လူေနအိမ္ထဲဝင္ ဖုန္း၀င္ခိုးျပီး Selfie ေတြအမ်ားၾကီးရိုက္ခဲ့တဲ့ ေမ်ာက္ကေလး

လူတစ္ေယာက္အတြက္ ဒီေန႔ေခတ္မွာ ဖုန္းတစ္လံုးဟာ အရမ္းအေရးပါတာကိုေတာ့ လူတိုင္းသိၾကျပီး ျဖစ္မွာပါ။ ကိုယ္ရဲ႕ ဖုန္းတစ္လံုးေပ်ာက္သြားရင္ လူတိုင္း စိတ္ညစ္ၾကမွာပါပဲ။ဘာေၾကာင့္လဲဆိုေတာ့ အဲဒီဖုန္းတစ္လံုးအထဲမွာပဲ အေရးၾကီးတဲ့လူေတြရဲ႕ ဖုန္းနံပါတ္ေတြ၊ ကိုယ့္ရဲ႕ Personal information ေတြ၊ အမွတ္တရဓာတ္ပံုေတြ၊ ဆိုရွယ္မီဒီယာအေကာင့္ေတြ အကုန္လံုး ပါသြားလို႔ပဲ ျဖစ္ပါတယ္။ အခုလည္း ေကာင္ေလးတစ္ေယာက္ဟာ ရုတ္တရက္ဖုန္းေပ်ာက္သြားခဲ့ျပီး ေနာက္ဆံုးမွာမွ သူ႔ရဲ႕ ဖုန္းကို ေမ်ာက္တစ္ေကာင္က ခိုးသြားမွန္းသိလုိက္ရျပီး ရယ္စရာအျဖစ္အပ်က္တစ္ခု ျဖစ္ပြားခဲ့ေၾကာင္း Storypick သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါ ေကာင္ေလးကေတာ့ မေလးရွားႏိုင္ငံမွာ ေနထိုင္တဲ့ အသက္ ၂၀ အရြယ္ Zackrydz Rodzi လို႔ အမည္ရတဲ့ ေကာင္ေလးပဲ ျဖစ္ပါတယ္။ Zackrydz ဟာ ျပီးခဲ့တဲ့ စေနေန႕(၁၂.၉.၂၀၂၀)မနက္တုန္းက အိပ္ရာထလာတဲ့အခ်ိန္မွာ သူ႔ဖုန္းေပ်ာက္ေနတာ သတိထားခဲ့မိျပီး ေရွာ့ခ္ရခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေနာက္ဆံုး မအိပ္ခင္မွာ ဖုန္းသံုးျပီး ဖုန္းကို သူ႕အခန္းထဲရွိ ျပတင္းေပါက္နားက စားပြဲတစ္ခုအေပၚမွာ တင္ခဲ့တာကို သတိရခဲ့လို႔ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Zackrydz ဟာ သူ႔အေဖကို အကူအညီေတာင္းျပီး လိုက္ရွာခဲ့ပါတယ္။

ေနာက္ဆံုးမွာေတာ့ ေမ်ာက္တစ္ေကာင္ရဲ႕ အသံကိုၾကားခဲ့ရတဲ့အတြက္ေၾကာင့္ ဖုန္းကို ေခၚၾကည့္လိုက္ရာမွာ ဖုန္းအသံဟာ Zackrydz ရဲ႕ ဖုန္းဟာ ျခံအေနာက္ဖက္မွာရွိတဲ့ ေတာအုပ္ထဲက ထြက္လာတာကို သတိထားခဲ့မိပါတယ္။ ေနာက္ဆံုးမွာေတာ့ ေတာအုပ္အစပ္မွာရွိတဲ့ သစ္ပင္ရဲ႕ ေျခရင္းမွာ ဖုန္းကို ျပန္ေတြ႕ခဲ့ပါတယ္။

ဖုန္းျပန္ရရခ်င္း Gallery ထဲက ပံုေတြေၾကာင့္ Zackrydz တစ္ေယာက္ အခ်ိန္ေတာ္ေတာ္ၾကာ ရယ္ေနခဲ့မိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ဖုန္းထဲက Gallery ထဲမွာ ေမ်ာက္တစ္ေကာင္ဟာ ပံုစံမ်ိဳးစံုနဲ႔ Selfie ရိုက္ထားတာကို ေတြ႕လိုက္ရလို႔ပါပဲ။

