ကေလးႏွစ္ေယာက္ေမေမျဖစ္တာေတာင္ လွေနဆဲျဖစ္ၿပီး သမီးေခ်ာေလးေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါးကေနတဲ့ ဇူးဇူးေမာင္ရဲ႕ဗီဒီယို

မင္းသမီးေခ်ာေလး ဇူးဇူးေမာင္ကိုေတာ့ ပရိသတ္ေတြက အခုခ်ိန္အထိတိုင္ေအာင္ သတိတရနဲ႔ အားေပးေနၾကဦးမယ္ ထင္ပါတယ္ေနာ္။ သ႐ုပ္ေဆာင္မင္းသမီးႀကီး ေမသန္းႏုရဲ႕တူမေခ်ာေလးျဖစ္တဲ့ ဇူးဇူးေမာင္က အခ်ိန္အေတာ္ၾကာေအာင္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ခဲ့သူေလး ျဖစ္ပါတယ္ ။ ဒါေပမယ့္ လက္ရွိမွာေတာ့ ဇူးဇူးေမာင္က အႏုပညာအလုပ္ေတြကိုရပ္နားထားၿပီး ကိုယ္ပိုင္မိသားစုဘဝေလးမွာသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ေနတာ ျဖစ္ပါတယ္ ။

ဇူးဇူးေမာင္က ခ်စ္ရတဲ့ခင္ပြန္း၊သမီးေလးေတြနဲ႔အတူ ႏိုင္ငံျခားမွာပဲ အေျခခ်ေနထိုင္ေနတာျဖစ္ၿပီး တစ္ခါတေလမွာေတာ့ ျမန္မာႏိုင္ငံကို ျပန္လာေလ့ရွိတာ ျဖစ္ပါတယ္။ ဇူးဇူးေမာင္က သူမနဲ႔ သမီးေလးေတြရဲ႕လႈပ္ရွားမႈေတြကိုေတာ့ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ အၿမဲမွ်ေဝေပးေလ့ရွိတာ ျဖစ္ပါတယ္ ။ အခုလည္း ဇူးဇူးေမာင္က ခ်စ္စရာေကာင္းတဲ့သမီးေခ်ာေလးႏွစ္ေယာက္နဲ႔အတူ Tik Tok ကစားျပထားတာပဲ ျဖစ္ပါတယ္ ။

ဇူးဇူးေမာင္က ဘိုမ႐ုပ္ေလးေတြလို႔ေတာင္ ထင္မွတ္ရတဲ့ သမီးေခ်ာေလးေတြကို ပိုင္ဆိုင္ထားရတာလည္း ျဖစ္ပါတယ္ ။ ကေလးေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါးကေနတဲ့ ဇူးဇူးေမာင္ကေတာ့ ကေလးႏွစ္ေယာက္အေမျဖစ္သြားတာေတာင္ အ႐ြယ္တင္ၿပီး ႏုဖတ္လွပေနဆဲ ျဖစ္ပါတယ္ ။ ကဲ မင္းသမီးေခ်ာေလး ဇူးဇူးေမာင္နဲ႔သမီးေလးေတြရဲ႕ခ်စ္စရာ Tik Tok Video ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Video Credit-Nguchang

credit -Myanmarload

Unicode

ကလေးနှစ်ယောက်မေမေဖြစ်တာတောင် လှနေဆဲဖြစ်ပြီး သမီးချောလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးကနေတဲ့ ဇူးဇူးမောင်ရဲ့ဗီဒီယို

မင်းသမီးချောလေး ဇူးဇူးမောင်ကိုတော့ ပရိသတ်တွေက အခုချိန်အထိတိုင်အောင် သတိတရနဲ့ အားပေးနေကြဦးမယ် ထင်ပါတယ်နော်။ သရုပ်ဆောင်မင်းသမီးကြီး မေသန်းနုရဲ့တူမချောလေးဖြစ်တဲ့ ဇူးဇူးမောင်က အချိန်အတော်ကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိမှာတော့ ဇူးဇူးမောင်က အနုပညာအလုပ်တွေကိုရပ်နားထားပြီး ကိုယ်ပိုင်မိသားစုဘဝလေးမှာသာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။

ဇူးဇူးမောင်က ချစ်ရတဲ့ခင်ပွန်း၊သမီးလေးတွေနဲ့အတူ နိုင်ငံခြားမှာပဲ အခြေချနေထိုင်နေတာဖြစ်ပြီး တစ်ခါတလေမှာတော့ မြန်မာနိုင်ငံကို ပြန်လာလေ့ရှိတာ ဖြစ်ပါတယ်။ ဇူးဇူးမောင်က သူမနဲ့ သမီးလေးတွေရဲ့လှုပ်ရှားမှုတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ဇူးဇူးမောင်က ချစ်စရာကောင်းတဲ့သမီးချောလေးနှစ်ယောက်နဲ့အတူ Tik Tok ကစားပြထားတာပဲ ဖြစ်ပါတယ် ။

ဇူးဇူးမောင်က ဘိုမရုပ်လေးတွေလို့တောင် ထင်မှတ်ရတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ် ။ ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးကနေတဲ့ ဇူးဇူးမောင်ကတော့ ကလေးနှစ်ယောက်အမေဖြစ်သွားတာတောင် အရွယ်တင်ပြီး နုဖတ်လှပနေဆဲ ဖြစ်ပါတယ် ။ ကဲ မင်းသမီးချောလေး ဇူးဇူးမောင်နဲ့သမီးလေးတွေရဲ့ချစ်စရာ Tik Tok Video လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Nguchang

credit -Myanmarload

  • Leave a Comment