ေစ့စပ္ပြဲအၿပီးမွာ အေပ်ာ္ခရီးထြက္ရင္း ေၾကကြဲဖြယ္ ျဖစ္ရပ္ဆိုး ႀကံဳေတြ႔ခဲ့ရတဲ့ စံုတြဲ

ေလာကၾကီးမွာ အရာအားလံုး ဘယ္ေတာ့မွ ပံုေသတစ္သတ္မတ္တည္း မရွိပါဘူး။ တစ္ခ်ိဳကကိစၥေတြဟာ ေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္လာတာရွိသလို တစ္ခ်ိဳ႕ကိစၥေတြက်ျပန္ေတာ့လည္း မေမွ်ာ္လင့္ထားတဲ့အတိုင္း ရုတ္တရက္ၾကီးေတြ ျဖစ္လာတတ္ၾကပါတယ္။ ကိုယ္နဲ႔လက္ထပ္ေတာ့မယ့္ ခ်စ္သူတစ္ေယာက္ဟာ ကိုယ္မ်က္စိအေရွ႕မွာ အေကာင္းအတိုင္းၾကီး ရွိေနျပီး သိပ္မၾကာခင္မွာပဲ ကိုယ့္မ်က္စိအေရွ႕မွာ ေသသြားတယ္ဆိုရင္ က်န္ခဲ့တဲ့ လူကေတာ့ ေတာ္ေတာ္ၾကီးကို ခံစားရမွာပါပဲ။ အခုလည္း အမ်ိဳးသားတစ္ေယာက္ဟာ သူ႔ခ်စ္သူေကာင္မေလးနဲ႔ လက္ထပ္ဖို႔ လပိုင္းအလိုမွာတင္ ေရနစ္ေသဆံုးသြားခဲ့ေၾကာင္း People သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အေပၚမွာေတြ႕ရတဲ့ အမ်ိဳးသားကေတာ့ Joao Guilherme Torres Fadini လို႔ အမည္ရျပီး သူ႕ခ်စ္သူ ေကာင္မေလးကေတာ့ Larissa Campos ပဲ ျဖစ္ပါတယ္။ Joao နဲ႔ Larissa တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အလြန္ခ်စ္ၾကတဲ့ ခ်စ္သူေတြျဖစ္ျပီး ျပီးခဲ့တဲ့ ၾသဂုတ္လ ၃၁ ရက္ေန႔ကပဲ ေစ့စပ္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူတို႔ႏွစ္ဦးဟာ သူငယ္ခ်င္းေတြနဲ႔အတူတူ Brazil ႏိုင္ငံမွာရွိတဲ့ Itupararanga dam ကမ္းေျခကို ခရီးထြက္ခဲ့ၾကပါတယ္။

အေပၚကပံုေလးကေတာ့ Joao တစ္ေယာက္ ေရထဲမဆင္းခင္ သူ႔ခ်စ္သူ Larissa နဲ႔ နမ္းေနတဲ့ ဓာတ္ပံုေလးျဖစ္ပါတယ္။ အဲဒီဓာတ္ပံုနဲ႔ အဲဒီအနမ္းဟာ သူတို႔ႏွစ္ေယာက္စလံုးအတြက္ ေနာက္ဆံုးဆိုတာ မသိခဲ့ရွာပါဘူး။ အဲဒီေနာက္မွာေတာ့ Joao ဟာ သူ႕သူငယ္ခ်င္းေတြနဲ႔ ေရကူးျပိဳင္ဖို႔အတြက္ ကမ္းေျခကို ေျပးဆင္းသြားပါတယ္။ အဲဒီေနာက္မွာေတာ့ Joao နဲ႔ သူ႕သူငယ္ခ်င္းေတြဟာ ေရထဲကို ဆင္းသြားျပီး ေရနက္တဲ့အထိ ကူးသြားခဲ့ၾကပါတယ္။ ျပီးေတာ့ ကမ္းေျခကို ဘယ္သူအရင္ျပန္ေရာက္မလဲ ျပိဳင္ျပီး ေရကူးခဲ့ၾကပါတယ္။

“အဲဒီအခ်ိန္မွာ သူ႕သူငယ္ခ်င္းေတြက ကမ္းေျခကို ျပန္ေရာက္လာျပီး Joao ရယ္၊ သူ႔အကို Gabriel ရယ္ က်န္ခဲ့ပါတယ္။ လွမ္းၾကည့္လိုက္ေတာ့ ၂ ေယာက္လံုး တစ္ေနရာဆီမွာ ယက္ကန္ယက္ကန္နဲ႔ ေရနစ္ေနခဲ့ပါတယ္။ ကၽြန္မကမ္းေျခကို ေျပးဆင္းသြားေတာ့ ႏွစ္ေယာက္စလံုးက ျမဳပ္စျပဳေနပါျပီ။ ဒီလိုနဲ႔ ကယ္ဆယ္ေရးေတြေရာက္လာခါနီးေလးမွာပဲ Joao က ေရထဲ လံုးဝျမဳပ္သြားခဲ့ပါတယ္။ ကယ္ဆယ္ေရးေတြကေတာ့ Gabriel ကို ကယ္တင္ႏိုင္ခဲ့ပါတယ္။ တစ္နာရီခြဲေလာက္ လိုက္ရွာျပီးမွ Joao အေလာင္းကို ျပန္ရွာေတြ႕ခဲ့ရပါတယ္။ တစ္ကယ္ကို ရူးမတက္ခံစားရပါတယ္။ ကၽြန္မတို႔ႏွစ္ေယာက္လက္ထပ္ဖို႔အခ်ိန္က သိပ္မွမလိုေတာ့တာ”လို႔ Larissa က ေျပာၾကားခဲ့ပါတယ္။

credit – shwemom

Unicode

စေ့စပ်ပွဲအပြီးမှာ အပျော်ခရီးထွက်ရင်း ကြေကွဲဖွယ် ဖြစ်ရပ်ဆိုး ကြုံတွေ့ခဲ့ရတဲ့ စုံတွဲ

လောကကြီးမှာ အရာအားလုံး ဘယ်တော့မှ ပုံသေတစ်သတ်မတ်တည်း မရှိပါဘူး။ တစ်ချိုကကိစ္စတွေဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာရှိသလို တစ်ချို့ကိစ္စတွေကျပြန်တော့လည်း မမျှော်လင့်ထားတဲ့အတိုင်း ရုတ်တရက်ကြီးတွေ ဖြစ်လာတတ်ကြပါတယ်။ ကိုယ်နဲ့လက်ထပ်တော့မယ့် ချစ်သူတစ်ယောက်ဟာ ကိုယ်မျက်စိအရှေ့မှာ အကောင်းအတိုင်းကြီး ရှိနေပြီး သိပ်မကြာခင်မှာပဲ ကိုယ့်မျက်စိအရှေ့မှာ သေသွားတယ်ဆိုရင် ကျန်ခဲ့တဲ့ လူကတော့ တော်တော်ကြီးကို ခံစားရမှာပါပဲ။ အခုလည်း အမျိုးသားတစ်ယောက်ဟာ သူ့ချစ်သူကောင်မလေးနဲ့ လက်ထပ်ဖို့ လပိုင်းအလိုမှာတင် ရေနစ်သေဆုံးသွားခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်မှာတွေ့ရတဲ့ အမျိုးသားကတော့ Joao Guilherme Torres Fadini လို့ အမည်ရပြီး သူ့ချစ်သူ ကောင်မလေးကတော့ Larissa Campos ပဲ ဖြစ်ပါတယ်။ Joao နဲ့ Larissa တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ကပဲ စေ့စပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေနဲ့အတူတူ Brazil နိုင်ငံမှာရှိတဲ့ Itupararanga dam ကမ်းခြေကို ခရီးထွက်ခဲ့ကြပါတယ်။

အပေါ်ကပုံလေးကတော့ Joao တစ်ယောက် ရေထဲမဆင်းခင် သူ့ချစ်သူ Larissa နဲ့ နမ်းနေတဲ့ ဓာတ်ပုံလေးဖြစ်ပါတယ်။ အဲဒီဓာတ်ပုံနဲ့ အဲဒီအနမ်းဟာ သူတို့နှစ်ယောက်စလုံးအတွက် နောက်ဆုံးဆိုတာ မသိခဲ့ရှာပါဘူး။ အဲဒီနောက်မှာတော့ Joao ဟာ သူ့သူငယ်ချင်းတွေနဲ့ ရေကူးပြိုင်ဖို့အတွက် ကမ်းခြေကို ပြေးဆင်းသွားပါတယ်။ အဲဒီနောက်မှာတော့ Joao နဲ့ သူ့သူငယ်ချင်းတွေဟာ ရေထဲကို ဆင်းသွားပြီး ရေနက်တဲ့အထိ ကူးသွားခဲ့ကြပါတယ်။ ပြီးတော့ ကမ်းခြေကို ဘယ်သူအရင်ပြန်ရောက်မလဲ ပြိုင်ပြီး ရေကူးခဲ့ကြပါတယ်။

“အဲဒီအချိန်မှာ သူ့သူငယ်ချင်းတွေက ကမ်းခြေကို ပြန်ရောက်လာပြီး Joao ရယ်၊ သူ့အကို Gabriel ရယ် ကျန်ခဲ့ပါတယ်။ လှမ်းကြည့်လိုက်တော့ ၂ ယောက်လုံး တစ်နေရာဆီမှာ ယက်ကန်ယက်ကန်နဲ့ ရေနစ်နေခဲ့ပါတယ်။ ကျွန်မကမ်းခြေကို ပြေးဆင်းသွားတော့ နှစ်ယောက်စလုံးက မြုပ်စပြုနေပါပြီ။ ဒီလိုနဲ့ ကယ်ဆယ်ရေးတွေရောက်လာခါနီးလေးမှာပဲ Joao က ရေထဲ လုံးဝမြုပ်သွားခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေကတော့ Gabriel ကို ကယ်တင်နိုင်ခဲ့ပါတယ်။ တစ်နာရီခွဲလောက် လိုက်ရှာပြီးမှ Joao အလောင်းကို ပြန်ရှာတွေ့ခဲ့ရပါတယ်။ တစ်ကယ်ကို ရူးမတက်ခံစားရပါတယ်။ ကျွန်မတို့နှစ်ယောက်လက်ထပ်ဖို့အချိန်က သိပ်မှမလိုတော့တာ”လို့ Larissa က ပြောကြားခဲ့ပါတယ်။

credit – shwemom

  • Leave a Comment