captionလေးနဲ့ တင်ပေးလာခဲ့ပါတယ်။ Scarlettလေးရဲ့ ပုံလေးတွေကြည့်ပြီး ပရိသတ်တွေလည်း အသည်းယားနေကြမယ်ထင်ပါတယ်နော်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source-Our Travel Diaries

Photo Credit-Sai Kaung Htet

credit – Myanmarload

  • Leave a Comment