ႀကီးပြားလိုစိတ္သာရွိရင္ ဘာမဆိုျဖစ္ႏိုင္ေၾကာင္း လက္ေတြ႕ျပခဲ့တဲ့ ပီဇာပို႔သမားေလး

လူတစ္ေယာက္ဟာ အသက္ ၂၀ ေက်ာ္ေလာက္နဲ႔ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းႀကီးတစ္ခု ပိုင္ဆိုင္ဖို႔ဆိုတာ ေတာ္ေတာ္ေလးကို ႀကိဳးစား႐ုန္းကန္ရပါတယ္။ ခ်မ္းသာတဲ့ မိသားစုဘဝကေန ႀကီးျပင္းလာခဲ့ရတဲ့ ဆယ္ေက်ာ္သက္ေတြအတြက္ေတာ့ အိမ္မက္ေတြက ေဈးသိပ္မႀကီးလွေပမယ့္ သာမန္လက္လုပ္လက္စားမိသားစုဘဝကေန ႀကီးျပင္းလာရတဲ့ လူငယ္ေတြအတြက္ေတာ့ အိမ္မက္ေတြက ေတာ္ေတာ္ေလးကို ေဈးႀကီးလြန္းလွပါတယ္။ အခုေျပာျပခ်င္တဲ့ လူငယ္ေလးတစ္ေယာက္အတြက္လည္း အိမ္မက္ေတြက မလြယ္ကူခဲ့ပါဘူး။

အေပၚကပုံမွာ ေတြ႕ရတဲ့ အမ်ိဳးသားကေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ နာမည္ႀကီး Fitness Gym အဝတ္အစားကုမၸဏီျဖစ္တဲ့ Gymshark ကို တည္ေထာင္ခဲ့သူ Ben Francis လို႔ အမည္ရတဲ့ အမ်ိဳးသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၉ ႏွစ္ေလာက္တုန္းက Ben အသက္ ၁၉ ႏွစ္မွာေတာ့ Ben ဟာ သာမန္ လူငယ္ေတြလိုပါပဲ။ ေက်ာင္းတက္ရင္းနဲ႔ Pizza လိုက္ပို႔တဲ့ Delivery ေကာင္ေလးတစ္ေယာက္ပါပဲ။ မနက္ပိုင္းဆို ေက်ာင္းတက္၊ ညေနေက်ာင္းဆင္းတာနဲ႔ စက္ဘီးတစ္စီးနဲ႔ အိမ္အပိုဝင္ေငြရေအာင္ Pizza လိုက္ပို႔တဲ့ ေကာင္ေလးတစ္ေယာက္ပါပဲ။

ဒီလိုနဲ႔ ၂၀၁၂ ေနာက္ပိုင္းမွာ Ben ဟာ သူငယ္ခ်င္းေတြနဲ႔ စုၿပီး အားကစားလုပ္ရင္ လိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းေတြကို ကိုယ္ပိုင္ Brand နာမည္ Gymshark နဲ႔ စတင္ ျဖန႔္ျဖဴးေရာင္းခ်ခဲ့ပါတယ္။ အရႈံးေတြေပၚလို႔ သူငယ္ခ်င္းျဖစ္သူေတြက ဆက္မလုပ္ေတာ့ေပမယ့္ Ben ဟာ အေလွ်ာ့မေပးပဲ သူတစ္ေယာက္တည္း ဆက္လက္လုပ္ကိုင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာ Gymshark ကို Fitness clothing တစ္ခုတည္းအျဖစ္ အဓိကထားခဲ့ၿပီး ေဈးကြက္မွာ သူ႔ရဲ႕ Brand ကို လူသိမ်ားေအာင္ ႀကိဳးစားခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၂၀ ခုႏွစ္၊ ၾသဂုတ္လ ၁၄ ရက္ေန႔မွာေတာ့ အဂၤလန္ႏိုင္ငံ၊ Solihull ၿမိဳ႕အေျခစိုက္ စီးပြားေရးကုမၸဏီတစ္ခုက Gymshark မွာ စတာလင္ေပါင္ ၁ ဘီလီယံေက်ာ္ ရင္းႏွီးျမဳပ္ႏွံခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Gymshark ဟာ ဝန္ထမ္းေပါင္း ၅၀၀ ေက်ာ္နဲ႔ လည္ပတ္ေနတဲ့ တစ္ကယ့္ကုမၸဏီအႀကီးစားႀကီးတစ္ခု ျဖစ္ေနၿပီပဲ ျဖစ္ပါတယ္။

