သူ့ရဲ့ဇနီးလောင်းလေးကို မင်္ဂလာပွဲမှာ ကိုယ်တိုင်မိတ်ကပ်ပြင်ပေးခဲ့သည့် သတို့သား

မင်္ဂလာပွဲတွေမှာ သတို့သမီးများက မိတ်ကပ်လိမ်းအလှပြင်ရာ၌ အရေးကြီးကာ ကျွမ်းကျင်သော မိတ်ကပ်ပညာရှင်များနဲ့သာ လိမ်းခြယ်ခိုင်းကြရသည်။

သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲတွင် သတို့သမီးဖြစ်သူအား မိတ်ကပ်လိမ်းခြယ်ပေးသူမှာ အခြားသူမဟုတ်ပဲ သူမရဲ့ခင်ပွန်းလောင်းသတို့သားကိုယ်တိုင်ပင် ဖြစ်နေ၍ အကုန်လုံးက အံ့အားသင့်ကုန်ကြသည်။

သတို့သားဖြစ်သူသည် မိတ်ကပ်ပညာရှင်အဖြစ် အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်မှာ ၇နှစ်ပင်ကြာခဲ့ပြီဖြစ်၍ သတို့သမီးလေးအား စိတ်တိုင်းကျပုံစံမျိုးဖြင့် သူကိုယ်တိုင်မိတ်ကပ်လိမ်းအလှပြင်ပေးခဲ့သည်။

သတို့သားရဲ့ မိတ်ကပ်ပြင်စွမ်းရည်မှာ ကျွမ်းကျင်နေပြီး သတို့သမီးလေးနဲ့လိုက်ဖက်စေမည့် အရောင်နဲ့ နှုတ်ခမ်းနီတို့ကိုလည်း ရွေးချယ်ပေးခဲ့ခြင်းအားဖြင့် သတို့သမီးကိုယ်တိုင်ကလည်း သဘောကျကြည်နူးနေခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories