credit – sylvideo
Unicode
ငယ်ငယ်ကတည်းက ကွဲကွာသွားတဲ့ ညီမလေးနဲ့ ပတ်သတ်ပြီး ရင်ဖွင့်ပြောပြလာတဲ့ မြန်မာအိုင်ဒေါက တန်ခွန်ကျော်
မင်္ဂလာပါပရိသတ်ကြီးရေ..Myanmar Idolအဆိုပြိုင်ပွဲကနေ လူသိများကျော်ကြားလာခဲ့တယ့် အဆိုတော်တန်ခွန်ကျော်ကိုတော့ အားလုံးသိကြလိမ့်မယ်လို့ထင်ပါတယ်။အဆိုတော် တန်ခွန်ကျော်ဟာ အသံကြည်ကြည်လေးနဲ့ ပရိသတ်တွေရဲ့အသဲကိုဖမ်းစားထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အခုလက်ရှိအချိန်မှာလည်း သူရဲ့အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေပြီး သူရဲ့အိမ်မက်အတွက် ဆက်လက်လျှောက်လှမ်းနေတာလည်းဖြစ်ပါတယ်။
တန်ခွန်ကျော်ကတော့ မကြာသေးခင်အချိန်များကမှ သူ့ရဲ့ညီမဖြစ်သူကို ချပြလာခဲ့တာပါ တန်ခွန်ကျော်က ငယ်စဉ်ကတည်းက ကွဲကွာသွားရတဲ့ ညီမလေးရဲ့အကြောင်းကို အခုလို ပြောပြလာခဲ့ပါတယ်
” ကျွန်တော်တို့ မောင်နှမတွေက ငယ်ငယ်ကတည်းက ကွဲသွားကြတာ။ မိဘကံမကောင်းကြဘူး။ အဖေက ဆုံးသွားတယ်။ ညီမလေးအပေါ်မှာ အစ်ကိုတစ်ယောက်အနေနဲ့ ဘာမှတာဝန်မကျေသေးဘူး ” လို့ဆိုလာခဲ့တာပါ
ဆက်လက်ပြီး တန်ခွန်ကျော်က “ကျွန်တော်တို့ကငယ်စဉ်ကတည်းက သူကစစ်ကိုင်းရောက်သွားပြီးခွဲနေရတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းသံယောဇဉ်ရှိတယ် သူစိတ်ညစ်တဲ့အခါဆိုရင်လည်း ကျွန်တော်နားထောင်ပေးတယ် ဒါပေမယ့်အခုထိ ကျွန်တော်သူ့အတွက်ဘာမှမလုပ်ပေးနိုင်သေးဘူး” လို့ ပြောပြလာခဲ့တာပါ ပရိသတ်ကြီးရေ
တန်ခွန်ကျော်ကတော့ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ရတဲ့ ညီမလေးရဲ့အကြောင်းရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော် တန်ခွန်ကျော်အတွက်အားပေးစကားလေး ပြောခဲ့ကြပါအုန်း ပရိသတ်ကြီးရေ
credit – sylvideo
  • Leave a Comment