နှုတ်ခမ်းတက်တူးထိုးပြီး မှန် မကြည့်ရဲလောက်အောင်ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးများ

အမျိုးသမီးတွေနဲ့ နှုတ်ခမ်းနီ ဆိုတဲ့အရာဟာ ခွဲခြားပစ်လို့မရလောက်အောင်ပါပဲလေ ။ အကြောင်းကတော့ အမျိုးသမီးတွေဟာ နှုတ်ခမ်းနီဆိုပြီးမှ အပြင်ထွက်ရတာ သက်တောင့်သက်သာရှိသလို နှုတ်ခမ်းနီမပါရှိရင် ကိုယ့်ကိုယုံကြည်မှုမရှိသလိုဖြစ်ပြီး အပြင်ထွက်ဖို့ လူရှေ့တွေ မသွားချင်တော့လောက်အထိပါပဲ ။ ဒါကြောင့် အချို့သော အမျိုးသမီးတွေက အချိန်ကုန်သက်သာပြီး အမြဲနှုတ်ခမ်းနီ မဆိုးရအောင် သဘာဝတိုင်းလည်းဖြစ်နေအောင် နှုတ်ခမ်းပေါ် တက်တူးထိုးကြလို့ အချို့က အဆင်ပြေကြပေမဲ့လည်း အချို့ကတော့ ရယ်ရမလို ၊ ငိုရမလဲ အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။

အချို့သော မိန်းကလေးတွေဆိုရင် နှုတ်ခမ်းတက်တူးထိုးပြီးနောက် အခြားသူတွေထက် ပိုပြီးယောင်ကိုင်းနေတတ်လို့ နှုတ်ခမ်းကို ပျားတုတ်ထားသလိုမျိုး ဖြစ်နေတတ်ကြပါတယ် ။ အတော်များများကတော့ နှုတ်ခမ်းတက်တူးထိုးပြီးရင် ပါးစပ်ဖွင့်လို့မရလို့ ထမင်းစား ၊ ရေသောက်ချိန် အခက်ကြုံရသလို သွားတိုက် ၊ မျက်နှာသစ်ဖို့တောင် အတော်လေး အခက်တွေ့နေကြရတာပါ ။ နှုတ်ခမ်းတက်တူးထိုးမိတဲ့ အမျိုးသမီးတွေအတော်များများက သူမတို့ရဲ့ နှုတ်ခမ်းဟာ လိုချင်တဲ့ နှင်းဆီအရောင်မျိုးမထွက်လာကြပဲ မထင်မှတ်ထားတဲ့အရောင်တွေသာ ဖြစ်နေတတ်ကြပါတယ် ။

ဒါ့အပြင် နှုတ်ခမ်းသားတွေဟာ အထိအရှလွယ်တဲ့ အသားအရေမျိုးဖြစ်တဲ့အတွက် တက်တူးထိုးခြင်းက အသားအရေထိခိုက်ပျက်ဆီးလွယ်သလို ၊ ရောဂါပိုးတွေလည်း အလွယ်တကူဝင်ရောက်စေလို့ အခန့်မသင့်ရင် နှုတ်ခမ်းသားတွေ ပျက်ဆီးပြီး တစ်ဘဝလုံး မှန်မကြည့်ရဲလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်စေမှာ အမှန်ပါပဲလေ ။

Zawgyi




Jasmine (NIKHIT)

  • Leave a Comment

Categories