ကိုဗစ္လူနာေတြအတြက္ ဒုတိယအႀကိမ္ေျမာက္ေသြးရည္ၾကည္လႉဒါန္းေပးခဲ့တဲ့ နီတာ

အဆိုေတာ္နီတာကေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါစတင္ျဖစ္ပြားခဲ့တဲ့အခ်ိန္ ပထမလႈိင္းမွာ ေရာဂါပိုးကူးစက္ခံခဲ့ရသူတစ္ေယာက္ပါ။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ခ်မွတ္ထားတဲ့စည္းကမ္းေတြကို လိုက္နာၿပီး ကိုယ္တိုင္ကြာရန္တင္းစင္တာကို သြားေရာက္ကုသမႈခံယူကာ ျပန္လည္သက္သာလာခဲ့သူတစ္ေယာက္ပါ။

ကိုဗစ္ေဆးစစ္ခ်က္ ႏွစ္ခါ Negative ျဖစ္ၿပီးခ်ိန္မွာေတာ့ သူ႔လိုမ်ိဳးကူးစက္ခံရသူေတြ ကုသႏိုင္ဖို႔ ေသြးရည္ၾကည္လႉဒါန္းေပးခဲ့ပါတယ္။ ျပန္လည္သက္သာလာၿပီးေနာက္ပိုင္းမွာလည္း ပရိသတ္ေတြနဲ႔မိတ္ေဆြအေပါင္းအသင္းေတြအတြက္ သူကိုယ္တိုင္ႀကဳံေတြ႕ကုသခဲ့တဲ့အေၾကာင္းအရာေတြကို မွ်ေဝေပးလ်က္ရွိၿပီး မေန႔ကေတာ့ ထပ္မံၿပီးေတာ့ ေသြးရည္ၾကည္လႉဒါန္းေပးခဲ့ေၾကာင္း သိရပါတယ္။

” COVID ေဝဒနာရွင္မ်ားအတြက္ ဒုတိယအႀကိမ္ ေသြးရည္ၾကည္လႉဒါန္းၿပီးပါၿပီခင္ဗ်” ဆိုတဲ့စာသားေလးနဲ႔အတူ ေသြးလႉဒါန္းေပးခဲ့တဲ့ပုံရိပ္ေလးေတြကို မွ်ေဝေပးခဲ့ၿပီး ညဘက္မွာလည္း ေဖ့ဘြတ္ခ္ Live လႊင့္ကာ ကိုဗစ္အေတြ႕အႀကဳံေလးေတြ မွ်ေဝေပးရင္း ပရိသတ္ေတြသိခ်င္တာေလးေတြကိုလည္း ေျဖၾကားေပးခဲ့ပါတယ္.. ဒါ့အျပင္ ေနာက္ႏွစ္ ဇန္နဝါရီလမွာလည္း ထပ္မံလႉဒါန္းေပးသြားဦးမယ္လို႔ သိရပါတယ္ ပရိသတ္ႀကီးေရ..

Source – Ni Tar Vocalist
credit – Cele Gabar

Unicode

ကိုဗစ်လူနာတွေအတွက် ဒုတိယအကြိမ်မြောက်သွေးရည်ကြည်လှူဒါန်းပေးခဲ့တဲ့ နီတာ

အဆိုတော်နီတာကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့တဲ့အချိန် ပထမလှိုင်းမှာ ရောဂါပိုးကူးစက်ခံခဲ့ရသူတစ်ယောက်ပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာပြီး ကိုယ်တိုင်ကွာရန်တင်းစင်တာကို သွားရောက်ကုသမှုခံယူကာ ပြန်လည်သက်သာလာခဲ့သူတစ်ယောက်ပါ။

ကိုဗစ်ဆေးစစ်ချက် နှစ်ခါ Negative ဖြစ်ပြီးချိန်မှာတော့ သူ့လိုမျိုးကူးစက်ခံရသူတွေ ကုသနိုင်ဖို့ သွေးရည်ကြည်လှူဒါန်းပေးခဲ့ပါတယ်။ ပြန်လည်သက်သာလာပြီးနောက်ပိုင်းမှာလည်း ပရိသတ်တွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေအတွက် သူကိုယ်တိုင်ကြုံတွေ့ကုသခဲ့တဲ့အကြောင်းအရာတွေကို မျှဝေပေးလျက်ရှိပြီး မနေ့ကတော့ ထပ်မံပြီးတော့ သွေးရည်ကြည်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

” COVID ဝေဒနာရှင်များအတွက် ဒုတိယအကြိမ် သွေးရည်ကြည်လှူဒါန်းပြီးပါပြီခင်ဗျ” ဆိုတဲ့စာသားလေးနဲ့အတူ သွေးလှူဒါန်းပေးခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပြီး ညဘက်မှာလည်း ဖေ့ဘွတ်ခ် Live လွှင့်ကာ ကိုဗစ်အတွေ့အကြုံလေးတွေ မျှဝေပေးရင်း ပရိသတ်တွေသိချင်တာလေးတွေကိုလည်း ဖြေကြားပေးခဲ့ပါတယ်.. ဒါ့အပြင် နောက်နှစ် ဇန်နဝါရီလမှာလည်း ထပ်မံလှူဒါန်းပေးသွားဦးမယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ..

Source – Ni Tar Vocalist
credit – Cele Gabar

  • Leave a Comment