သင်ဟာ Trypophobia ရောဂါခံစားနေရတဲ့သူ ဟုတ်မဟုတ် သိနိုင်စေမယ့် ပုံတွေ

ကျွန်တော်တို့အားလုံးဆီမှာ နက်ရှိုင်းတဲ့အကြောက်တရားတွေ ရှိနေတတ်ကြပါတယ်။ ဒီအကြောက်တရားတွေကို ဝန်ခံဖို့ ရှက်စရာကောင်းတယ်လို့ ထင်တတ်ကြတာလည်း ဖြစ်ပါတယ်။ ဒါတွေဟာ အသက်အရွယ်အပိုင်းအခြားနဲ့ မသက်ဆိုင်ပဲ တစ်ချို့က အမြင့်ကိုကြောက်တတ်ပြီး တစ်ချို့က ဆေးထိုးအပ်တွေကို ကြောက်တတ်ကြပါတယ်။ Phobia ရောဂါတွေဟာ ကြီးကြီးမားမားရောဂါမဟုတ်ပေမယ့် လူတိုင်းလိုလိုခံစားရစေနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Trypophobia ရောဂါခံစားနေရသူတွေရဲ့ အကြောင်းကို ပြောချင်တာပါ။

Trypophobia ဆိုတာကတော့ အစီအရီဖြစ်နေတဲ့ အပေါက်သေးသေးလေးတွေနဲ့ ပုံစံများကို ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာရှိသူတွေဟာ ပြွတ်သိပ်နေတဲ့ အပေါက်တွေကို မြင်ရုံနဲ့ စိတ်မသက်မသာခံစားရပြီး ထိတ်လန့်ကြောက်ရွံ့မှုကို ကြုံတွေ့ရတာဖြစ်ပါတယ်။ စတော်ဘယ်ရီ သို့ ကြာစေ့တွေမှာဖြစ်နေတဲ့ ပြွတ်သိပ်တဲ့ပုံစံတွေက သူတို့ကိုကြောက်ရွံ့စေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ Trypophobia ခံစားနေရသူတစ်ယောက်ဆိုရင်တော့ ခုဝေမျှပေးမယ့် ဓာတ်ပုံတွေက သင့်ကိုကြောက်လန့်ထိတ်လန့်တဲ့စိတ်ကို ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Phobia ရောဂါတွေဟာ စိုးရိမ်ထိတ်လန့်ခြင်းရောဂါမျိုးတွေဖြစ်ပြီး စိတ်ထိခိုက်မှုတွေ သို့ မျိုးရိုးလိုက်ခြင်း နဲ့ ကိုယ်နဲ့နီးစပ်တဲ့သူတွေဆီက ကူးစက်နိုင်တယ်လို့ ဆိုပါတယ်။ ဒီရောဂါလက္ခဏာကို ကျော်လွှားဖို့အတွက် စိန်ခေါ်မှုတွေကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ Phobia ရောဂါကို ကျော်လွှားဖို့ခက်ခဲပေမယ့် ဖြစ်နိုင်ခြေတော့ရှိပါတယ်။ ဒီရောဂါကိုကျော်လွှားနိုင်ဖို့အတွက် ဘေးနားကနေ အားပေးကူညီပံ့ပိုးမှုတွေ လုပ်ဖို့လိုအပ်တာပဲ ဖြစ်ပါတယ်။

ပိုမိုရှုပ်ထွေးပြီး ရေရှည်ခံစားနေရတဲ့ Phobia တွေဟာ စိုးရိမ်သောကရောဂါနဲ့ စိတ်ကျန်းမာရေး ခံစားနေရသူတွေနဲ့ အလားတူ ကုသမှုလိုအပ်တာဖြစ်ပြီး အကြံအဉာဏ်ရယူခြင်း၊ အပြုအမူကုထုံး၊ စိတ်ကုထုံးစာတွေကို ခံယူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

Trypophobia ခံစားနေရသူတစ်ယောက်ရဲ့ ပြောကြားချက်အရ “ကျွန်တော် အပေါက်လေးတွေကိုမြင်တိုင်း ကြောက်စိတ်ဖြစ်ခဲ့တယ် အစပိုင်းတုန်းက ဒီလိုရောဂါနာမည်ရှိမှန်းတောင် ကျွန်တော်မသိဘူး သိပ်မကြာခင်မှာပဲ ကျွန်တော့်လိုမျိုးခံစားနေရသူတွေကို တွေ့လာတယ် ဒါကအဖြစ်များကြတယ်ဆိုဖာကိုလည်း သိလာတယ် ဒါနဲ့ပဲ ကျွန်တော်တို့အချင်းချင်း ပြောဆိုဆွေးနွေးနိုင်ဖို့ group တစ်ခုဖွဲ့လိုက်တယ်” လို့ဆိုပါတယ်။ တစ်ချို့လူတွေကလည်း ဒီကြောက်စိတ်ကိုဖြစ်ပေါ်စေတဲ့ Phobia ရောဂါကို ကျော်လွှားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Credit-SHWEMOM

Photos from reddit

  • Leave a Comment

Categories