ဆရာမကတပည့်လေးတွေကို မိဘများအားဟင်းတစ်မျိုးစီကိုယ်တိုင်ချက်ကျွေးပြီး ဓာတ်ပုံလေးပို့ပေးဖို့ပြောဆိုခဲ့ရာ ၁၀နှစ်အရွယ်ကျောင်းသားလေးတစ်ဦးက မိဘတွေကိုဟင်းအမျိုး၂၀အထိချက်ကျွေးခဲ့

လူကြီးသူမများ၏အဆိုအရမိမိတို့၏သားသမီးလေးတွေကိုအမှန်တကယ်ချစ်မြတ်နိုးသည်ဆိုပါက အလုပ်မျိုးစုံကိုခိုင်းစေဖို့ပြောဆိုကြပါတယ်။အမှန်တကယ်တွင်လည်းကလေးများကို ဘဝအတွေ့အကြုံများရရှိစေရန်စေခိုင်းသင့်သည်မှာအသေအချာပင်ဖြစ်ပါတယ်။

ယခုတွင်လည်း တရုတ်နိုင်ငံ Zhejiangမှစာသင်ကျောင်းတစ်ခုတွင် ဆရာမဖြစ်သူက၁၀နှစ်အရွယ်သာရှိသေးသည့်ကျောင်းသားကျောင်းသူလေးတွေကို ကျောင်းပိတ်ရက်၌မိဘများကိုဟင်းတစ်မျိုးစီချက်ကျွေးကြဖို့စေခိုင်းခဲ့ပါတယ်။

ထို့နောက်တွင်မိမိချက်ထားသည့်ဟင်းလေးကိုပုံရိုက်ပြီးဆရာမကိုပို့ပေးဖို့ပြောဆိုခဲ့ပါတယ်။ထိုအခါတွင်ကျောင်းသားလေးတစ်ဦးကတော့ ဟင်းအမျိုး၂၀ကိုမိဘတွေစားဖို့ချက်ကျွေးခဲ့ကြောင်း အမှန်တကယ်ချက်ပြုတ်နေသည့်ပုံများကိုပါပို့ပေးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories