(၄၈)နာရီအတြင္း အပူဆံုးကေန အေအးဆံုး ရာသီဥတုကို ေျပာင္းလဲခဲ့တဲ့ Colorado ျပည္နယ္

၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ အစကတည္းက ေလာင္ကၽြမ္းေနတဲ့ California ျပည္နယ္က ေတာမီးကိုေတာ့ လူတိုင္း သိၾကျပီး ျဖစ္မွာပါ။ လက္ရွိအခ်ိန္မွာ အဆိုပါေတာမီးေၾကာင့္ ဧကသန္းေပါင္းမ်ားစြာ ေလာင္ကၽြမ္းလ်က္ရွိျပီး လူေနအိမ္ေတြကို မကူးစက္ဖို႔အတြက္ မီးသတ္သမားေတြလည္း အင္နဲ႔အားနဲ႔ ျငိမ္းသတ္လ်က္ရွိပါတယ္။ ဒါေပမယ့္လည္း အရွိန္အဟုန္ျပင္းတဲ့ ေတာမီးဟာ အခုအခ်ိန္အထိကို ေတာက္ေလွ်ာက္ေလာင္ကၽြမ္းလ်က္ ရွိပါေသးတယ္။ အခုလည္း California ျပည္နယ္နဲ႔ အနီးဆံုး Colorado ျပည္နယ္ဟာဆိုရင္လည္း ၄၈ နာရီအတြင္း အပူဆံုးရာသီဥတုကေန အေအးဆံုး ရာသီဥတုကို ေျပာင္းလဲခဲ့ေၾကာင္း Bored Panda သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

Colorado ျပည္နယ္ဟာ California ျပည္နယ္နဲ႔ အနီးဆံုးျဖစ္ျပီး California ျပည္နယ္က ေလာင္တဲ့ ေတာမီးနဲ႔ ရာသီဥတုအေျခအေနေၾကာင့္ အပူခ်ိန္ ၁၀၄ ဒီဂရီဖာရင္ဟိုက္အထိ ပူေလာင္လြန္းလွတဲ့ ရာသီဥတုေအာက္မွာ ေနေနရတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီအပူအခ်ိန္ဟာ စက္တင္ဘာလ ၆ ရက္ေန႔အထိပဲ ျဖစ္ခဲ့တာပါ။ စက္တင္ဘာလ ၇ ရက္ေန႔မွာ အပူခ်ိန္က ေတာက္ေလွ်ာက္ထိုးက်ခဲ့ျပီး စက္တင္ဘာလ ၈ ရက္ေန႔ မနက္ခင္းမွာေတာ့ Colorado ျပည္နယ္တစ္ဝွမ္းမွာ ႏွင္းေတြဖံုးလႊမ္းေနခဲ့ပါတယ္။

ႏွင္းေတြဟာ အခုအခ်ိန္အထိကို က်ဆင္းေနျပီး ေရခဲထုဟာ ၄ လက္မနီးပါးအထိကို ျမင့္တက္လာခဲ့ပါတယ္။ Colorado ျပည္နယ္သားေတြခမ်ာမွာေတာ့ ရုတ္ခ်ည္းေျပာင္းလဲသြားတဲ့ ရာသီဥတုေၾကာင့္ အံ့ၾသသင့္ခဲ့ၾကျပီး ဓာတ္ပံုေတြရိုက္ကာ ဆိုရွယ္မီဒီယာေတြမွာ ပံုေတြ အလုအယက္တင္ခဲ့ၾကပါတယ္။ လူေတာ္ေတာ္မ်ားမ်ားကလည္း အဆိုပါပံုေတြေၾကာင့္ ရုတ္ခ်ည္းေျပာင္းလဲသြားတဲ့ ရာသီဥတုအေပၚ အံ့ၾသသင့္ခဲ့ၾကျပီး စိုးရိမ္စိတ္ေတြေတာင္ ဝင္ခဲ့ၾကပါတယ္။

“အမွန္တစ္ကယ္ေတာ့ ရာသီဥတုက စိုးရိမ္စရာမလိုပါဘူး။ ဒါက ျဖစ္ေလ့ျဖစ္ထရွိတတ္တဲ့ သေဘာပါ။ အရမ္းပူေနတဲ့အခ်ိန္မွာ ရုတ္တရက္ ေအးသြားတာမ်ိဳးေတြ ရွိတတ္ပါတယ္။ အဓိကကေတာ့ အပူခ်ိန္အရမ္းျမင့္တဲ့ အခ်ိန္မွာ ေလဖိအားေၾကာင့္ ရုတ္တရက္ ေလေအးေတြ ဝင္လာတာပဲ ျဖစ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အပူမရွပ္ေအာင္သာေနဖို႔ ဂရုစိုက္ၾကပါ။ တက္ႏိုင္သမွ်အိမ္ထဲမွာပဲ ေနၾကတာ အေကာင္းဆံုးပါပဲ”လုိ႔ Colorado Climate Center မွ ဒါရိုက္တာတစ္ဦးျဖစ္သူ Russ Schumacher က ေျပာၾကားခဲ့ပါတယ္။

credit – shwemom

Unicode

(၄၈)နာရီအတွင်း အပူဆုံးကနေ အအေးဆုံး ရာသီဥတုကို ပြောင်းလဲခဲ့တဲ့ Colorado ပြည်နယ်

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အစကတည်းက လောင်ကျွမ်းနေတဲ့ California ပြည်နယ်က တောမီးကိုတော့ လူတိုင်း သိကြပြီး ဖြစ်မှာပါ။ လက်ရှိအချိန်မှာ အဆိုပါတောမီးကြောင့် ဧကသန်းပေါင်းများစွာ လောင်ကျွမ်းလျက်ရှိပြီး လူနေအိမ်တွေကို မကူးစက်ဖို့အတွက် မီးသတ်သမားတွေလည်း အင်နဲ့အားနဲ့ ငြိမ်းသတ်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း အရှိန်အဟုန်ပြင်းတဲ့ တောမီးဟာ အခုအချိန်အထိကို တောက်လျှောက်လောင်ကျွမ်းလျက် ရှိပါသေးတယ်။ အခုလည်း California ပြည်နယ်နဲ့ အနီးဆုံး Colorado ပြည်နယ်ဟာဆိုရင်လည်း ၄၈ နာရီအတွင်း အပူဆုံးရာသီဥတုကနေ အအေးဆုံး ရာသီဥတုကို ပြောင်းလဲခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Colorado ပြည်နယ်ဟာ California ပြည်နယ်နဲ့ အနီးဆုံးဖြစ်ပြီး California ပြည်နယ်က လောင်တဲ့ တောမီးနဲ့ ရာသီဥတုအခြေအနေကြောင့် အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ ပူလောင်လွန်းလှတဲ့ ရာသီဥတုအောက်မှာ နေနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအပူအချိန်ဟာ စက်တင်ဘာလ ၆ ရက်နေ့အထိပဲ ဖြစ်ခဲ့တာပါ။ စက်တင်ဘာလ ၇ ရက်နေ့မှာ အပူချိန်က တောက်လျှောက်ထိုးကျခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့ မနက်ခင်းမှာတော့ Colorado ပြည်နယ်တစ်ဝှမ်းမှာ နှင်းတွေဖုံးလွှမ်းနေခဲ့ပါတယ်။

နှင်းတွေဟာ အခုအချိန်အထိကို ကျဆင်းနေပြီး ရေခဲထုဟာ ၄ လက်မနီးပါးအထိကို မြင့်တက်လာခဲ့ပါတယ်။ Colorado ပြည်နယ်သားတွေခမျာမှာတော့ ရုတ်ချည်းပြောင်းလဲသွားတဲ့ ရာသီဥတုကြောင့် အံ့သြသင့်ခဲ့ကြပြီး ဓာတ်ပုံတွေရိုက်ကာ ဆိုရှယ်မီဒီယာတွေမှာ ပုံတွေ အလုအယက်တင်ခဲ့ကြပါတယ်။ လူတော်တော်များများကလည်း အဆိုပါပုံတွေကြောင့် ရုတ်ချည်းပြောင်းလဲသွားတဲ့ ရာသီဥတုအပေါ် အံ့သြသင့်ခဲ့ကြပြီး စိုးရိမ်စိတ်တွေတောင် ဝင်ခဲ့ကြပါတယ်။

“အမှန်တစ်ကယ်တော့ ရာသီဥတုက စိုးရိမ်စရာမလိုပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သဘောပါ။ အရမ်းပူနေတဲ့အချိန်မှာ ရုတ်တရက် အေးသွားတာမျိုးတွေ ရှိတတ်ပါတယ်။ အဓိကကတော့ အပူချိန်အရမ်းမြင့်တဲ့ အချိန်မှာ လေဖိအားကြောင့် ရုတ်တရက် လေအေးတွေ ဝင်လာတာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အပူမရှပ်အောင်သာနေဖို့ ဂရုစိုက်ကြပါ။ တက်နိုင်သမျှအိမ်ထဲမှာပဲ နေကြတာ အကောင်းဆုံးပါပဲ”လို့ Colorado Climate Center မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Russ Schumacher က ပြောကြားခဲ့ပါတယ်။

credit – shwemom

  • Leave a Comment