ကလေးအမေလို့မထင်ရသည့်အတွက် ချစ်ရေးဆိုသူများတန်းစီနေသော်လည်း ခင်ပွန်းဟောင်းဆီကနေရရှိခဲ့သော သင်ခန်းစာတွေကြောင့် ယောကျာ်းထပ်မယူဖို့ဆုံးဖြတ်ထားသည့် မိန်းကလေး

အချို့သောလူငယ်များအဖို့ အိမ်ထောင်ပြုခြင်းသည် လွယ်ကူပြီး တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တော့သည့်အခါ လွယ်လွယ်ကူကူနဲ့ပဲ ပြတ်စဲကွာရှင်းကြ၍ အိမ်ထောင်ပြုသည့်အခါ သေချာစဥ်းစားစိစစ်ဖို့လိုအပ်သည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိဘစကားနားမထောင်ပဲ ကျောင်းတက်နေရင်းနဲ့ကို ယောကျာ်းယူခဲ့ရာ အဆုံးသတ်က မလှမပဖြစ်ခဲ့ပြီး ဝမ်းနည်းကြေကွဲစေခဲ့သည်။

ခင်ပွန်းဖြစ်သူသည် သူမနဲ့အိမ်ထောင်ကျသောအခါ သိပ်ဂရုမစိုက်တော့ပဲ အပြင်မှာပဲအရက်ထွက်သောက်ပြီး သူမကိုယ်ဝန်ရှိလာချိန်မှာလည်း အရင်လိုမလှတော့လို့ဟု အပြစ်ရှာကာ သူမအားကိုယ်ဝန်ကြီးနဲ့ ထားသွားခဲ့သည်။

ထိုအချိန် မိန်းကလေးခမျာ စိတ်ဓာတ်တွေအရမ်းကျခဲ့ရပြီး အားကိုးစရာမိဘတွေရဲ့အိမ်သာပြန်၍ ကလေးကိုမီးဖွားပြီး ၂နှစ်လောက်အကြာမှာတော့ ချောမောလှပသူအဖြစ်ပြောင်းလဲကာ စီးပွားရေးတွင်လည်း အောင်မြင်အောင်ကြိုးစားခဲ့သည်။

မိန်းကလေးသည် ကလေးတစ်ယောက်အမေလို့ပင်မထင်ရပဲ နုပျိုချောမောမှုတို့ကြောင့် ကောင်လေးအများစုရဲ့ရည်းစားစကားလိုက်ပြောခြင်းကိုခံရပြီး အချို့ကျတော့လည်း လက်ထပ်ဖို့ထိတောင်းဆိုလာခဲ့ပေမယ့် ခင်ပွန်းဟောင်းရဲ့လုပ်ရပ်ကြောင့် သင်ခန်းစာတစ်ခုအဖြစ်မှတ်ယူကာ သမီးလေးနဲ့သာကြင်ဖော်မဲ့မိခင်အဖြစ် နေထိုင်သွားဖို့စိတ်ကူးရှိပြီး ငြင်းဆန်ခဲ့သည်။

Rain (For Ialinks)

Zawgyi







Rain (For Ialinks)

  • Leave a Comment

Categories