ဒီတိရစ္ဆာန်တွေကို တွေ့ရင် သင်သူဌေးဖြစ်ပြီ

မျက်စိတစ်မိတ်အတွင်းမှာ သန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ ထီပေါက်ရင်ပေါက် ဒါမှမဟုတ် ရတနာသိုက် တစ်ခုခု ရှာတွေ့ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် နောက်တစ်နည်းကလည်း ခုပြောပြမယ့် တိရစ္ဆာန်လေးတွေကို ရှာတွေ့ခဲ့ရင်လည်း ချမ်းသာသွားနိုင်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ အရမ်းကို ရှားပါးလွန်းလှပြီး တန်ကြေးကြီးမားလှတဲ့ တောရိုင်းတိရိစ္ဆာန်တွေအကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

အာရပ်မြင်း

အာရပ်မြင်းတွေဟာ ကမ္ဘာမှာ ရှေးအကျဆုံးနဲ့ လူကြိုက်အများဆုံး မျိုးကောင်းမျိုးသန့် မြင်းတွေပဲ ဖြစ်ပါတယ်။ အာရေဗီယံမြင်းတွေဟာ သူတို့ရဲ့လှပမှု၊ အမြန်နှုန်းနဲ့ သက်လုံကောင်းမှုတွေကြောင့် ကမ္ဘာမှာ အကျော်ကြားဆုံးပဲ ဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ သူတို့တွေကို မြင်းပြိုင်ပွဲတွေနဲ့ မြင်းစီးပွဲတွေ မှာ အဓိက အသုံးပြုခဲ့ကြပါတယ်။ အပျော်တမ်းမြင်းစီးတာမျိုးကစလို့ အလှစီးမြင်းပြိုင်တာမျိုးတွေမှာလည်း အသုံးပြုကြပါတယ်။ ဒါ့အပြင် အာရပ်မြင်းတွေဟာ အရမ်းလှပတဲ့ မြင်းကောင်းမြင်းသန့်တွေဖြစ်တာကြောင့် သူတို့တွေကို အမျိုးမျိုးသော ရုပ်ရှင်တွေမှာ ထည့်သွင်း ရိုက်ကူးကြပါတယ်။

ဒီလိုရိုက်ကူးရာမှာလည်း ဈေးပေါပေါနဲ့ ရိုက်ကူးလို့မရပါဘူး။ ဒီလို မြင်းမျိုးတစ်ကောင်ကို ငှားရမ်းရင်တော့ ဒေါ်လာ ၃၀၀၀၀ လောက် ကုန်ကျပါတယ်။ စကားမစပ်ပြောရမယ်ဆိုရင် ကမ္ဘာ့သမိုင်းမှာ ဈေးအကြီးဆုံး အာရပ်မြင်းကိုတော့ ပက်ဒရွန်လို့ ခေါ်ပြီး အဲ့မြင်းကိုတော့ ၁၉၈၄ ခုနှစ်က ဒေါ်လာ ဆယ့်တစ်သန်းနဲ့ ရောင်းချခဲ့ပါတယ်။ မြင်းတစ်ကောင်ကို ဒေါ်လာ ဆယ့်တစ်သန်းပါ။ မယုံနိုင်စရာကောင်းအောင်ကို များပြားလှပါတယ်။

ခြင်္သေ့ဖြူ

ခြင်္သေ့ဖြူဆိုတာဟာ တောင်အာဖရိကမှာ ရှိတဲ့ အလွန် အဆင်းလှပတဲ့ ဒဏ္ဍာရီလာ စိတ်ကူးယဉ်ဆန်ဆန် သတ္တဝါအဖြစ် အချိန်ကာလ တော်တော်ကြာအောင် ယုံကြည်ခဲ့ကြပါတယ်။ ခုခါမှာတော့ ခြင်္သေ့ဖြူတွေကို တွေ့မြင်ဖို့ အတော်လေး ရှားပါးနေပြီး ဘေးမဲ့တောတွေမှာပဲ တွေ့မြင့်နိုင်တော့တာပဲဖြစ်ပါတယ်။ ဒီနှင်းဖြူခြင်္သေ့တွေဟာ အယ်လ်ဘီနိုရောဂါကြောင့် အခုလိုဖြစ်နေခဲ့တာ မဟုတ်သလို သီးခြားမျိုးစိတ် တစ်ခုလည်း မဟုတ်ပြန်ပါဘူး။ သူတို့ရဲ့အရောင်တွေဟာ အတော်လေး ရှားပါးတဲ့ မျိုးဗီဇရောဂါတစ်မျိုးကြောင့်ဖြစ်နေတာပါ။ ဒီနေ့ခေတ်မှာတော့ ခြင်္သေ့ဖြူတွေဟာ အကောင်ပေါင်း ၃၀၀ ကျော်တောင် မရှိတော့ပါဘူး။

အဲ့အကောင်တွေတောင် ကမ္ဘာတစ်ဝှမ်းက တိရစ္ဆာန်ရုံတွေနဲ့ သဘာဝဘေးမဲ့တောတွေမှာပဲ ရှိနေတာဖြစ်ပြီး တောနက်ထဲမှာဆိုရင်တော့ အမဲလိုက်မုဆိုးတွေကြောင့် ဒီခြင်္သေ့ဖြူတွေအတွက် ရှင်သန်ဖို့ အခွင့်အလမ်း အလွန်နည်းပါတယ်။ ဒီရှားပါးတိရစ္ဆာန်ဟာ တကယ့်ကို အဖိုးတန်ပြီး ခြင်္သေ့ဖြူပေါက်စ တစ်ကောင်အတွက် အပြင်မှာ ဒေါ်လာ တစ်သိန်း သုံးသောင်း ဝန်းကျင်ရှိပါတယ်။ ဒါကြောင့်လည်း သူတို့က အမဲလိုက်မုဆိုးတွေရဲ့ အဓိကပြစ်မှတ်ဖြစ်လာရတာပဲဖြစ်ပါတယ်။

နှင်းမျောက်

ကမ္ဘာပေါ်မှာ ဆီးနှင်းဒဏ် အခံနိုင်ဆုံးမျောက်တွေဟာ ဂျပန်က သစ်တောတွေထဲမှာနေထိုင်ပြီးတော့ တကယ့်ကို အအေးဒဏ်ပြင်းထန်ပြီး နှင်းခဲတွေ ကျလေ့ရှိတဲ့ အလွန်အေးတဲ့ဆောင်းရာသီမှာတောင် နေထိုင်နိုင်ပါတယ်။ ဒါကြောင့်လည်း ဒီမျောက်တွေကို နှင်းမျောက်တွေဆိုပြီး နာမည်ပေးထားတာပဲဖြစ်ပါတယ်။ တစ်နှစ်ကို လေးလလောက် ဆီးနှင်းတွေ ကျရောက်တဲ့ ဂျပန်နိုင်ငံ မြောက်ပိုင်းမှာတော့ ဒီမျောက်တွေ နေထိုင်လေ့ရှိပြီးတော့ ပျမ်းမျှ ဆောင်းတွင်း အပူချိန်ဟာ အနုတ် ၅ ဒီဂရီစင်တီဂရိတ် ရှိပါတယ်။ သူတို့က အဲ့ဒီအအေးဒဏ်မှာ အသက်ရှင်နေနိုင်တာကလည်း သူတို့ရဲ့ ထူထဲလှတဲ့ အမွှေးတွေကြောင့်ပဲဖြစ်ပါတယ်။ ဒီနှင်းမျောက်တွေဟာ အလွန်အေးခဲတဲ့နေ့တွေမှာတော့ စမ်းချောင်းပူတွေထဲမှာ စိမ်ပြီး နေလေ့ရှိပါတယ်။ အဲ့ဒီမြင်ကွင်းတွေက ရယ်စရာကောင်းပြီး ကြည်နူးစရာလည်းကောင်းပါတယ်။