“ေတာ္ေတာ္ေလးကို ရယ္ဖို႔ေကာင္းပါတယ္။ ေမ်ာက္က ကမန္ေတာ္တို႔ လူေတြ Selfie ရိုက္တာကို သတိထားမိခဲ့ျပီး သူကိုယ္တိုင္လည္း Selfie ရိုက္ခဲ့တာ ထင္ပါတယ္။ သူလည္း Selifie ရိုက္ျပီး ေတာ္ေတာ္ေလးေပ်ာ္ေနတဲ့ပံုပါပဲ။ ကၽြန္ေတာ္ကေတာ့ အဲဒီပံုေတြကို အမွတ္တရ သိမ္းထားခ်င္လို႔ လံုးဝမဖ်က္ဖို႔ စဥ္းစားထားပါတယ္”လို႔ Zackrydz က ေျပာၾကားခဲ့ပါတယ္။

credit – shwemom

Unicode

လူနေအိမ်ထဲဝင် ဖုန်းဝင်ခိုးပြီး Selfie တွေအများကြီးရိုက်ခဲ့တဲ့ မျောက်ကလေး

လူတစ်ယောက်အတွက် ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးဟာ အရမ်းအရေးပါတာကိုတော့ လူတိုင်းသိကြပြီး ဖြစ်မှာပါ။ ကိုယ်ရဲ့ ဖုန်းတစ်လုံးပျောက်သွားရင် လူတိုင်း စိတ်ညစ်ကြမှာပါပဲ။ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်းတစ်လုံးအထဲမှာပဲ အရေးကြီးတဲ့လူတွေရဲ့ ဖုန်းနံပါတ်တွေ၊ ကိုယ့်ရဲ့ Personal information တွေ၊ အမှတ်တရဓာတ်ပုံတွေ၊ ဆိုရှယ်မီဒီယာအကောင့်တွေ အကုန်လုံး ပါသွားလို့ပဲ ဖြစ်ပါတယ်။ အခုလည်း ကောင်လေးတစ်ယောက်ဟာ ရုတ်တရက်ဖုန်းပျောက်သွားခဲ့ပြီး နောက်ဆုံးမှာမှ သူ့ရဲ့ ဖုန်းကို မျောက်တစ်ကောင်က ခိုးသွားမှန်းသိလိုက်ရပြီး ရယ်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကောင်လေးကတော့ မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် Zackrydz Rodzi လို့ အမည်ရတဲ့ ကောင်လေးပဲ ဖြစ်ပါတယ်။ Zackrydz ဟာ ပြီးခဲ့တဲ့ စနေနေ့(၁၂.၉.၂၀၂၀)မနက်တုန်းက အိပ်ရာထလာတဲ့အချိန်မှာ သူ့ဖုန်းပျောက်နေတာ သတိထားခဲ့မိပြီး ရှော့ခ်ရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံး မအိပ်ခင်မှာ ဖုန်းသုံးပြီး ဖုန်းကို သူ့အခန်းထဲရှိ ပြတင်းပေါက်နားက စားပွဲတစ်ခုအပေါ်မှာ တင်ခဲ့တာကို သတိရခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Zackrydz ဟာ သူ့အဖေကို အကူအညီတောင်းပြီး လိုက်ရှာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မျောက်တစ်ကောင်ရဲ့ အသံကိုကြားခဲ့ရတဲ့အတွက်ကြောင့် ဖုန်းကို ခေါ်ကြည့်လိုက်ရာမှာ ဖုန်းအသံဟာ Zackrydz ရဲ့ ဖုန်းဟာ ခြံအနောက်ဖက်မှာရှိတဲ့ တောအုပ်ထဲက ထွက်လာတာကို သတိထားခဲ့မိပါတယ်။ နောက်ဆုံးမှာတော့ တောအုပ်အစပ်မှာရှိတဲ့ သစ်ပင်ရဲ့ ခြေရင်းမှာ ဖုန်းကို ပြန်တွေ့ခဲ့ပါတယ်။ ဖုန်းပြန်ရရချင်း Gallery ထဲက ပုံတွေကြောင့် Zackrydz တစ်ယောက် အချိန်တော်တော်ကြာ ရယ်နေခဲ့မိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဖုန်းထဲက Gallery ထဲမှာ မျောက်တစ်ကောင်ဟာ ပုံစံမျိုးစုံနဲ့ Selfie ရိုက်ထားတာကို တွေ့လိုက်ရလို့ပါပဲ။

“တော်တော်လေးကို ရယ်ဖို့ကောင်းပါတယ်။ မျောက်က ကမန်တော်တို့ လူတွေ Selfie ရိုက်တာကို သတိထားမိခဲ့ပြီး သူကိုယ်တိုင်လည်း Selfie ရိုက်ခဲ့တာ ထင်ပါတယ်။ သူလည်း Selifie ရိုက်ပြီး တော်တော်လေးပျော်နေတဲ့ပုံပါပဲ။ ကျွန်တော်ကတော့ အဲဒီပုံတွေကို အမှတ်တရ သိမ်းထားချင်လို့ လုံးဝမဖျက်ဖို့ စဉ်းစားထားပါတယ်”လို့ Zackrydz က ပြောကြားခဲ့ပါတယ်။

credit – shwemom

  • Leave a Comment