“ေတာ္ေတာ္ေလးေပ်ာ္မိပါတယ္။ ဒီလိုမ်ိဴးဒအေျခအေနေရာက္ေအာင္ ကြၽန္ေတာ့္အေနနဲ႔ ေတာ္ေတာ္ေလးကို ႀကိဳးစားအားထုတ္ခဲ့ရတာပါ။ လူငယ္လို ေနသင့္တဲ့ အခ်ိန္မွာ လူငယ္လိုမေနပဲ Gymshark ကိုပဲ အာ႐ုံစိုက္ၿပီး လုပ္ကိုင္ခဲ့ရတာပါ။ Gymshark စလုပ္တုန္းက ေနရာမရွိလို႔ ကြၽန္ေတာ့္ မိဘေတြေနတဲ့ အိမ္အေနာက္ဖက္က ဂိုေဒါင္အပ်က္ႀကီးမွာပဲ လုပ္ငန္းေတြ စခဲ့ရတာပါ။ အခုအခ်ိန္မွေတာ့ ကြၽန္ေတာ့္အေနနဲ႔ ေတာ္ေတာ္ေလးကို စိတ္ခ်မ္းသာရပါတယ္”လို႔ Ben က ေျပာၾကားခဲ့ပါတယ္.။

credit – shwemom

Unicode

ကြီးပွားလိုစိတ်သာရှိရင် ဘာမဆိုဖြစ်နိုင်ကြောင်း လက်တွေ့ပြခဲ့တဲ့ ပီဇာပို့သမားလေး

လူတစ်ယောက်ဟာ အသက် ၂၀ ကျော်လောက်နဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကြီးတစ်ခု ပိုင်ဆိုင်ဖို့ဆိုတာ တော်တော်လေးကို ကြိုးစားရုန်းကန်ရပါတယ်။ ချမ်းသာတဲ့ မိသားစုဘဝကနေ ကြီးပြင်းလာခဲ့ရတဲ့ ဆယ်ကျော်သက်တွေအတွက်တော့ အိမ်မက်တွေက ဈေးသိပ်မကြီးလှပေမယ့် သာမန်လက်လုပ်လက်စားမိသားစုဘဝကနေ ကြီးပြင်းလာရတဲ့ လူငယ်တွေအတွက်တော့ အိမ်မက်တွေက တော်တော်လေးကို ဈေးကြီးလွန်းလှပါတယ်။ အခုပြောပြချင်တဲ့ လူငယ်လေးတစ်ယောက်အတွက်လည်း အိမ်မက်တွေက မလွယ်ကူခဲ့ပါဘူး။

အပေါ်ကပုံမှာ တွေ့ရတဲ့ အမျိုးသားကတော့ အသက် ၂၈ နှစ်အရွယ် နာမည်ကြီး Fitness Gym အဝတ်အစားကုမ္ပဏီဖြစ်တဲ့ Gymshark ကို တည်ထောင်ခဲ့သူ Ben Francis လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်လောက်တုန်းက Ben အသက် ၁၉ နှစ်မှာတော့ Ben ဟာ သာမန် လူငယ်တွေလိုပါပဲ။ ကျောင်းတက်ရင်းနဲ့ Pizza လိုက်ပို့တဲ့ Delivery ကောင်လေးတစ်ယောက်ပါပဲ။ မနက်ပိုင်းဆို ကျောင်းတက်၊ ညနေကျောင်းဆင်းတာနဲ့ စက်ဘီးတစ်စီးနဲ့ အိမ်အပိုဝင်ငွေရအောင် Pizza လိုက်ပို့တဲ့ ကောင်လေးတစ်ယောက်ပါပဲ။

ဒီလိုနဲ့ ၂၀၁၂ နောက်ပိုင်းမှာ Ben ဟာ သူငယ်ချင်းတွေနဲ့ စုပြီး အားကစားလုပ်ရင် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်ပိုင် Brand နာမည် Gymshark နဲ့ စတင် ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ အရှုံးတွေပေါ်လို့ သူငယ်ချင်းဖြစ်သူတွေက ဆက်မလုပ်တော့ပေမယ့် Ben ဟာ အလျှော့မပေးပဲ သူတစ်ယောက်တည်း ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ Gymshark ကို Fitness clothing တစ်ခုတည်းအဖြစ် အဓိကထားခဲ့ပြီး ဈေးကွက်မှာ သူ့ရဲ့ Brand ကို လူသိများအောင် ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံ၊ Solihull မြို့အခြေစိုက် စီးပွားရေးကုမ္ပဏီတစ်ခုက Gymshark မှာ စတာလင်ပေါင် ၁ ဘီလီယံကျော် ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ အခုဆိုရင်တော့ Gymshark ဟာ ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ တစ်ကယ့်ကုမ္ပဏီအကြီးစားကြီးတစ်ခု ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

“တော်တော်လေးပျော်မိပါတယ်။ ဒီလိုမျိူးဒအခြေအနေရောက်အောင် ကျွန်တော့်အနေနဲ့ တော်တော်လေးကို ကြိုးစားအားထုတ်ခဲ့ရတာပါ။ လူငယ်လို နေသင့်တဲ့ အချိန်မှာ လူငယ်လိုမနေပဲ Gymshark ကိုပဲ အာရုံစိုက်ပြီး လုပ်ကိုင်ခဲ့ရတာပါ။ Gymshark စလုပ်တုန်းက နေရာမရှိလို့ ကျွန်တော့် မိဘတွေနေတဲ့ အိမ်အနောက်ဖက်က ဂိုဒေါင်အပျက်ကြီးမှာပဲ လုပ်ငန်းတွေ စခဲ့ရတာပါ။ အခုအချိန်မှတော့ ကျွန်တော့်အနေနဲ့ တော်တော်လေးကို စိတ်ချမ်းသာရပါတယ်”လို့ Ben က ပြောကြားခဲ့ပါတယ်.။

credit – shwemom

  • Leave a Comment