၅ ႏွစ္အ႐ြယ္ကေလးနဲ႔အတူ သူကိုယ္တိုင္ ကိုဗစ္ကူးစက္ခံခဲ့ရတာေၾကာင့္ ေဆး႐ုံတက္ရေတာ့မယ့္အေၾကာင္း ေျပာခဲ့တဲ့ စိန္ၿဖိဳးလႈိင္

သ႐ုပ္ေဆာင္ေမာင္ကေတာ့ သူ႔ရဲ႕အစ္မအရင္းျဖစ္သူက Covid -19 ေရာဂါပိုးရွိေနတာေၾကာင့္ တူ၊ တူမေလးေတြနဲ႔အတူတူ Hotel Quarantine ဝင္ေနတာပဲ ျဖစ္ပါတယ္။ Covid -19 ရွိသူနဲ႔ ထိေတြ႕မႈရွိခဲ့တာေၾကာင့္ ေဆးစစ္ခဲ့ရတဲ့ စိန္ၿဖိဳးလႈိင္က ဒီကေန႔မွာေတာ့ သူ႔ရဲ႕ ေဆးစစ္ခ်က္အေျဖကို ပရိသတ္ေတြဆီ ေျပာလာပါတယ္။ ေဆးစစ္ခ်က္အေျဖကေတာ့ Positive ျဖစ္ၿပီး သူနဲ႔အတူတူ အိမ္သား (၄) ေယာက္ ပါ ေရာဂါပိုးရွိခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

စိန္ၿဖိဳးလႈိင္ ေျပာခဲ့တာကေတာ့ ” ကြၽန္ေတာ္တို႔စစ္ထားတဲ့အေျဖရပါၿပီ။ ကြၽန္ေတာ္ရယ္၊ ၅ႏွစ္ေလးရယ္၊ အိမ္အကူ ၃ ေယာက္ရယ္ Positive ျဖစ္ၿပီး၊ အႀကီး ႏွစ္ေယာက္ရယ္ ၈၆ ႏွစ္အဖြားရယ္က Negative ပါ။ ၁၀ ႏွစ္သားဝန္းက်င္ ကေလးႏွစ္ေယာက္နဲ႔ ၈၆ ႏွစ္အဖြားကို ဒီတိုင္းထားခဲ့လို႔မျဖစ္ႏိုင္လို႔ ရီရီ က Q လိုက္ဝင္ၿပီး ကေလးႏွစ္ေယာက္နဲ႔ေနေပးေနပါတယ္။

အငယ္ဆုံးေလးကို အေမရွိတဲ့ေတာင္ဥကၠလာေဆး႐ုံ လိုက္ပို႔ေပးလို႔ရေအာင္ကူညီေပးတဲ့ က်န္းမာေရးက အစ္ကိုေတြနဲ႔ သူငယ္ခ်င္းေတြကိုလဲေက်းဇူးအမ်ားႀကီးတင္ပါတယ္။ကြၽန္ေတာ္ကေတာ့ ဧရာဝတီစင္တာမွာ ေရာက္ေနပါၿပီ။ အားလုံးကေတာ့ က်န္းက်န္းမာမာပါပဲ။

အငယ္ေလးလဲ Positive ဆိုပင္မဲ့ အေမစီေရာက္သြားလို႔ စိတ္ေအးရပါၿပီ။အႀကီးႏွစ္ေယာက္လဲ အန္တီ အသစ္ေလးနဲ႔ အစဥ္ေျပေနတယ္ေျပာပါတယ္။ ” ဆိုကာ သူ႔ရဲ႕ ဆိုရွယ္မီဒီယာကေနတဆင့္ ေျဖၾကားခဲ့ပါတယ္။

ပရိတ္သတ္ႀကီးေရ ကပ္ေရာဂါမ်ားဟာ လက္ရွိမွာ ေသဆုံးမႈ မ်ားျပားေနၿပီး ကူးစက္ႏႈန္းလည္း ျမင့္တက္ေနတဲ့အတြက္ အားလုံးပဲ တတ္ႏိုင္သေ႐ြ႕ အိမ္မွာပဲ ေနကာ ကာကြယ္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

credit – sankyipar

Unicode

၅ နှစ်အရွယ်ကလေးနဲ့အတူ သူကိုယ်တိုင် ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ဆေးရုံတက်ရတော့မယ့်အကြောင်း ပြောခဲ့တဲ့ စိန်ဖြိုးလှိုင်

သရုပ်ဆောင်မောင်ကတော့ သူ့ရဲ့အစ်မအရင်းဖြစ်သူက Covid -19 ရောဂါပိုးရှိနေတာကြောင့် တူ၊ တူမလေးတွေနဲ့အတူတူ Hotel Quarantine ဝင်နေတာပဲ ဖြစ်ပါတယ်။ Covid -19 ရှိသူနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် ဆေးစစ်ခဲ့ရတဲ့ စိန်ဖြိုးလှိုင်က ဒီကနေ့မှာတော့ သူ့ရဲ့ ဆေးစစ်ချက်အဖြေကို ပရိသတ်တွေဆီ ပြောလာပါတယ်။ ဆေးစစ်ချက်အဖြေကတော့ Positive ဖြစ်ပြီး သူနဲ့အတူတူ အိမ်သား (၄) ယောက် ပါ ရောဂါပိုးရှိခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

စိန်ဖြိုးလှိုင် ပြောခဲ့တာကတော့ ” ကျွန်တော်တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျွန်တော်ရယ်၊ ၅နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် ၈၆ နှစ်အဖွားရယ်က Negative ပါ။ ၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့မဖြစ်နိုင်လို့ ရီရီ က Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့နေပေးနေပါတယ်။

အငယ်ဆုံးလေးကို အမေရှိတဲ့တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင်ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။

အငယ်လေးလဲ Positive ဆိုပင်မဲ့ အမေစီရောက်သွားလို့ စိတ်အေးရပါပြီ။အကြီးနှစ်ယောက်လဲ အန်တီ အသစ်လေးနဲ့ အစဉ်ပြေနေတယ်ပြောပါတယ်။ ” ဆိုကာ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် ဖြေကြားခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ကပ်ရောဂါများဟာ လက်ရှိမှာ သေဆုံးမှု များပြားနေပြီး ကူးစက်နှုန်းလည်း မြင့်တက်နေတဲ့အတွက် အားလုံးပဲ တတ်နိုင်သရွေ့ အိမ်မှာပဲ နေကာ ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

credit – sankyipar

  • Leave a Comment