ကျောင်းတက်နေရင်း စာသင်ခန်းထဲတွင် ခေါက်မုန့်လေးတွေရောင်းပြီး ပိုက်ဆံရှာနေသည့်အပြင် ကျောင်းပိတ်ရက်များတွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသေးသည့် ကျောင်းသားလေး

မပြည့်စုံသော ဘဝမှကြီးပြင်းလာရသော လူငယ်များသည် ဘဝတိုးတက်စေရေးအတွက် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ရမည်ဆိုတာကို ကောင်းစွာသဘောပေါက်ကြပါတယ်။ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံ Lagunaရှိ ၁၆နှစ်အရွယ် အထက်တန်းကျောင်းသားလေး Nico Vergaraသည် ကျောင်းတက်နေရင်းပင် ခေါက်မုန့်လေးတွေရောင်းပြီး ပိုက်ဆံရှာနေခဲ့သည်။

ကျောင်းသားလေး၏ မိခင်သည် ဆော်ဒီအာရေဗျနိုင်ငံတွင် အိမ်အကူအနေဖြင့် အလုပ်သွားလုပ်နေရပြီး သူ၏ဖခင်ကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေပါတယ်။ထို့ကြောင့် ကျောင်းသားလေးဟာ ကျောင်းပိတ်ရက်များတွင်လည်း ဖခင်နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းတွင် သွားရောက်အလုပ်လုပ်ကိုင်သေးတာဖြစ်ပါတယ်။

ကျောင်းသားလေး၏ ဘဝအဆင်မပြေမှုတွေကြောင့် ကြိုးစားနေပုံဟာ လူငယ်တိုင်းအတွက် အတုယူစရာဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories