ရေမြောင်းထဲရှိ ပိုက်လိုင်းတစ်ခုတွင် ၃လသားအရွယ် ကလေးတစ်ယောက်တည်း အိပ်စက်နေတာကို တွေ့ရှိခဲ့သည့် နောက်ကွယ်က ကြေကွဲစရာဖြစ်ရပ်

ဖိလစ်ပိုင်နိုင်ငံ Lagunaပြည်နယ်တွင် နေထိုင်သော အသက် ၄၀အရွယ် အမျိုးသားတစ်ဦးသည် ရေမြောင်းထဲရှိ ပိုက်လိုင်းလုံးထဲတွင် အရုပ်လေးတစ်ရုပ်ကို မြင်တွေ့ခဲ့ရာ အနားသို့ရောက်သွားချိန်မှာတော့ အရုပ်မဟုတ်ပဲ ကလေးလေးတစ်ယောက်သာ ဖြစ်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။

အမျိုးသားလည်း အနီးနားပတ်ဝန်းကျင်တွင် လျှောက်ကြည့်ခဲ့သော်လည်း ကလေးမိဘကို မတွေ့ရှိသည့်အတွက် စိုးရိမ်စွာဖြင့် ပွေ့ချီကာ စောင့်ရှောက်ပေးခဲ့သည်။

ထို့နောက် မိခင်ဖြစ်သူ ပြန်လာချိန်တွင် အကြောင်းစုံမေးမြန်းကြည့်ခဲ့ရာ ကိုယ်ပိုင်နေစရာအိမ်မရှိသည့်အပြင် စားဝတ်နေရေးအတွက် လမ်းမပေါ်တွင် ပန်းကုံးလေးတွေ လိုက်ရောင်းရသည့်အတွက် ကလေးတစ်ဖက်နှင့်အဆင်မပြေ၍ တစ်ယောက်တည်းထားခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

အမျိုးသားလည်း သုံးလအရွယ်သာရှိသေးသည့် ကလေးကို ထိုသို့တစ်ယောက်တည်းထားခဲ့ခြင်းဖြင့် အလွန် အန္တရာယ်များကာ နောက်မလုပ်ရန်သတိပေးပြီး လိုအပ်သည်များကို ကူညီပေးသွားမည်ဟု ဆိုခဲ့သည်။

Rain (For Ialinks)

Zawgyi

ေရေျမာင္းထဲရွိ ပိုက္လိုင္းတစ္ခုတြင္ ၃လသားအ႐ြယ္ ကေလးတစ္ေယာက္တည္း အိပ္စက္ေနတာကို ေတြ႕ရွိခဲ့သည့္ ေနာက္ကြယ္က ေၾကကြဲစရာျဖစ္ရပ္

ဖိလစ္ပိုင္ႏိုင္ငံ Lagunaျပည္နယ္တြင္ ေနထိုင္ေသာ အသက္ ၄၀အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ ေရေျမာင္းထဲရွိ ပိုက္လိုင္းလုံးထဲတြင္ အ႐ုပ္ေလးတစ္႐ုပ္ကို ျမင္ေတြ႕ခဲ့ရာ အနားသို႔ေရာက္သြားခ်ိန္မွာေတာ့ အ႐ုပ္မဟုတ္ပဲ ကေလးေလးတစ္ေယာက္သာ ျဖစ္ေနေၾကာင္းကို အံ့အားသင့္ဖြယ္ ေတြ႕ရွိခဲ့သည္။

အမ်ိဳးသားလည္း အနီးနားပတ္ဝန္းက်င္တြင္ ေလွ်ာက္ၾကည့္ခဲ့ေသာ္လည္း ကေလးမိဘကို မေတြ႕ရွိသည့္အတြက္ စိုးရိမ္စြာျဖင့္ ေပြ႕ခ်ီကာ ေစာင့္ေရွာက္ေပးခဲ့သည္။

ထို႔ေနာက္ မိခင္ျဖစ္သူ ျပန္လာခ်ိန္တြင္ အေၾကာင္းစုံေမးျမန္းၾကည့္ခဲ့ရာ ကိုယ္ပိုင္ေနစရာအိမ္မရွိသည့္အျပင္ စားဝတ္ေနေရးအတြက္ လမ္းမေပၚတြင္ ပန္းကုံးေလးေတြ လိုက္ေရာင္းရသည့္အတြက္ ကေလးတစ္ဖက္ႏွင့္အဆင္မေျပ၍ တစ္ေယာက္တည္းထားခဲ့ျခင္းျဖစ္ေၾကာင္း ဆိုခဲ့သည္။

အမ်ိဳးသားလည္း သုံးလအ႐ြယ္သာရွိေသးသည့္ ကေလးကို ထိုသို႔တစ္ေယာက္တည္းထားခဲ့ျခင္းျဖင့္ အလြန္ အႏၲရာယ္မ်ားကာ ေနာက္မလုပ္ရန္သတိေပးၿပီး လိုအပ္သည္မ်ားကို ကူညီေပးသြားမည္ဟု ဆိုခဲ့သည္။

Rain (For Ialinks)

  • Leave a Comment

Categories