အလုပ်မျိုးစုံလုပ်ပြီးတော့ မိဘမဲ့ကလေး ၁၂၈ယောက်ကို ပြုစုပျိုးထောင်ပေးနေသော လေးစားဖွယ်ရာ အဖိုးအို

လောကကြီးတွင် သာမန်လူသားတို့အဖို့ အသက်မွေး၀မ်းကျောင်းပြုနေချိန် ကလေးတစ်ယောက်ရဲ့တာဝန်ကိုယူထားရသောသူများမှာ မလွယ်ကူလှပဲ အချို့သောမိဘတွေက သူတို့ရဲ့သားသမီးတွေကို မိဘမဲ့ဂေဟာသို့ ပို့တတ်ကြပြီး အချို့ကျတော့လည်း လမ်းဘေးတွင်သာစွန့်ပစ်တတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Giaပြည်နယ်တွင် နေထိုင်သော အသက်၆၀နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ထိုအသက်အရွယ်ထိ အိမ်ထောင်မပြုခဲ့ပဲ မိဘမဲ့ကလေးတွေကိုသာ ကျွေးမွေးစောင့်ရှောက်ရင်း သူ့ရဲ့ဘဝတစ်လုံးပုံအပ်ထားခဲ့သည်။

အဖိုးအိုသည် ငယ်စဥ်လေးတည်းက ဖခင်ဆုံးပါးသွားပြီး မိခင်ဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာသာ ကြီးပြင်းခဲ့ရကာ မိစုံဖစုံမနေရသောခံစားချက်ကိုသိရှိနေ၍ အရွယ်ရောက်လာသောအခါ အခြားသောမိဘမဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ စောင့်ရှောက်ပေးလိုစိတ်ရှိခဲ့သည်။

ထို့ကြောင့်ပဲ အဖိုးအိုသည် မိဘမဲ့ကလေးတွေကို ခေါ်ယူမွေးစားရင်း ကလေး ၁၂၈ယောက်နဲ့အတူ အေးချမ်းစွာနေထိုင်ရင်း ကလေးတွေရဲ့ စားစရိတ်၊အသုံးစရိတ်အတွက် သူကိုယ်တိုင်က အလုပ်မျိုးစုံရှာလုပ်ကာ တက္ကသိုလ်တက်နေသော ကလေး၁၃ယောက်ကိုလည်း ဘွဲ့ရသည်ထိ ထောက်ပံ့ပေးခဲ့သည်။

1

2

3

4

5

6

7

8

9

10

Rain (For Ialinks)

Zawgyi

အလုပ္မ်ိဳးစုံလုပ္ၿပီးေတာ့ မိဘမဲ့ကေလး ၁၂၈ေယာက္ကို ျပဳစုပ်ိဳးေထာင္ေပးေနေသာ ေလးစားဖြယ္ရာ အဖိုးအို

ေလာကႀကီးတြင္ သာမန္လူသားတို႔အဖို႔ အသက္ေမြး၀မ္းေက်ာင္းျပဳေနခ်ိန္ ကေလးတစ္ေယာက္ရဲ႕တာဝန္ကိုယူထားရေသာသူမ်ားမွာ မလြယ္ကူလွပဲ အခ်ိဳ႕ေသာမိဘေတြက သူတို႔ရဲ႕သားသမီးေတြကို မိဘမဲ့ေဂဟာသို႔ ပို႔တတ္ၾကၿပီး အခ်ိဳ႕က်ေတာ့လည္း လမ္းေဘးတြင္သာစြန္႔ပစ္တတ္ၾကသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ Giaျပည္နယ္တြင္ ေနထိုင္ေသာ အသက္၆၀ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦးသည္ ထိုအသက္အ႐ြယ္ထိ အိမ္ေထာင္မျပဳခဲ့ပဲ မိဘမဲ့ကေလးေတြကိုသာ ေကြၽးေမြးေစာင့္ေရွာက္ရင္း သူ႔ရဲ႕ဘဝတစ္လုံးပုံအပ္ထားခဲ့သည္။

အဖိုးအိုသည္ ငယ္စဥ္ေလးတည္းက ဖခင္ဆုံးပါးသြားၿပီး မိခင္ျဖစ္သူရဲ႕ေစာင့္ေရွာက္မႈေအာက္မွာသာ ႀကီးျပင္းခဲ့ရကာ မိစုံဖစုံမေနရေသာခံစားခ်က္ကိုသိရွိေန၍ အ႐ြယ္ေရာက္လာေသာအခါ အျခားေသာမိဘမဲ့ကေလးေတြကို ခ်စ္ျခင္းေမတၱာနဲ႔ ေစာင့္ေရွာက္ေပးလိုစိတ္ရွိခဲ့သည္။

ထို႔ေၾကာင့္ပဲ အဖိုးအိုသည္ မိဘမဲ့ကေလးေတြကို ေခၚယူေမြးစားရင္း ကေလး ၁၂၈ေယာက္နဲ႔အတူ ေအးခ်မ္းစြာေနထိုင္ရင္း ကေလးေတြရဲ႕ စားစရိတ္၊အသုံးစရိတ္အတြက္ သူကိုယ္တိုင္က အလုပ္မ်ိဳးစုံရွာလုပ္ကာ တကၠသိုလ္တက္ေနေသာ ကေလး၁၃ေယာက္ကိုလည္း ဘြဲ႕ရသည္ထိ ေထာက္ပံ့ေပးခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories