ညီမဖြစ်သူကို သင်္ချာသင်ပေးရင်းက ရှင်းပြတာကိုနားမလည်ဘဲ ထုံထုံအအဖြစ်နေသည့်အတွက် စိတ်ဆိုးဒေါသထွက်လာပြီး ဝမ်းနည်းစွာအော်ငိုနေခဲ့သည့် အသက်၁၂နှစ်အရွယ်အကို၏အဖြစ်

ညီအကိုမောင်နှမတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်အလိုမကျမှုတွေဖြင့် အမြဲတမ်းမတည့်ရန်ဖြစ်နေကြသူတွေဖြစ်ပါတယ်။ယခုသီတင်းပတ်အစောပိုင်းတွင် တရုတ်နိုင်ငံ Liaoningပြည်နယ်မှ မစ္စZhongဆိုသည့်မိခင်တစ်ဦးသည် သူမ၏ သားနှင့်သမီးတို့၏ အဖြစ်ကိုဝေမျှပြောဆိုလာခြင်းဖြစ်ပါတယ်။

အသက်၁၂ နှစ်အရွယ်အကိုဖြစ်သူက ၉နှစ်အရွယ်ညီမလေးကို သင်္ချာဘာသာအား သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ထိုအခါအစပိုင်းတွင် အဆင်ပြေခဲ့သော်လည်း အချိန်အနည်းငယ်ကြာသောအခါ ညီမဖြစ်သူက အကိုသင်ပေးတာကို သေချာနားမထောင်ဘဲ ဘာမှမသိသည့် ထုံထုံအအပုံစံဖြစ်နေခဲ့သောအခါ အကိုက စိတ်မရှည်တော့ဘဲ စိတ်ဆိုးဒေါသထွက်လာပြီး ငိုချလိုက်ပါတော့တယ်။

ညီမဖြစ်သူကလည်း အကိုကငိုနေသောအခါ ဦးခေါင်းကိုငုံ့ပြီး လိုက်ငိုနေခဲ့တော့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories