သမီးေလးအတြက္ ဝတ္စံုေပါင္း 100 ေက်ာ္ကို ကိုယ္တိုင္ဖန္တီးခ်ဳပ္လုပ္ေပးခဲ့တဲ့ ဖခင္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့အမ်ိဳးသားဟာ သူ၏သမီးငယ္ေလးအတြက္ ဝတ္စံုေပါင္း 100 ေက်ာ္ကို ကိုယ္တိုင္ဖန္တီးခ်ဳပ္လုပ္ေပးခဲ့လို႔ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ Xu Ruiqin အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ သမီးငယ္ 4ႏွစ္အရြယ္ကတည္းကစၿပီး သမီးေလးအတြက္ ဝတ္စံုေတြခ်ဳပ္ေပးေနခဲ့တာပါ ။ ဒါတင္မကပါဘူး သမီးေလးအတြက္လည္း မိတ္ကပ္ကိုလည္း ကိုယ္တိုင္လိမ္းက်ံေပးေလ့႐ွိပါေသးတယ္ ။

ထို႔ေနာက္ ခရီးထြက္တဲ့အခ်ိန္တိုင္း သမီးငယ္ေလးဝတ္ဆင္ထားတဲ့ဝတ္စံုေတြနဲ႔ video ေတြ႐ိုက္ယူၿပီး မွတ္တမ္းမ်ားရယူထားေလ့႐ွိပါတယ္ ။ Xu ကေတာ့ မိခင္ျဖစ္သူဆီကေန စက္ခ်ဳပ္နည္းကိုသင္ၾကားထားခဲ့သူပါ ။

Xu ဟာ အစပိုင္းမွာေတာ့ သမီးေလးကိုအဝတ္ေတြခ်ဳပ္ေပးေနတာကို အျခားသူေတြသိမွာေၾကာက္ေနခဲ့တာပါ ။ ” ကြၽန္ေတာ္က ပြင့္လင္းျမင္သာမႈမ႐ွိတဲ့ ပတ္ဝန္းက်င္မွာေနထိုင္ေနရသူျဖစ္တဲ့အတြက္ ၊ ဘယ္ေယာက်ၤားကမွ မလုပ္ခ်င္တဲ့အရာကို လုပ္ေနတာ အျခားလူေတြကို ေပးမသိေစခ်င္ဘူး ၊ သူတို႔ ကြၽန္ေတာ့္ကိုေဝဖန္ၾကမွာ ေၾကာက္ခဲ့တယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ ဒါေပမဲ့ သမီးေလးနဲ႔ အတူတူလုပ္ခဲ့တဲ့အရာေတြ ၊ သမီးေလးငယ္ဘဝအခ်ိန္ေတြကို အေကာင္းဆံုးပဲေပးခ်င္လို႔ပါ ဆိုၿပီး Xu ကရင္ဖြင့္ခဲ့ပါတယ္ ။

အစ္ကိုျဖစ္သူရဲ႕ အားေပးစကားေတြေၾကာင့္ Xu ဟာ သူ႔ရဲ႕ဖန္တီးမႈေတြကို ယခုလို online ေပၚမွာေဝမ်ွခဲ့တာျဖစ္ပါတယ္ ။ ထို႔အျပင္ၾကည့္႐ႈသူေတြေမးျမန္းတဲ့ ဒီဇိုင္းနဲ႔ပက္သက္တဲ့ေမးခြန္းမ်ိဳး ၊ စက္ခ်ဳပ္နည္းနဲ႔ ပက္သက္တဲ့အေၾကာင္းအရာမ်ိဳးေတြကိုလည္း Xu ကျပန္လည္ေျဖၾကားေပးေလ့႐ွိပါတယ္ ။ ယခုခ်ိန္မွာေတာ့ Xu ရဲ႕ ပရိသတ္ေတြကေတာ့ Xu ကို ‘ Tailor Father ‘ ဆိုၿပီး ေခၚဆိုေနၾကေလ့႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Unicode

သမီးလေးအတွက် ဝတ်စုံပေါင်း 100 ကျော်ကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဖခင် (ရုပ်သံ)

တရုတ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသားဟာ သူ၏သမီးငယ်လေးအတွက် ဝတ်စုံပေါင်း 100 ကျော်ကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်ပေးခဲ့လို့ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။

Xu Ruiqin အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ သမီးငယ် 4နှစ်အရွယ်ကတည်းကစပြီး သမီးလေးအတွက် ဝတ်စုံတွေချုပ်ပေးနေခဲ့တာပါ ။ ဒါတင်မကပါဘူး သမီးလေးအတွက်လည်း မိတ်ကပ်ကိုလည်း ကိုယ်တိုင်လိမ်းကျံပေးလေ့ရှိပါသေးတယ် ။

ထို့နောက် ခရီးထွက်တဲ့အချိန်တိုင်း သမီးငယ်လေးဝတ်ဆင်ထားတဲ့ဝတ်စုံတွေနဲ့ video တွေရိုက်ယူပြီး မှတ်တမ်းများရယူထားလေ့ရှိပါတယ် ။ Xu ကတော့ မိခင်ဖြစ်သူဆီကနေ စက်ချုပ်နည်းကိုသင်ကြားထားခဲ့သူပါ ။

Xu ဟာ အစပိုင်းမှာတော့ သမီးလေးကိုအဝတ်တွေချုပ်ပေးနေတာကို အခြားသူတွေသိမှာကြောက်နေခဲ့တာပါ ။ ” ကျွန်တော်က ပွင့်လင်းမြင်သာမှုမရှိတဲ့ ပတ်ဝန်းကျင်မှာနေထိုင်နေရသူဖြစ်တဲ့အတွက် ၊ ဘယ်ယောင်္ကျားကမှ မလုပ်ချင်တဲ့အရာကို လုပ်နေတာ အခြားလူတွေကို ပေးမသိစေချင်ဘူး ၊ သူတို့ ကျွန်တော့်ကိုဝေဖန်ကြမှာ ကြောက်ခဲ့တယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ ဒါပေမဲ့ သမီးလေးနဲ့ အတူတူလုပ်ခဲ့တဲ့အရာတွေ ၊ သမီးလေးငယ်ဘဝအချိန်တွေကို အကောင်းဆုံးပဲပေးချင်လို့ပါ ဆိုပြီး Xu ကရင်ဖွင့်ခဲ့ပါတယ် ။

အစ်ကိုဖြစ်သူရဲ့ အားပေးစကားတွေကြောင့် Xu ဟာ သူ့ရဲ့ဖန်တီးမှုတွေကို ယခုလို online ပေါ်မှာဝေမျှခဲ့တာဖြစ်ပါတယ် ။ ထို့အပြင်ကြည့်ရှုသူတွေမေးမြန်းတဲ့ ဒီဇိုင်းနဲ့ပက်သက်တဲ့မေးခွန်းမျိုး ၊ စက်ချုပ်နည်းနဲ့ ပက်သက်တဲ့အကြောင်းအရာမျိုးတွေကိုလည်း Xu ကပြန်လည်ဖြေကြားပေးလေ့ရှိပါတယ် ။ ယခုချိန်မှာတော့ Xu ရဲ့ ပရိသတ်တွေကတော့ Xu ကို ‘ Tailor Father ‘ ဆိုပြီး ခေါ်ဆိုနေကြလေ့ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment