






credit – Myanmarload

Unicode

ပါးနီတာရဲလေးတွေက ဖောင်းကစ်နေပြီး အသည်းယားစရာကောင်းအောင် ရယ်ပြတတ်နေတဲ့သားလေးကို ချစ်မဝဖြစ်နေတဲ့ပန်းအိဖြူ

အဆိုတော် ပန်းအိဖြူကတော့ သာယာချိုမြတဲ့အသံပိုင်ရှင်လေးဖြစ်ပြီး တေးသီချင်းကောင်းလေးတွေကို နားဆင်သူပရိသတ်တွေရဲ့ရင်ထဲထိရောက်အောင် သီဆိုနိုင်သူလေး ဖြစ်ပါတယ် ။ မြန်မာသံစဥ်သီချင်းတွေသာမက အချစ်၊အလွမ်းစတဲ့ သီချင်းအမျိုးအစားလေးတွေကိုပါ သီဆိုလေ့ရှိတဲ့ ပန်းအိဖြူကို ပရိသတ်တွေကလည်း ဝန်းရံအားပေးကြတာ ဖြစ်ပါတယ် ။ အခုဆိုရင် ပရိသတ်တွေက ပန်းအိဖြူကိုသာမက သူမရဲ့ရင်သွေးလေးကိုပါ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

ပန်းအိဖြူကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားဦးလေးကို ပင်လုံဆေးရုံမှာ အောင်မြင်စွာမွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။ ရက်သားလေးသာရှိသေးတဲ့ ပန်းအိဖြူရဲ့သားလေးက ပါးနီတာရဲလေးတွေနဲ့ အသည်းယားစရာကောင်းလွန်းတဲ့ ကလေးလေးလည်း ဖြစ်ပါတယ် ။

အခုလည်း မေမေပန်းအိဖြူက ချစ်စရာကောင်းတဲ့သားလေးကို ကိုယ်တိုင် ဓာတ်ပုံရိုက်ပေးထားတာ ဖြစ်ပါတယ် ။ ပန်းအိဖြူက “မင်္ဂလာပါခင်ဗျာ ဒီပုံလေးတွေက သားသားလူ့လောကထဲရောက်တာ ၆ ရက်မြောက်နေ့က သားသားမေမေပန်းအိက သားသားကို အမှတ်တရ ရိုက်ပေးထားတာပါ”

“ဒီနေ့ဆို သားသား အသက် (၈) ရက် ရှိပါပြီ ခင်ဗျာ..သားသားမျက်လုံးလေးတွေလည်း ဖွင့်လို့ရပြီး၊သားသားဖေဖေနဲ့ မေမေကိုလည်း ချွဲတတ်ပြီး၊ သားသားရဲ့ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင်လည်း သားသား ရယ်ပြနေတတ်ပါပြီ…

ဘိုးဘိုး၊ဘွားဘွား၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမများ သားသားကိုချစ်ရင် အသည်းလေးတွေပေးခဲ့ပါလို့…သားသားကိုယ်စားမေမေပန်းအိ ပြောပေးတာပါနော်” ဆိုပြီး သားသားရဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ဖို့ကောင်းတဲ့ ပန်းအိဖြူသားလေးရဲ့ပုံရိပ်တွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Pann Ei Phyu Vocalist

credit – Myanmarload

  • Leave a Comment