ကောင်လေးကခြေနှစ်ဖက်မရှိပေမယ့် ၅လအကြာချိန်းတွေ့ခဲ့ကြပြီးနောက်မှာတော့ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့သော မိန်းကလေး

လောကကြီးတွင် ကိုယ်တကယ်ချစ်မိသွားပါက ထိုလူသည် ဘယ်လိုအခြေအနေ ဘယ်လိုပုံစံမျိုးပဲ ဖြစ်နေပါစေ ချစ်ခြင်းမေတ္တာမပြတ်ချစ်ပေးကြပြီး ဘယ်အရာကပဲ တားဆီးနေပါစေ ကျော်ဖြတ်နိုင်အောင် ကြိုးစားကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သမီးလေးက ချောမောလှပလွန်းပြီး သတို့သားကတော့ ခြေနှစ်ဖက်ပင်မရှိပဲ ဒုက္ခိတဘဝရောက်နေတာကြောင့် လူအများမှ ပြောဆိုဝေဖန်နေကြသည်။

သတို့သားဖြစ်သူသည် ငယ်စဥ်အရွယ်က ရောဂါတစ်ခုကြောင့် အသက်ဆက်ရှင်ရန်အတွက် ခြေထောက်နှစ်ဖက်ကို ဖြတ်ထုတ်လိုက်ရပြီး ကိုယ့်ကိုယ်ကို လူကြားထဲဝင်ဆံ့နိုင်အောင် ကြိုးစားနေထိုင်ခဲ့သည်။

သတို့သားလေးသည် ခြေနှစ်ဖက်မရှိပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရပ်တည်ခဲ့ပြီး ပရဟိတလုပ်ငန်းများစွာတွင်လည်း ပါဝင်ခဲ့ရာကနေ သတို့သမီးလေးနဲ့ တွေ့ဆုံကာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေဖွင့်ပြောပြရင်း ၅လကြာသည်ထိ လက်တွဲခဲ့ကြသည်။

သူတို့နှစ်ဦးသည် ချစ်သူသက်တမ်း ၅လအကြာမှာတင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး စိတ်ညစ်စရာကင်းဝေးကာ စိတ်လုံခြုံမှုရှိတာကြောင့် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ကြပေမယ့် အများက ဒုက္ခိတကောင်လေးကို လက်ထပ်သည့်မိန်းကလေးအား ဝေဖန်နေကြဆဲဖြစ်သည်။

Rain (For Ialinks)

Zawgyi







Rain (For Ialinks)

  • Leave a Comment

Categories