ချစ်သူကောင်လေးဆီကနေ ပထမဆုံးအကြိမ်အဖြစ် နှင်းဆီပန်းစည်းလေးအား လက်ဆောင်ရခဲ့တာကြောင့် အပျော်လွန်ပြီး လက်ကမချနိုင်ဖြစ်နေသည့် မိန်းကလေး

မိန်းကလေးတိုင်းသည် ပန်းအလှများကို ကြိုက်နှစ်သက်ကြပြီး ကိုယ့်ရဲ့ချစ်သူ၊မိသားစု၊သူငယ်ချင်းတွေဆီကနေလည်း ပန်းစည်းလက်ဆောင်များရရှိပါက အရမ်းကိုကျေနပ်ပျော်ရွှင်လေ့ရှိကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် သွားလေရာနေရာတိုင်းနှင့် အလုပ်လုပ်သည့်အချိန်တိုင်း လက်တစ်ဖက်က ပန်းစည်းလေးကို မချပဲ လုပ်ကိုင်ပြုမူနေသောပုံရိပ်လေးသည် ရယ်စရာဖြစ်နေခဲ့သည်။

မိန်းကလေးသည် ရည်းစားတစ်ခါမှ မထားဖူးသည့်တိုင် လက်ဆောင်ပစ္စည်းများလည်း တစ်ခါမှမရဖူးတာကြောင့် ပထမဆုံးအကြိမ် ချစ်သူကောင်လေးရသွားသောအခါ ကောင်လေးမှလက်ဆောင်ပေးလိုက်သည့် နှင်းဆီပန်းစည်းလေးအား အပျော်လွန်ပြီး လက်ကမချနိုင်ဖြစ်သည်ထိ မြတ်နိုးတန်ဖိုးထားခဲ့သည်။

ထို့ကြောင့်ပဲ မိန်းကလေးသည် အိမ်သန့်ရှင်းရေး၊အဝတ်လျှော်၊ပန်းကန်ဆေးချိန်တွေမှာလည်း လက်တစ်ဖက်တည်းနဲ့ လုပ်ကိုင်ကာ ပန်းစည်းလေးကိုတော့ အမြတ်တနိုးကိုင်ဆောင်ထားခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories