စိတ်ညစ်နေတာတွေကို တခဏတာလောက် ပြေပျောက်သွားစေမယ့် ဓာတ်ပုံများ

ခက်ခဲပင်ပန်းတဲ့နေ့ရက်တွေကို လူတိုင်း ကြုံတွေ့ရပါတယ်။ စိတ်ညစ်နေချိန်မှာ စိတ်ရှုပ်စရာတွေကိုမတွေးဘဲ ပျော်စရာတွေကို လိုက်ရှာမှသာ စိတ်ဓာတ်ကျတာကနေ သက်သာရာရမှာပဲဖြစ်ပါတယ်။ ဒီတော့ စိတ်ညစ်နေတဲ့ သူတွေ ပြန်ပြီးပျော်ရွှင်လာစေမယ့် အူတက်အောင်ရယ်ရတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

(၁)

အိမ်မှာမွေးထားတဲ့ ခွေးလေးတစ်ကောင်တည်းပျင်းနေတာနဲ့

သူ့ကို ယူကျုပေါ်က ရှဉ့်လေးတွေရဲ့ ဗီဒီယိုလေးတွေကို ဖွင့်ပြလိုက်တာ တမေ့တမောကို ကြည့်နေတော့တာပါပဲ။

(၂)

စက်ဘီးနဲ့ အလုပ်သွားနေကျ ဆိုတော့

ကားဝယ်စီးလိုက်တာတောင် အကျင့်ကမပျောက်တော့ဘူး။

(၃)

စာတိုက်မှာ စာအိတ်ပိတ်ဖို့အတွက် ကော်အစား ဒီခွေးလေးကို လျှာနဲ့ယက်ခိုင်းပြီး ပိတ်ခိုင်းတာတဲ့နော်..

ဒီလိုလုပ်ဖို့အတွက် တရားဝင်ကို အလုပ်ခန့်ထားတာပါတဲ့။

(၄)

ဝယ်ထားတဲ့ကားက ဈေးကြီးလွန်းတယ်..

အဲ့တော့ အပွန်းပဲ့တော့ မခံနိုင်ပါဘူး။ ကြိုတင်ကာကွယ်ထားရမယ်မဟုတ်လား။

(၅)

ဒီလောက်အများကြီး သူ့အတွက် အိမ်တွေ ဝယ်ပေးထားတာတောင်

စက္ကူဘူးမှ အသဲစွဲဖြစ်နေတော့လည်း..

(၆)

သူကတော့ ပျော်စရာအချိန်တွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမလားနော်။

(၇)

နှစ်ခုပေါင်းပြီး ပုံဖော်လိုက်မှပဲ အောင်မြင်တော့တယ်။

စပ်ဖြဲဖြဲ ရုပ်လေး ဖြစ်နေတာကလွဲလို့ပေါ့

(၈)

ညဘက်ဆို သူလေးက အဲ့ဒီနေရာမှာ ထိုင်နေပြီးတော့ စောင့်ကြည့်ပေးတယ်လေ။

အဲ့တော့ ဘယ်က စီစီတီဗီတွေကို တပ်ဖို့ လိုအုံးမလဲ။

(၉)

တိရစ္ဆာန်ရုံသွားလည်ရင်းနဲ့ တရားမှတ်နေတဲ့ လီမာကောင်လေးကို တွေ့ခဲ့တယ်..

သူကတော့မသိရင် ဈာန် ရနေသလိုလို နဲ့ ခပ်တည်တည်ပဲ။

(၁၀)

လေယာဉ်စီးနေတဲ့ တစ်လျှောက်လုံး တစ်ယောက်ယောက်က လှမ်းကြည့်နေသလို ခံစားနေရပေမယ့် နောက်ဆုံးမှ သဘောပေါက်လိုက်တာပါ။

တကယ်တော့ မျက်မှန်ကို ခေါင်းအနောက်ဘက်မှာ တပ်ထားတာပါ

တိုက်တိုက်ဆိုင်ဆိုင်ပဲ မျက်နှာနဲ့ တူသွားတော့ ကိုယ့်ကြည့်နေတယ်ထင်သွားတာပေါ့

(၁၁)

ကိုယ့်အသံကို ကြိုက်ပြီး ၁၅မိနစ်အော်ဆိုလိုက်မိပါတယ်။

ဘေးကနေထိုင်နေတဲ့ သူတို့ မျက်နှာတွေက အသက်….

အသံကောင်းလား မကောင်းလား မေးစရာတောင်မလိုတော့ဘူးနော်။

(၁၂)

ပုံထဲက လူကြီး ဘယ်ကို ဖုန်းခေါ်နေတယ်ဆိုတာကို မမေးတောင်သိနိုင်တယ်နော်..

ဘာလို့ဆို သူ့ရဲ့ တီရှပ်ပေါ်မှာ “ငါက အီတလီလူမျိုးဖြစ်တယ်။ ငါတို့က ရဲကို ဘယ်တော့မှ ဖုန်းမခေါ်ဘူး။ မိသားစုကိုပဲ ဖုန်းခေါ်တယ်တဲ့”

(၁၃)

အမြဲတမ်း အချစ်ခံရတဲ့ သူတွေကျပြန်တော့လည်း

ကြက်သွန်နီတောင် အသဲလေးရှိတဲ့ ကြက်သွန်နီရတယ်..

(၁၄)

အရမ်းကို ပင်ပန်းထားတော့ သူလေးလည်း အိပ်ငိုက်ရှာမှာပေါ့..

ကားဘရိတ်အုပ်ရင်သာ သူလန့်မနိုးအောင် ဖြည်းဖြည်း လုပ်ရမယ်။

(၁၅)

မက္ကစီကို သွားလည်ရင်းနဲ့ မက္ကစီကန်စတိုင် သူ့အတွက် ဆင်ပေးရမယ်လေ..

ဒါမှ မက္ကဆီကို က အငွေ့အသက်လေးတွေ ခံစားရမှာ။

(၁၆)

ကျွန်မခွေးလေးက ကျွန်မအတွက် အမေများနေ့အတွက် လက်ဆောင်ဆိုပြီး လုပ်ပေးတယ်လေ..

ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။

(၁၇)

သူဆိုလိုချင်တာက သေနတ်ကိုင်ဆောင်ထားတဲ့ ဒိုင်နိုဆော တွေကို ဝင်ခွင့်မပြုဘဲ ပန်းကိုင်ထားတဲ့ ဒိုင်နိုဆောတွေကိုမှ ဝင်ခွင့်ပြုမယ်ဆိုတဲ့ အဓိပ္ပါယ်လား..

ဒါမှမဟုတ် အကြမ်းဖက်ခြင်းကို ခွင့်မပြုဘဲ ငြိမ်းချမ်းစွာနေထိုင်ဖို့ အသိပေးတာများလား။

(၁၈)

စားပွဲခုံပေါ်လျှောက်တက်လို့ သူ့ကို အပြစ်ပေးထားတာကို

ဒင်းလေးက ခုံပေါ်ကို လက်တင်ပြီး မထိတထိ ပြန်စနေတယ်လေ..

(၁၉)

ရွှံ့တောကြီးလား ခွေးလားတောင် မမှတ်မိနိုင်တော့တဲ့အထိကို သောင်းကျန်းသူလေး

(၂၀)

ခရီးထွက်သွားတဲ့ သားကို အန္တရာယ်ကင်းစေဖို့အတွက် စက်ဘီးစီးဦးထုပ်ဆောင်းဖို့

ခွေးလေးကို မော်ဒယ်အဖြစ် ထားပြီး သတိလှမ်းပေးတာဖြစ်ပါတယ်။

(၂၁)

ဒီဓာတ်ပုံထဲမှာ ညာဘက်က ပုံက ဖိုတိုရှော့နဲ့ ပြုပြင်ထားတာပါ။

ဒါပေမယ့်လည်း အပြင်လက်တွေ့မှာသာ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ရှေ့မှာ အဲ့လိုဖြစ်သွားခဲ့ရင် မရီမိအောင် မနည်းထိန်းရမှာသေချာတယ်။

(၂၂)

ဒီမုန်လာဉနီဟာ ဒီကိုမရောက်ခင် မြေကြီးထဲမှာ ဘယ်လိုစိတ်ထိခိုက်စရာတွေများ ကြုံလာရလို့

ခုလောက်ထိ စိတ်ပျက်လက်ပျက် ဖြစ်နေရတာလဲ။

(၂၃)

ကိတ်မုန့်ဖုတ်သမားမှာ မျက်မှန်နောက်တစ်လက် ရှိသေးရဲ့လား …

ခုချက်ချင်း ဖုန်းဆက်မေးရမယ်။

တခြားကိတ်မုန့်တွေ ဆက်ဖုတ်ဖို့ မျက်မှန် မရှိလို့ ဘယ်ဖြစ်မလဲ။

(၂၄)

ကိုယ့်လိုမျိုး ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိနေပြီပဲ…

ရေလွှာလျှောအပြားကြီးနဲ့ ဓာတ်ပုံ ရိုက်နေစရာတောင်မလိုတော့ဘူးလေ။

ဒီလို ဓာတ်ပုံမျိုး ရဖို့ဆိုတာ မလွယ်မှန်း စမ်းရိုက်ကြည့်ဖူးသူတိုင်း သိပါတယ်နော်။

(၂၅)

ဒီလူကြီးရဲ့ မုတ်ဆိတ်က ကမ္ဘာပေါ်မှ အရှည်လျားဆုံး မုတ်ဆိတ်ဖြစ်ပါလိမ့်မယ်။ နေပါအုံး…မှားကြည့်မိပြီ။

တကယ်တော့ ဖုန်းကိုင်ထားတဲ့ အမျိုးသားရဲ့ရှေ့မှာ ဆံပင်ရှည်ရှည် ခန္ဓာကိုယ်သေးသေးသွယ်သွယ် အမျိုးသမီးက

မှန်ကိုကျောပေးပြီး မတ်တပ်ရပ်နေတာဖြစ်ပါတယ်။

(၂၆)

ဒီအသီးတွေကို ကျွန်တော့်အဖွား ရေလောင်းမိလိုက်သေးလား။

ဓာတ်ပုံလေးတွေကို ကြည့်ပြီး ခဏလောက်ဖြစ်ဖြစ် စိတ်ညစ်နေတာကို မေ့သွားကြမယ်ထင်ပါတယ်။

ကိုယ်သဘောအကျဆုံး ဓာတ်ပုံလေးတွေကို ရွေးပေးခဲ့ပါအုံးလား ပရိသတ်တို့ရေ။

  • Leave a Comment

Categories