ကျွန်ုပ်တို့သည် မိခင်၏ပေးဆပ်အနစ်နာခံခဲ့သည့် ကျေးဇူးတရားများကိုသာ ထုတ်ဖော်ပြောဆိုနေကြပြီး ဖခင်တို့၏ ကျွေးကျေးဇူးတရားကို မေ့နေတတ်ကြပါတယ်။သားသမီးတို့ကို တစ်နေကုန်စကားတစ်ခွန်းပြောချင်မှပြောနိုင်မှာဖြစ်သော်လည်း မိသားစုတစ်ခုလုံး၏စားဝတ်နေရေးပြေလည်စေရန် အရာရာပေးဆပ်အနစ်နာခံနေသည့် သူရဲကောင်းကြီးတစ်ဦးဖြစ်ပါတယ်။
ယခုတွင်လည်း ဖခင်ဖြစ်သူထမင်းစားနေသည့်အချိန်တွင် သားဖြစ်သူက တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီဖြစ်ကြောင်းကို ပျော်ရွင်စွာဖြင့် လာကြွားနေခဲ့ပါတယ်။ထိုအခါဖခင်က အောင်စာရင်းကိုကြည့်ပြီး မထူးဆန်းသလိုအကြည့်မျိုးဖြင့်ကြည့်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေခဲ့ပါတယ်။
ထို့နောက် သားဖြစ်သူထွက်သွားပြီးချိန်မှ ဖခင်ဖြစ်သူဟာ ထမင်းလုံးများပါးစပ်တွင်ပေကျန်ကုန်သည်အထိပင် အလွန်ပျော်ရွင်စွာ အောင်ပွဲခံနေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
သားဖြစ်သူက ဆယ်တန်းအောင်မြင်ခဲ့ကြောင်း အောင်စာရင်းလေးပြကာ ကြွားနေခဲ့သော်လည်း မထူးဆန်သလိုဟန်ဆောင်ပြီး ကွယ်ရာတွင် အတိုင်းထက်အလွန် ပျော်ရွင်နေခဲ့သည့်ဖခင်
Shoon (Cele Daily)