





credit – Myanmarload

Unicode

အရမ်းချစ်ရတဲ့ခင်ပွန်းရဲ့ မွေးနေ့လေးမှာ ပျော်စရာအမှတ်တရပုံရိပ်လေးတွေနဲ့ ဆုတောင်းပေးလိုက်တဲ့ မင်းဦးရဲ့ချစ်ဇနီးလေး

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းဦးကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ရင်း ချစ်ရတဲ့ဇနီးချောနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေတာဖြစ်ပါတယ်။မင်းဦးတို့ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး နားလည်မှုအပြည့်ရှိကြလို့ သာယာလှပတဲ့အိမ်ထောင်ရေးလေးဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းဦးရဲ့ဇနီးလေးက ချစ်ခင်ပွန်းအတွက် မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်နော်။

မင်းဦးရဲ့ဇနီးချောက”အနုပညာနှင့် ပတ်သက်ပြီး ဘာလေးပဲလုပ်လုပ်အောင်မြင်စေချင်ပါတယ် ဘာသာရေးနှင့် ပတ်သက်ပြီးလည်း တရားထူးတွေ ရစေချင်ပါတယ် အပြင်ပန်းကြည့်ရင် မာနကြီးပြီး တည့်တိုးပြောတတ်လို့ (သူများတွေတစ်မျိုးမြင်ပေမယ့်)မည့်သူအပေါ်မှာမှ မကောင်းတဲ့စိတ်ထားမရှိဘဲ လူတိုင်းအပေါ်စေတနာထား အကောင်းဖြစ်စေချင်သူ မိဘကိုလည်း သိတတ်လိမ္မာသလို၊သူငယ်ချင်းဆိုရင်လည်း အင်မတန်ချစ်တတ်သောသူ”

“မိန်းမကိုလဲ ဒီထက်ပိုချစ်၊ပိုအလိုလိုက်နိုင်ပါစေလို့ဆုတောင်းပေးရင်း မွေးနေ့တိုင်းမှာ ချစ်သောသူများနှင့် အတူတူဖြတ်သန်းနိုင်ပါစေ Happy birthday My husband (အသက်ရှည် ကျန်းမာပြီး လိုချင်တာ ဖြစ်ချင်တာတွေ အမြန်ဆုံး ဖြစ်ပါစေလို့ )”ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ အရမ်းချစ်ရတဲ့ခင်ပွန်းအတွက် မွေးနေ့ဆုမွန်ကောင်း‌လေးရေးသားထားတာဖြစ်ပါတယ်နော်။

Photo Credit:Khine W Thu

credit – Myanmarload

  • Leave a Comment