လူကြိုက်များတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကောင်တွေကို AI နည်းပညာအသုံးပြုပြီး ကလေးအဖြစ်သို့ ပြောင်းလဲခဲ့သူ

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေလိုချင်တဲ့အရာတွေကို အလွယ်တကူဖန်တီးပြုလုပ်လာနိုင်တာဖြစ်ပြီး တစ်ခုတည်းသော လိုအပ်တဲ့အရာကတော့ စိတ်ကူးစိတ်သန်း အိုင်ဒီယာပဲ ဖြစ်ပါတယ်။ သင့်ဆီမှာ သူများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိနေရုံနဲ့ ဘာမဆိုဖြစ်လာနိုင်တဲ့လောကကြီးပဲဖြစ်ပါတယ်။

‘Hardhead1110’ ဟု အမည်ပြောင်ဖြင့် လူသိများတဲ့ Reddit အသုံးပြုသူ Trevor Elliott ဟာ အရမ်းကိုချစ်စရာကောင်းတဲ့ အိုင်ဒီယာတစ်ခုကို လက်တွေ့ အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုက အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး လူကြိုက်များတဲ့ဖန်တီးမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ Trevor ဟာ AI နည်းပညာကိုအသုံးပြုပြီး ‘Harry Potter’, ‘Lord of the Rings’, ‘Star Wars’ နဲ့ တခြားသော နာမည်ကြီး ဇာတ်ကားတွေထဲက ဇာတ်ကောင်အချို့ကို ငယ်ဘဝကလေးပုံစံဖြင့် ပြန်လည်ဖန်တီးပုံဖော်ခဲ့ပါတယ်။

သူ့ရဲ့ဖန်တီးမှုနဲ့ပတ်သက်ပြီး Trevor က “Baby Legolas က ကျွန်တော်ဖန်တီးခဲ့တဲ့ ပထမဆုံးဇာတ်ကောင်တွေထဲက တစ်ခုပါ ကျွန်တော်ဖန်တီးလိုက်တဲ့ ပုံရိပ်ပေါ်လာတော့ ပရောဂျက်ကို ပြီးအောင်ဆက်လုပ်ရမယ်ဆိုတာကို ချက်ချင်းသဘောပေါက်လိုက်တယ် အရမ်းအံ့သြစရာကောင်းပြီး အရမ်းချစ်ဖို့ကောင်းတယ် အင်တာနက်ပေါ်မတင်ခင်မှာ သူငယ်ချင်းနဲ့ မိသားစုတွေကို ပြခဲ့တယ် ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အကူအညီတချို့ရခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Credit-SHWEMOM

Zawgyi




Credit-SHWEMOM

  • Leave a Comment

Categories