ဈေးကနေဝယ်ခဲ့သော ဘဲဥလေးတွေကို သူ့နည်းသူ့ဟန်နဲ့ သားပေါက်နိုင်ခဲ့သော လေးစားဖွယ်ရာ သုံးတန်းကျောင်းသားလေးတစ်ဦး

လူသားတို့သည် ခွေးလေး၊ ကြောင်လေးတွေကို အိမ်မွေး တိရစ္ဆာန်အဖြစ် အများဆုံး မွေးမြူတတ်ကြသော်လည်း အချို့က ဘဲလေးတွေကိုအပျင်းပြေအဖော်အဖြစ် မွေးတတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၉နှစ်အရွယ် ကောင်လေးတစ်ဦးသည် သုံးတန်းကျောင်းသားဖြစ်ကာ ကပ်ရောဂါတွင်း ကျောင်းများပိတ်ထားပြီး သူငယ်ချင်းတွေနားလည်း သွားမလည်ရတာကြောင့် အိမ်မှာ တစ်ယောက်တည်း ပျင်းရိနေခဲ့သည်။

ထိုအခါ ကောင်လေးသည် မိခင်ဖြစ်သူဈေးသွားချိန်တွင် ဘဲဥလေးတွေဝယ်ခိုင်းကာ ကိုယ်တိုင်သားဖောက်ကြည့်မည်ဟု ဆိုခဲ့၍ မိခင်ကလည်း ခွင့်ပြုပေးခဲ့ရာ ဘဲဥ ၁၀လုံးကို ဖော့ပုံးတစ်ခုမှာထည့်ကာ မီးအိမ်လေးကိုအသုံးပြုပြီး သားဖောက်ခဲ့သည်။

အံ့အားသင့်စွာဖြင့် တော်ရုံလူများ သားဖောက်ဖို့ရာ မလွယ်ကူသော်လည်း ကောင်လေးရဲ့ မထင်မှတ်ထားသော အရည်အချင်းကြောင့် ဘဲဥ ၁၀လုံးထဲမှ ဘဲကလေး ၅ကောင်ပေါက်ခဲ့သည်။

ကောင်လေးသည် ဘဲကလေးတွေကို အထူးဂရုစိုက်ပြုစုပေးခဲ့သော်လည်း တစ်ကောင်သာ အသက်ရှင်ကျန်ရစ်ခဲ့သည့်အတွက် ဝမ်းနည်းခဲ့ရပြီး ထိုဘဲလေးကိုတော့ အဆုံးရှုံးမခံနိုင်တော့ပဲ သွားလေရာခေါ်ဆောင်သွားကာ ကျွေးမွေးစောင့်ရှောက်ရင်း သူမရဲ့သူငယ်ချင်းပါဖြစ်လာခဲ့သည်။

Rain (For Ialinks)

Zawgyi

ေစ်းကေနဝယ္ခဲ့ေသာ ဘဲဥေလးေတြကို သူ႔နည္းသူ႔ဟန္နဲ႔ သားေပါက္ႏိုင္ခဲ့ေသာ ေလးစားဖြယ္ရာ သုံးတန္းေက်ာင္းသားေလးတစ္ဦး

လူသားတို႔သည္ ေခြးေလး၊ ေၾကာင္ေလးေတြကို အိမ္ေမြး တိရစာၦန္အျဖစ္ အမ်ားဆုံး ေမြးျမဴတတ္ၾကေသာ္လည္း အခ်ိဳ႕က ဘဲေလးေတြကိုအပ်င္းေျပအေဖာ္အျဖစ္ ေမြးတတ္ၾကသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၉ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ သုံးတန္းေက်ာင္းသားျဖစ္ကာ ကပ္ေရာဂါတြင္း ေက်ာင္းမ်ားပိတ္ထားၿပီး သူငယ္ခ်င္းေတြနားလည္း သြားမလည္ရတာေၾကာင့္ အိမ္မွာ တစ္ေယာက္တည္း ပ်င္းရိေနခဲ့သည္။

ထိုအခါ ေကာင္ေလးသည္ မိခင္ျဖစ္သူေစ်းသြားခ်ိန္တြင္ ဘဲဥေလးေတြဝယ္ခိုင္းကာ ကိုယ္တိုင္သားေဖာက္ၾကည့္မည္ဟု ဆိုခဲ့၍ မိခင္ကလည္း ခြင့္ျပဳေပးခဲ့ရာ ဘဲဥ ၁၀လုံးကို ေဖာ့ပုံးတစ္ခုမွာထည့္ကာ မီးအိမ္ေလးကိုအသုံးျပဳၿပီး သားေဖာက္ခဲ့သည္။

အံ့အားသင့္စြာျဖင့္ ေတာ္႐ုံလူမ်ား သားေဖာက္ဖို႔ရာ မလြယ္ကူေသာ္လည္း ေကာင္ေလးရဲ႕ မထင္မွတ္ထားေသာ အရည္အခ်င္းေၾကာင့္ ဘဲဥ ၁၀လုံးထဲမွ ဘဲကေလး ၅ေကာင္ေပါက္ခဲ့သည္။

ေကာင္ေလးသည္ ဘဲကေလးေတြကို အထူးဂ႐ုစိုက္ျပဳစုေပးခဲ့ေသာ္လည္း တစ္ေကာင္သာ အသက္ရွင္က်န္ရစ္ခဲ့သည့္အတြက္ ဝမ္းနည္းခဲ့ရၿပီး ထိုဘဲေလးကိုေတာ့ အဆုံးရႈံးမခံႏိုင္ေတာ့ပဲ သြားေလရာေခၚေဆာင္သြားကာ ေကြၽးေမြးေစာင့္ေရွာက္ရင္း သူမရဲ႕သူငယ္ခ်င္းပါျဖစ္လာခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories