ကုိဗစ္ဟာ ေန႔ျမင္ညေပ်ာက္မဟုတ္ဘဲ ခုျမင္ခုေပ်ာက္ေအာင္ ေၾကာက္စရာေကာင္းပံုကို ေျပာျပလာတဲ့ နႏၵာလွိုင္

Home Quarantine (၁၄) ရက္ဝင္ေနရတဲ့ သရုပ္ေဆာင္ နႏၵာလွိုင္က ေၾကာက္စရာေကာင္းေလာက္တဲ့ ကိုဗစ္ေရာဂါအေၾကာင္းကို ေျပာျပလာပါတယ္။

ကိုဗစ္ရဲ႕ ရိုက္ခက္မွုဒဏ္ကို သရုပ္ေဆာင္ နႏၵာလွိုင္ရဲ႕ ခဲအိုျဖစ္သူက ခံစားခဲ့ရတာျဖစ္ပါတယ္။ ကိုဗစ္ေရာဂါျဖစ္ပြားျပီး ရက္ပိုင္းအၾကာေလးမွာတင္ အသက္ဆံုးရွံုးခဲ့တာေၾကာင့္ ဘယ္ေလာက္ေၾကာက္စရာေကာင္းေၾကာင္းကို နႏၵာလွိုင္တို႔မိသားစုက ကိုယ္တုိင္ကုိယ္က်ၾကံဳေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ညီမျဖစ္သူ ေႏြးေႏြးလွိုင္ကိုယ္တိုင္လည္း Positive ထြက္ခဲ့ျပီး က်န္ေနခဲ့တဲ့ ကေလး (၃) ေယာက္ကိုေတာ့ ေမာင္ ျဖစ္သူ သရုပ္ေဆာင္ ေမာင္က ေစာင့္ေရွာက္ေပးေနခဲ့တာပါ။ ကေလး (၃) ေယာက္နဲ႔ ေမာင္ ကိုေတာ့ Swab Test ယူစစ္ထားျပီး ကေလး (၃) ေယာက္နဲ႔ ထိေတြ႕မွုရွိခဲ့တဲ့ နႏၵာလွိုင္တို႔ကိုေတာ့ Secondary Contact ေတြျဖစ္တာေၾကာင့္ Home Quarantine ေနထိုင္ေနရတာပဲျဖစ္ပါတယ္။

နႏၵာလွိုင္က ကိုဗစ္ရဲ႕ ေၾကာက္စရာေကာင္းပံုကို လူေတြရဲ႕ ေသျခင္းတရားျဖစ္တဲ့ ေန႔ျမင္ညေပ်ာက္ေတာင္မဟုတ္ဘဲ ခုျမင္ခုေပ်ာက္ ျဖစ္တယ္လို႔ ေျပာဆိုလိုက္တာပါ။

“Positive ျဖစ္ေနတဲ့သူကိုေၾကာက္ရမွာထက္Positive ျဖစ္ေနမွန္းမသိဘဲေဘးပတ္ဝန္းက်င္ကိုကူးစက္သြားမွာကိုပိုေၾကာက္ရမွာပါ ဒီေရာဂါကအရမ္းကိုေၾကာက္စရာေကာင္းပါတယ္ ေန႔ျမင္ညေပ်ာက္မဟုတ္ပါဘူး အခုျမင္အခုေပ်ာက္ပါ ငယ္႐ြယ္တယ္ က်န္းမာတယ္ သန္စြမ္းတယ္ဆိုၿပီးမေပါ့ဆပါနဲ႔ ေရာဂါအခံတခုခုရွိသူေတြပိုအေရးႀကီးပါတယ္ သတိထားၾကပါ မျဖစ္ေအာင္ႀကိဳတင္ကာကြယ္ၾကပါ ျဖစ္ၿပီဆိုလဲလုပ္သင့္လုပ္ထိုက္တာကိုလုပ္ၾကပါ”

