credit – sankyipar
Unicode
ကိုဗစ်ကူးစက်ခံနေရတဲ့ ချစ်ရသူ စိန်ဖြိုးလှိုင်( မောင် ) အတွက် ချစ်သူကောင်းပီသတဲ့ ရီရီပွင့်ဖြူရဲ့ လုပ်ရက်လေးတစ်ခု
နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရီရီပွင့်ဖြူကတော့ အနုပညာလောကမှာ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်တော့ခြင်းမရှိတော့တာကို တွေ့ရပါတယ်။ ရီရီပွင့်ဖြူက အရင်ကလို အနုပညာအလုပ်တွေကို မလုပ်ကိုင်ဖြစ်တော့ပေမယ့် သူမရဲ့ ချစ်သူ မောင်တို့ရဲ့ ပေ့ချ်လေးကြောင့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေဆဲပဲ ဖြစ်ပါတယ်။
မောင်ကတော့ သူမ Covid-19 ရောဂါရှိသူ အစ်မဖြစ်သူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ တူ၊တူမလေးတွေနဲ့အတူတူ Quarantine ဝင်နေရတာဖြစ်ပြီး ရီရီပွင့်ဖြူကတော့ သူမရဲ့ ချစ်သူနဲ့ မိသားစုအတွက် လိုအပ်တာတွေ မှန်သမျှ ဖြည့်စည်းပေးနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက သူမကိုယ်တိုင်လည်း Hotel Quarantine ဝင်နေရပြီဆိုတဲ့အကြောင်းကို ” I Aslo Q.. နောက်မှ အေးအေးဆေးဆေး သတင်းပို့ပါမယ်” ဆိုပြီး ခင်မင်ရင်းနှီးသူတွေနဲ့ ပရိသတ်တွေကို အသိပေးထားပါတယ်။
သူမကတော့ လက်ရှိမှာ မောင်ရဲ့ ၁၀ နှစ်ဝန်းကျင် တူလေးနဲ့ တူမလေး နဲ့အတူ Hotel Quarantine ဝင်ကာ စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အေးအတူ ပူအမျှ တာဝန်တွေကို အတူတကွ ယူတတ်ကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးကိုတော့ ပရိတ်သတ် အားလုံးက ချစ်ခင်ကာ ချီးကျူးစကား ပြောနေကြတာပါ။
ရီရီပွင့်ဖြူနဲ့တကွ မောင်တို့ မိသားစုအားလုံး ကျန်းကျန်းမာမာရှိနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
credit – sankyipar
  • Leave a Comment