မိခင်ကိုယ်စား မောင်နှမ 9 ယောက်ကို စောင့်ရှောက်ပေးနေရတဲ့ သနားစရာကောင်လေးရဲ့ ရိုးရှင်းတဲ့အိမ်မက်

အချို့ကလေးတွေရဲ့ ဘဝဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေအတွက် အနစ်နာခံပြီး ပေးဆပ်နေကြရသူတွေ ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကောင်လေးတစ်ယောက်ဟာ တစ်ကိုယ်တည်းရုန်ကန်နေရတဲ့ မိခင်ဖြစ်သူကို သနားလို့ 9 တန်းပြီးတာနဲ့ ကျောင်းထွက်ပြီး မိခင်ကိုယ်စား ညီငယ် ၊ ညီမငယ် 9 ယောက်ကို တစ်ကိုယ်တည်း စောင့်ရှောက်ပေးနေရတာပါ ။ ဖခင်ဖြစ်သူကတော့ လွန်ခဲ့တဲ့ 2 နှစ်ကတည်းက နေအိမ်ကနေ ထွက်ခွာသွားပြီး လုံးဝပြန်မလာခဲ့တော့ကြောင်း သိရပါတယ် ။ ဒါကြောင့် Giang A Manh အမည်ရှိတဲ့ ကောင်လေးဟာ လယ်ကွင်းထဲ အလုပ်ဆင်းနေရတဲ့မိခင်ကို အကူအညီဖြစ်အောင် နေအိမ်မှာနေပြီး ကလေးထိန်း ၊ ချက်ပြုတ် ၊ လျှော်ဖွတ်တဲ့ အလုပ်ကိုသာ လုပ်ကိုင်နေရတာပါ ။ ဒါ့အပြင် ဆင်းရဲလွန်းတာကြောင့် အဘိုးအဘွားတွေရဲ့ခြံဝန်းထဲက အိမ်အိုလေးမှာ ခိုကပ်နေနေရပြီး အသား၊ ငါးစားရတာမျိုးမရှိဘဲ နေ့တိုင်း ထမင်းနှင့် ငရုတ်သီးချက် တွေကိုသာ စားနေခဲ့ရတာပါ ။

သို့ပေမဲ့လည်း ကောင်လေးရဲ့ ရိုးရှင်းလှတဲ့အိမ်မက်က လူတိုင်းကိုမျက်ရည်ကျစေခဲ့ပါတယ် ။ ကောင်လေးကတော့ မော်တော်ယာဉ်ပြင်တဲ့အလုပ်ရုံမှာ အလုပ်သင်အနေနဲ့လုပ်ကိုင်ပြီး မိခင်ဖြစ်သူ နဲ့ မောင်နှမတွေကို ထောက်ပံ့ချင်ကြောင်း နှင့် ဒါ့အပြင် အိမ်အိုလေးကို မိုးလုံလေလုံဖြစ်အောင် ပြင်ပေးချင်ကြောင်း ပြောပြသွားခဲ့ပါတယ် ။ လက်ရှိမှာတော့ ညီငယ်တွေ အသက်ကြီးလာမဲ့အရွယ်ကိုသာ စောင့်နေရပြီး ၊ ကလေးထိန်တစ်ယောက်ရှိရင် သူအတော်လေး ကံကောင်းမှာပဲ ဆိုပြီး မျှော်လင့်နေရလျက်ရှိပါတယ် ။

Zawgyi

အခ်ိဳ႕ကေလးေတြရဲ႕ ဘဝဟာ ငယ္ငယ္ရြယ္ရြယ္နဲ႔ မိဘေတြအတြက္ အနစ္နာခံၿပီး ေပးဆပ္ေနၾကရသူေတြ ႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ေကာင္ေလးတစ္ေယာက္ဟာ တစ္ကိုယ္တည္း႐ုန္ကန္ေနရတဲ့ မိခင္ျဖစ္သူကို သနားလို႔ 9 တန္းၿပီးတာနဲ႔ ေက်ာင္းထြက္ၿပီး မိခင္ကိုယ္စား ညီငယ္ ၊ ညီမငယ္ 9 ေယာက္ကို တစ္ကိုယ္တည္း ေစာင့္ေ႐ွာက္ေပးေနရတာပါ ။ ဖခင္ျဖစ္သူကေတာ့ လြန္ခဲ့တဲ့ 2 ႏွစ္ကတည္းက ေနအိမ္ကေန ထြက္ခြာသြားၿပီး လံုးဝျပန္မလာခဲ့ေတာ့ေၾကာင္း သိရပါတယ္ ။ ဒါေၾကာင့္ Giang A Manh အမည္႐ွိတဲ့ ေကာင္ေလးဟာ လယ္ကြင္းထဲ အလုပ္ဆင္းေနရတဲ့မိခင္ကို အကူအညီျဖစ္ေအာင္ ေနအိမ္မွာေနၿပီး ကေလးထိန္း ၊ ခ်က္ျပဳတ္ ၊ ေလ်ွာ္ဖြတ္တဲ့ အလုပ္ကိုသာ လုပ္ကိုင္ေနရတာပါ ။ ဒါ့အျပင္ ဆင္းရဲလြန္းတာေၾကာင့္ အဘိုးအဘြားေတြရဲ႕ျခံဝန္းထဲက အိမ္အိုေလးမွာ ခိုကပ္ေနေနရၿပီး အသား၊ ငါးစားရတာမ်ိဳးမ႐ွိဘဲ ေန႔တိုင္း ထမင္းႏွင့္ င႐ုတ္သီးခ်က္ ေတြကိုသာ စားေနခဲ့ရတာပါ ။

သို႔ေပမဲ့လည္း ေကာင္ေလးရဲ႕ ႐ိုး႐ွင္းလွတဲ့အိမ္မက္က လူတိုင္းကိုမ်က္ရည္က်ေစခဲ့ပါတယ္ ။ ေကာင္ေလးကေတာ့ ေမာ္ေတာ္ယာဥ္ျပင္တဲ့အလုပ္ရံုမွာ အလုပ္သင္အေနနဲ႔လုပ္ကိုင္ၿပီး မိခင္ျဖစ္သူ နဲ႔ ေမာင္ႏွမေတြကို ေထာက္ပံ့ခ်င္ေၾကာင္း ႏွင့္ ဒါ့အျပင္ အိမ္အိုေလးကို မိုးလံုေလလံုျဖစ္ေအာင္ ျပင္ေပးခ်င္ေၾကာင္း ေျပာျပသြားခဲ့ပါတယ္ ။ လက္႐ွိမွာေတာ့ ညီငယ္ေတြ အသက္ႀကီးလာမဲ့အရြယ္ကိုသာ ေစာင့္ေနရၿပီး ၊ ကေလးထိန္တစ္ေယာက္႐ွိရင္ သူအေတာ္ေလး ကံေကာင္းမွာပဲ ဆိုၿပီး ေမ်ွာ္လင့္ေနရလ်က္႐ွိပါတယ္ ။

Jasmine (NIKHIT)

  • Leave a Comment

Categories