ဖတ္ရွုေနၾကတဲ့ ပရိသတ္ၾကီးထဲမွာလည္း ဒီကိုဗစ္ေရာဂါကို ကိုယ္တုိင္ကိုယ္က် ခံစားေနရသူေတြရွိႏုိင္သလို၊ ကိုယ့္အနားပတ္ဝန္းက်င္ေလးမွာ ရွိေနတာမ်ိဳးလည္း ရွိႏိုင္တာေၾကာင့္ ကိုယ္တိုင္ မသကၤာျဖစ္လာခဲ့ရင္ အခ်ိန္မဆိုင္းဘဲ အျမန္ဆံုးကုသမွုခံယူဖို႔ သတိေပးလိုက္ပါတယ္ေနာ္။

ဆယ္လီစတား

Unicode
ကိုဗစ်ဟာ နေ့မြင်ညပျောက်မဟုတ်ဘဲ ခုမြင်ခုပျောက်အောင် ကြောက်စရာကောင်းပုံကို ပြောပြလာတဲ့ နန္ဒာလှိုင်

Home Quarantine (၁၄) ရက်ဝင်နေရတဲ့ သရုပ်ဆောင် နန္ဒာလှိုင်က ကြောက်စရာကောင်းလောက်တဲ့ ကိုဗစ်ရောဂါအကြောင်းကို ပြောပြလာပါတယ်။

ကိုဗစ်ရဲ့ ရိုက်ခက်မှုဒဏ်ကို သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ခဲအိုဖြစ်သူက ခံစားခဲ့ရတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားပြီး ရက်ပိုင်းအကြာလေးမှာတင် အသက်ဆုံးရှုံးခဲ့တာကြောင့် ဘယ်လောက်ကြောက်စရာကောင်းကြောင်းကို နန္ဒာလှိုင်တို့မိသားစုက ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ညီမဖြစ်သူ နွေးနွေးလှိုင်ကိုယ်တိုင်လည်း Positive ထွက်ခဲ့ပြီး ကျန်နေခဲ့တဲ့ ကလေး (၃) ယောက်ကိုတော့ မောင် ဖြစ်သူ သရုပ်ဆောင် မောင်က စောင့်ရှောက်ပေးနေခဲ့တာပါ။ ကလေး (၃) ယောက်နဲ့ မောင် ကိုတော့ Swab Test ယူစစ်ထားပြီး ကလေး (၃) ယောက်နဲ့ ထိတွေ့မှုရှိခဲ့တဲ့ နန္ဒာလှိုင်တို့ကိုတော့ Secondary Contact တွေဖြစ်တာကြောင့် Home Quarantine နေထိုင်နေရတာပဲဖြစ်ပါတယ်။

နန္ဒာလှိုင်က ကိုဗစ်ရဲ့ ကြောက်စရာကောင်းပုံကို လူတွေရဲ့ သေခြင်းတရားဖြစ်တဲ့ နေ့မြင်ညပျောက်တောင်မဟုတ်ဘဲ ခုမြင်ခုပျောက် ဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။

“Positive ဖြစ်နေတဲ့သူကိုကြောက်ရမှာထက်Positive ဖြစ်နေမှန်းမသိဘဲဘေးပတ်ဝန်းကျင်ကိုကူးစက်သွားမှာကိုပိုကြောက်ရမှာပါ ဒီရောဂါကအရမ်းကိုကြောက်စရာကောင်းပါတယ် နေ့မြင်ညပျောက်မဟုတ်ပါဘူး အခုမြင်အခုပျောက်ပါ ငယ်ရွယ်တယ် ကျန်းမာတယ် သန်စွမ်းတယ်ဆိုပြီးမပေါ့ဆပါနဲ့ ရောဂါအခံတခုခုရှိသူတွေပိုအရေးကြီးပါတယ် သတိထားကြပါ မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ ဖြစ်ပြီဆိုလဲလုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြပါ”

ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီးထဲမှာလည်း ဒီကိုဗစ်ရောဂါကို ကိုယ်တိုင်ကိုယ်ကျ ခံစားနေရသူတွေရှိနိုင်သလို၊ ကိုယ့်အနားပတ်ဝန်းကျင်လေးမှာ ရှိနေတာမျိုးလည်း ရှိနိုင်တာကြောင့် ကိုယ်တိုင် မသင်္ကာဖြစ်လာခဲ့ရင် အချိန်မဆိုင်းဘဲ အမြန်ဆုံးကုသမှုခံယူဖို့ သတိပေးလိုက်ပါတယ်နော်။

ဆယ်လီစတား

  • Leave a Comment