သစ္တုံး တစ္တုံးနဲ႕တံတားတစ္စင္း ျဖစ္ေအာင္လုပ္နိုင္တဲ့ ေ႐ႊကရင္ဗ်ာ

က်ေနာ္တို႔နိုင္ငံမွာ တံတားတစ္စင္းကို ႏွစ္ပတ္မလည္ခင္ ၿပိဳက်တာတို႔၊အေဆာက္အဦးေတြ လက္စမသပ္ရေသးခင္ ၿပိဳက်တာတို႔မၾကာခဏၾကားခဲ့ဘူးတယ္။ဒို႔႐ြာမွာေတာ့ သစ္လုံး တစ္လုံးနဲ႕တံတားထိုးထားတာ ၁၀ ႏွစ္ေက်ာ္ၿပီးပန္းပန္လွ်က္ဘဲ။

မိုးတြင္းကာလ ေတာင္က်ေရေတြ အက်ၾကမ္းတဲ့အခ်ိန္အမ်ိဳးသမီးနဲ႕ကေလးငယ္ေတြအပါအဝင္ ႐ြာသူ႐ြာသားေတြဒီတံတားကို ျဖတ္ေလွ်ာက္ဖို႔မဝံ့မရဲ ျဖစ္ေနၾကလို႔က်ေနာ္တို႔႐ြာသူ/သားေတြက သစ္လုံးတလုံးနဲ႕ကို ပရိုဖက္ရွင္နယ္ တံတားေလးတစင္းျဖစ္ေအာင္လက္စြမ္းျပနိုင္ခဲ့တယ္။

ဒီတံတားေလးဟာ က်ေနာ္တို႔႐ြာသူ/သားေတြအတြက္လယ္ထဲဆင္း၊ ေတာင္ယာသြား၊ ေတာေတာင္ထဲသြားမွ်စ္ခ်ိဳး အသီးအ႐ြက္ရွာ၊ သစ္ခုတ္၊ ဝါးခုတ္၊တ႐ြာနဲ႕တ႐ြာ ကူးလူးသြားလာဖို႔အတြက္အလြန္ကို အသုံးဝင္တဲ့ တံတားတစင္းျဖစ္ပါတယ္။ဒီလက္စြမ္းအတြက္ကမၻာ့ဂရင္းနစ္ စံခ်ိန္ဝင္မလားပါဘဲ။

အရွည္ ေပႏွစ္ရာနီးပါးသစ္လုံးတစ္လုံးနဲ႕တံတားတစင္းျဖစ္ေအာင္ တည္ေဆာက္ခဲ့တဲ့ ဒီတံတားကို ျဖတ္ေလွ်ာက္ခ်င္ရင္ေတာ့ကရင္ျပည္နယ္ ၊ လွိုင္းဘြဲၿမိဳ႕နယ္ ၊ ေဒါနေတာင္ေျခမွာရွိတဲ့ ေနာင္တိုင္႐ြာ(ဏံင့္တိုင္)၊ ဝိုက္သနိုးေခ်ာင္းဆီကို ျမန္းလာခဲ့ေပါ့ေနာ္။

Karen News

photo by Kalar Aye

Unicode

သစ်တုံး တစ်တုံးနဲ့တံတားတစ်စင်း ဖြစ်အောင်လုပ်နိုင်တဲ့ ရွှေကရင်ဗျာ

ကျနော်တို့နိုင်ငံမှာ တံတားတစ်စင်းကို နှစ်ပတ်မလည်ခင် ပြိုကျတာတို့၊အဆောက်အဦးတွေ လက်စမသပ်ရသေးခင် ပြိုကျတာတို့မကြာခဏကြားခဲ့ဘူးတယ်။ဒို့ရွာမှာတော့ သစ်လုံး တစ်လုံးနဲ့တံတားထိုးထားတာ ၁၀ နှစ်ကျော်ပြီးပန်းပန်လျှက်ဘဲ။

မိုးတွင်းကာလ တောင်ကျရေတွေ အကျကြမ်းတဲ့အချိန်အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရွာသူရွာသားတွေဒီတံတားကို ဖြတ်လျှောက်ဖို့မဝံ့မရဲ ဖြစ်နေကြလို့ကျနော်တို့ရွာသူ/သားတွေက သစ်လုံးတလုံးနဲ့ကို ပရိုဖက်ရှင်နယ် တံတားလေးတစင်းဖြစ်အောင်လက်စွမ်းပြနိုင်ခဲ့တယ်။

ဒီတံတားလေးဟာ ကျနော်တို့ရွာသူ/သားတွေအတွက်လယ်ထဲဆင်း၊ တောင်ယာသွား၊ တောတောင်ထဲသွားမျှစ်ချိုး အသီးအရွက်ရှာ၊ သစ်ခုတ်၊ ဝါးခုတ်၊တရွာနဲ့တရွာ ကူးလူးသွားလာဖို့အတွက်အလွန်ကို အသုံးဝင်တဲ့ တံတားတစင်းဖြစ်ပါတယ်။ဒီလက်စွမ်းအတွက်ကမ္ဘာ့ဂရင်းနစ် စံချိန်ဝင်မလားပါဘဲ။

အရှည် ပေနှစ်ရာနီးပါးသစ်လုံးတစ်လုံးနဲ့တံတားတစင်းဖြစ်အောင် တည်ဆောက်ခဲ့တဲ့ ဒီတံတားကို ဖြတ်လျှောက်ချင်ရင်တော့ကရင်ပြည်နယ် ၊ လှိုင်းဘွဲမြို့နယ် ၊ ဒေါနတောင်ခြေမှာရှိတဲ့ နောင်တိုင်ရွာ(ဏံင့်တိုင်)၊ ဝိုက်သနိုးချောင်းဆီကို မြန်းလာခဲ့ပေါ့နော်။

Karen News

photo by Kalar Aye

  • Leave a Comment

Categories