ရေအောက်မှာရိုက်ထားတယ်လို့ မထင်ရလောက်အောင်ကို ကြည်လင်ရှင်းတောက်နေတဲ့ ရေအောက်ဓာတ်ပုံများ

“Underwater Photography: Pictures, but wet” ဟုအမည်ပေးထားတဲ့ Reddit အသိုင်းအဝိုင်းအဖွဲ့ဝင် ဓာတ်ပုံဝါသနာရှင်တွေကနေ ရေထဲတွင်ရိုက်ကူးထားတဲ့ ရင်သပ်ရှုမောဖွယ်ရာ ဓာတ်ပုံတချို့ကို မျှဝေထားခဲ့ကြတာ ဖြစ်ပါတယ်။ ယခုတွင် အဖွဲ့ဝင်ပေါင်း 19k ကျော်ရှိတဲ့ ဒီအဖွဲ့ဟာ လူတွေမြင်တွေ့ဖို့ခက်ခဲလှတဲ့ သဘာဝတရားတွေကို ဖမ်းယူရိုက်ကူးရန် ကြိုးပမ်းမှုတွေ၊ သတ္တိရှိတဲ့ ရေငုပ်သမားတွေနဲ့ မြင်တွေ့ရခဲတဲ့ ရေအောက်သတ္တဝါတွေရဲ့ ရင်သပ်ရှုမောဖွယ်ပုံရိပ်တွေကို မျှဝေပေးထားတာပါ။

ရေအောက်ကမ္ဘာရဲ့ မမြင်ရတဲ့အခိုက်အတန့်တွေကို စူးစမ်းလေ့လာပြီး ဓာတ်ပုံရိုက်ကူးလိုတဲ့ဆန္ဒဖြင့် စတင်ခဲ့တဲ့ ဒီပရောဂျက်ဟာ အခုအခါမှာတော့ လူတွေရဲ့ပုံတွေ၊ မင်္ဂလာဆောင် ဒါမှမဟုတ် အခမ်းအနားဓာတ်ပုံတွေမှာ ပုံမှန်မဟုတ်တဲ့ နောက်ခံအဖြစ် နက်နဲတဲ့ရေအောက်တွင် ရိုက်ကူးထားတာတွေကိုပါ ဝေမျှလာခဲ့ကြပါတယ်။ ရေအောက်ဓာတ်ပုံပညာကို စိတ်ဝင်စားပြီး ဘယ်လိုစရမှန်းမသိတဲ့သူတွေအတွက် ရေအောက်ဓာတ်ပုံရိုက်နည်း လမ်းညွှန်ကဲ့သို့ သီးသန့်ဆိုက်တွေကို ဖော်ပြပေးထားပြီး အသုံးဝင်တဲ့အကြံဉာဏ်တွေနဲ့ လှည့်ကွက်တွေကိုလည်း ဖော်ပြပေးထားကြပါတယ်။

ဒါပေမယ့် ရေအောက်တွင် ဓာတ်ပုံရိုက်ကူးခြင်းက တကယ့်ကိုမလွယ်ကူဘဲ အန္တရာယ်ကင်းစေမယ့် နည်းလမ်းတွေကို သိထားဖို့လိုအပ်တာ ဖြစ်ပါတယ်။ ရေအောက်တွင်ဓာတ်ပုံစတင်ရိုက်ကူးမယ့် သူတွေအနေနဲ့ ရေအောက်တွင် မရိုက်ကူးခင်မှာ မြေပြင်ပေါ်တွင် ဦးစွာလေ့ကျင့်ပြီး မှန်ကန်တဲ့ရိုက်ချက်တစ်ခုကို အရင်ဆုံးလေ့လာရန် အကြံပြုထားပါတယ်။ ရေအောက်ဓာတ်ပုံရိုက်ကူးခြင်းဟာ ဓာတ်ပုံဆရာတွေအတွက် သူတို့ရဲ့စက်ပစ္စည်းတွေကို လေ့လာရန်နဲ့ အကောင်းဆုံးရလဒ်များရရှိရန် မှန်ကန်တဲ့ဆက်တင်တွေကို သိရှိနိုင်ဖို့ စိန်ခေါ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

1

2

3

4

5

6

7

Credit-SHWEMOM

photos from reddit

  • Leave a Comment

Categories