ခြေနှစ်ဖက်သာကျန်တော့ပေမယ့် သူမရဲ့ကလေးတွေကို ဂရုစိုက်ကြင်နာကာ အစာရှာကျွေးနေသော မိခင်ခွေးမကြီး

လူသားတို့မှာဖြစ်ဖြစ် တိရစ္ဆာန်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးတွေအပေါ်မှာ ထားရှိသော မေတ္တာတရားသည် အလွန်ကြီးမားပြီး နှိုင်းယှဉ်စရာမရှိရက်လေအောင် နက်ရှိူင်းလွန်းလှသည်။

ယခုတွင်လည်း တရုတ်နိုင်ငံမှ ခွေးမကြီးတစ်ကောင်သည် ရထားဘူတာရုံနားမှာ တဝဲဝဲလည်လည်နဲ့ ဖြတ်သွားဖြတ်လာသူတွေဆီကနေ အစာလိုက်တောင်းပြီး မစားပဲ သူမရဲ့ကလေးတွေဆီ သယ်ပြန်သွားလေ့ရှိသည်။

ခွေးမကြီးသည် တစ်ချိန်က ချမ်းသာသောမိသားစုဆီမှာ မွေးစားခံရပြီး ကံမကောင်းစွာဖြင့် ထိုမိသားစုတွေက တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့သွားသောအခါ သူမအားထားရစ်ခဲ့တာကြောင့် လမ်းဘေးခွေးလေခွေးလွင့်ဘဝကို ရောက်သွားခဲ့ရသည်။

ခွေးမကြီးသည် လမ်းဘေးမှာနေရတာ ကျင့်သားမရသေးတာကြောင့် ကားတစ်စီးနဲ့ဝင်တိုက်မိပြီး နောက်ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားကာ ကံကောင်းစွာဖြင့် အသက်မသေခဲ့ပေမယ့် ဒုက္ခိတဘဝကို ရောက်သွားခဲ့ရပြန်သည်။

ခွေးမကြီးသည် နေပြန်ကောင်းလာသည့်အခါ သူမရဲ့ကလေးလေးတွေကို မျက်စိအောက်ကအပျောက်မခံပဲ အရိပ်တကြည့်ကြည့်နဲ့ ကျွေးမွေးစောင့်ရှောက်ပေးနေခြင်းဖြင့် မိခင်တစ်ဦးရဲ့ မေတ္တာတရားကြီးမားပုံကို ထင်ပေါ်စေခဲ့သည်။

Rain (For Ialinks)

Zawgyi

ေျခႏွစ္ဖက္သာက်န္ေတာ့ေပမယ့္ သူမရဲ႕ကေလးေတြကို ဂ႐ုစိုက္ၾကင္နာကာ အစာရွာေကြၽးေနေသာ မိခင္ေခြးမႀကီး

လူသားတို႔မွာျဖစ္ျဖစ္ တိရစာၦန္မွာပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕သားသမီးေတြအေပၚမွာ ထားရွိေသာ ေမတၱာတရားသည္ အလြန္ႀကီးမားၿပီး ႏႈိင္းယွဥ္စရာမရွိရက္ေလေအာင္ နက္ရွိူင္းလြန္းလွသည္။

ယခုတြင္လည္း တ႐ုတ္ႏိုင္ငံမွ ေခြးမႀကီးတစ္ေကာင္သည္ ရထားဘူတာ႐ုံနားမွာ တဝဲဝဲလည္လည္နဲ႔ ျဖတ္သြားျဖတ္လာသူေတြဆီကေန အစာလိုက္ေတာင္းၿပီး မစားပဲ သူမရဲ႕ကေလးေတြဆီ သယ္ျပန္သြားေလ့ရွိသည္။

ေခြးမႀကီးသည္ တစ္ခ်ိန္က ခ်မ္းသာေသာမိသားစုဆီမွာ ေမြးစားခံရၿပီး ကံမေကာင္းစြာျဖင့္ ထိုမိသားစုေတြက တစ္နယ္တစ္ေက်းသို႔ ေျပာင္းေ႐ႊ႕သြားေသာအခါ သူမအားထားရစ္ခဲ့တာေၾကာင့္ လမ္းေဘးေခြးေလေခြးလြင့္ဘဝကို ေရာက္သြားခဲ့ရသည္။

ေခြးမႀကီးသည္ လမ္းေဘးမွာေနရတာ က်င့္သားမရေသးတာေၾကာင့္ ကားတစ္စီးနဲ႔ဝင္တိုက္မိၿပီး ေနာက္ေျခေထာက္ႏွစ္ဖက္လုံး ဆုံးရႈံးသြားကာ ကံေကာင္းစြာျဖင့္ အသက္မေသခဲ့ေပမယ့္ ဒုကၡိတဘဝကို ေရာက္သြားခဲ့ရျပန္သည္။

ေခြးမႀကီးသည္ ေနျပန္ေကာင္းလာသည့္အခါ သူမရဲ႕ကေလးေလးေတြကို မ်က္စိေအာက္ကအေပ်ာက္မခံပဲ အရိပ္တၾကည့္ၾကည့္နဲ႔ ေကြၽးေမြးေစာင့္ေရွာက္ေပးေနျခင္းျဖင့္ မိခင္တစ္ဦးရဲ႕ ေမတၱာတရားႀကီးမားပုံကို ထင္ေပၚေစခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories