




Unicode

ကြိုးတုပ်ရတဲ့အထိကို ဆော့လွန်းတဲ့ သမီးလေး IVY ကို ဗီဒီယိုရိုက်ထားပြီး (၁၈)နှစ်ပြည့်မွေးနေ့ကျရင် ပြန်ပြမယ်ဆိုတဲ့ မေမေအေသင်ချိုဆွေ

အဆိုတော် အေသင်ချိုဆွေကတော့ အသက် (၁၇)နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သူမရဲ့ ပထမဦးဆုံး အယ်လ်ဘမ်နဲ့တင် အောင်မြင်မှုတွေရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အေသင်ချိုဆွေက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ပရိသတ်အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့သူတစ်ယောက်ပါပဲ။ လက်ရှိမှာတော့ အေသင်ချိုဆွေက ကလေးမေမေတစ်ယောက်အဖြစ်နဲ့ သူမချစ်တဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။

Stay Home ကာလမှာ အေသင်ချိုဆွေလည်း ရှိုးပွဲတွေမဆိုရချိန်၊ သမီးလေး Ivy လည်း ကျောင်းမသွားရတဲ့အချိန်မှာ သားအမိနှစ်ယောက် အိမ်မှာနေရင်း အတူတူ အချိန်တွေ ကုန်ဆုံးနေလျက်ရှိပါတယ်။ သားအမိနှစ်ယောက်သား အတူတူနေတဲ့အချိန်တွေမှာ တစ်ကိုယ်လုံးပေပွအောင်လုပ်နေအောင်ဆော့တဲ့ သမီးလေး Ivy ကိုကြိုးတုပ်ပြီး “သူ (၁၈)နှစ်ပြည့်ကျရင် ဒီဗီဒီယိုနဲ့ BD Wish လုပ်ကြမယ်ဟေ့” ဆိုပြီး စနောက်ထားပါတယ်။

အေသင်ချိုဆွေကတော့ ကဲစိန်သမီးလေးကိုကြည့်ပြီး စိတ်ဆိုးရခက် ရယ်ရခက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေသင်ချိုဆွေရဲ့သမီးလေး IVY ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

credit – Cele Connections

  • Leave a Comment