မုန္႔ဟင္းခါးေရာင္းဖို႔ အရင္းျပဳတ္သြားၿပီျဖစ္ေၾကာင္း စိတ္မေကာင္းစြာမွ်ေဝလာတဲ့ ရဲေလးမ

ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္ျဖစ္တဲ့ ရဲေလးမကေတာ့ ႐ုပ္ရွင္၊ဗြီဒီယိုဇာတ္ကားေပါင္းမ်ားစြာနဲ႔ ပရိသတ္ဘဝအေမာေတြ ေျဖေဖ်ာက္ေစႏိုင္ခဲ့သူပါ။ ကိုဗစ္ကာလ ႐ိုက္ကူးေရးေတြရပ္နားလိုက္ကတည္းက ဘဝရပ္တည္ေရးအတြက္ မုန္႔ဟင္းခါးေရာင္းခ်ေနသူျဖစ္ၿပီး (၇) ရက္သား၊သမီးေတြ အားေပးလို႔ ရလာတဲ့ပိုက္ဆံေတြကိုလည္း တတ္ႏိုင္သေလာက္ ျပန္လည္လႉဒါန္းေပးေနသူပါ။

ေစတနာအျပည့္နဲ႔ခ်က္ေရာင္းတဲ့ ရဲေလးမရဲ႕မုန္႔ဟင္းခါးကေတာ့ စားသုံးသူေတြၾကားမွာ နာမည္ႀကီးေနၿပီး လတ္တေလာမွာေတာ့ ရဲေလးမတစ္ေယာက္ မႏၲေလးၿမိဳ႕မွာမုန္႔ဟင္းခါး ေအာ္ဒါေကာက္ကာ လိုက္လံပို႔ေဆာင္ၿပီး ေရာင္းခ်ေပးေနပါတယ္။ ဒါေပမယ့္ မေန႔ကေတာ့ “ကံမေကာင္းဘူး အရင္းျပဳတ္ၿပီ… ဘယ္တတ္ႏိုင္မလဲ… ကိုယ့္ရဲ႕ကံေပါ့ေလ” ဆိုတဲ့စာသားေလးနဲ႔ အရင္းျပဳတ္သြားၿပီျဖစ္ေၾကာင္း စိတ္မေကာင္းစြာ မွ်ေဝလာပါတယ္။

ရဲေလးမကေတာ့ မုန္႔ဟင္းခါးခ်က္လာတဲ့ တေလွ်ာက္မွာ တစ္ခါမွအဲ့လိုမျဖစ္ဘူးေပမယ့္ မေန႔ကေတာ့ လိုက္ပို႔တဲ့မုန္႔ဟင္းခါးေတြအကုန္ ခ်ဥ္ကုန္တာေၾကာင့္ အရင္းျပဳတ္သြားခဲ့ေၾကာင္း မွ်ေဝလာတာပါ။ အႏုပညာရွင္တခ်ိဳ႕ကေတာ့ ရဲေလးမကို စိတ္မေလွ်ာ့ဘဲ ေနာက္ေန႔ေတြအမ်ားႀကီးေရာင္းရဖို႔ အားေပးစကားေျပာခဲ့ပါတယ္.. ေနာက္ေန႔ေတြအမ်ားႀကီးေရာင္းရၿပီး ဆုံးရႈံးသြားတာေတြ ျပန္အဖတ္ဆယ္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ရဲေလးမေရ..

Source – Ye Lay Ma
credit – Cele Gabar

Unicode

မုန့်ဟင်းခါးရောင်းဖို့ အရင်းပြုတ်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာမျှဝေလာတဲ့ ရဲလေးမ

ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ဘဝအမောတွေ ဖြေဖျောက်စေနိုင်ခဲ့သူပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေရပ်နားလိုက်ကတည်းက ဘဝရပ်တည်ရေးအတွက် မုန့်ဟင်းခါးရောင်းချနေသူဖြစ်ပြီး (၇) ရက်သား၊သမီးတွေ အားပေးလို့ ရလာတဲ့ပိုက်ဆံတွေကိုလည်း တတ်နိုင်သလောက် ပြန်လည်လှူဒါန်းပေးနေသူပါ။

စေတနာအပြည့်နဲ့ချက်ရောင်းတဲ့ ရဲလေးမရဲ့မုန့်ဟင်းခါးကတော့ စားသုံးသူတွေကြားမှာ နာမည်ကြီးနေပြီး လတ်တလောမှာတော့ ရဲလေးမတစ်ယောက် မန္တလေးမြို့မှာမုန့်ဟင်းခါး အော်ဒါကောက်ကာ လိုက်လံပို့ဆောင်ပြီး ရောင်းချပေးနေပါတယ်။ ဒါပေမယ့် မနေ့ကတော့ “ကံမကောင်းဘူး အရင်းပြုတ်ပြီ… ဘယ်တတ်နိုင်မလဲ… ကိုယ့်ရဲ့ကံပေါ့လေ” ဆိုတဲ့စာသားလေးနဲ့ အရင်းပြုတ်သွားပြီဖြစ်ကြောင်း စိတ်မကောင်းစွာ မျှဝေလာပါတယ်။

ရဲလေးမကတော့ မုန့်ဟင်းခါးချက်လာတဲ့ တလျှောက်မှာ တစ်ခါမှအဲ့လိုမဖြစ်ဘူးပေမယ့် မနေ့ကတော့ လိုက်ပို့တဲ့မုန့်ဟင်းခါးတွေအကုန် ချဉ်ကုန်တာကြောင့် အရင်းပြုတ်သွားခဲ့ကြောင်း မျှဝေလာတာပါ။ အနုပညာရှင်တချို့ကတော့ ရဲလေးမကို စိတ်မလျှော့ဘဲ နောက်နေ့တွေအများကြီးရောင်းရဖို့ အားပေးစကားပြောခဲ့ပါတယ်.. နောက်နေ့တွေအများကြီးရောင်းရပြီး ဆုံးရှုံးသွားတာတွေ ပြန်အဖတ်ဆယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ရဲလေးမရေ..

Source – Ye Lay Ma
credit – Cele Gabar

  • Leave a Comment