အထူးသဖြင့် အအေးများတဲ့နေ့တွေမှာ နှင်းမျောက်တွေဟာ ဓါးစာခံတွေ ဖမ်းခံထားရသလို ရေနွေးစမ်းချောင်းထဲမှာ စုပြုံပြီး ထိုင်နေလေ့ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ဒီလိုရေပူစမ်းထဲမှာ တစ်ကောင်နဲ့ တစ်ကောင် အမွှေးတွေ ခြောက်အောင် ပွတ်သပ်ပေးဖို့ အလှည့်ကျစောင့်ဆိုင်းတဲ့ စနစ်ကိုလည်း ကျင့်သုံးတတ်ကြပါတယ်။ မကြာသေးခင်ကတော့ ဒီတိရစ္ဆာန်တွေကို နိုင်ငံတကာမှာ မျိုးတုံးပျောက်ကွယ်တော့မယ့်တိရစ္ဆာန်စာရင်းထဲ ထည့်သွင်းခဲ့ကြပြီးတော့ ကာကွယ်စောင့်ရှောက်ရမယ့် မျိုးစိတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီမျောက်တစ်ကောင်ရဲ့ တန်ကြေးက ဒေါ်လာ ၃၀၀ ဝန်းကျင်လောက်ရှိပါတယ်။

ကော့ယင်ငှက်

ဒီငှက်ပုံစံကတော့ ကျွန်မတို့တွေ ကာတွန်းကားထဲမှာ ခဏခဏ မြင်ဖူးနေကြ ငှက်တစ်မျိုးလည်းဖြစ်ပါတယ်။ တကယ်တော့ အဲ့လိုငှက်မျိုးက အပြင်လောကမှာလည်း တကယ်ရှိပြီး ကမ္ဘာတစ်ဝန်းက အချို့နေရာတွေမှာ တွေ့နိုင်ပါတယ်။ အဲ့ဒီငှက်ရဲ့ ထူးခြားတဲ့အချက်ကတော့ သူ့နှုတ်သီးပဲဖြစ်ပြီး သူ့နှုတ်သီးမှာ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်နဲ့ လိမ္မော်အရောင် အကုန်လုံး ပေါင်းစပ်ထားပါတယ်။ ဒါကြောင့်လည်း သူတို့ကို သက်တံရောင် ကော့ယင်ငှက်လို့လည်း အမည်ပေးထားတာပဲဖြစ်ပါတယ်။

သူတို့က အဆော့မတ်ပြီး အပေါင်းအပါတွေနဲ့ နေရတာကို သဘောကျကြပါတယ်။ ဒါကြောင့် များသောအားဖြင့်တော့ သူတို့က သစ်ခေါင်းထဲမှာ ၅ ကောင် အုပ်စုဖွဲ့နေတတ်ကြပါတယ်။ ကော့ယင်ငှက်တစ်ကောင်ရဲ့ တန်ကြေးက ဒေါ်လာ ၅ ထောင်ကနေ တစ်သောင်းကြားရှိပါတယ်။ ပိုက်ဆံတက်နိုင်ရင်တောင် တာဝန်ရှိတဲ့ ရဲတွေရဲ့ ခွင့်ပြုချက်ရပြီးမှသာ မွေးမြူခွင့်ရမှာပဲဖြစ်ပါတယ်။

အယ်ဘိုင်နို စပါးအုံးမြွေ

ဒီမြွေကတော့ ကြည့်လိုက်ရုံနဲ့တင် အခြားမြွေတွေနဲ့ မတူပဲ သူ့ရဲ့ အရောင်အသွေးက ကွဲပြားခြားနားနေပါတယ်။ ဖြူစွပ်နေတဲ့ ကိုယ်ပေါ်မှာ အဝါရောင် အပြောက်တွေရှိနေပြီး အဲ့ဒါတွေက မြွေရဲ့ ထူးခြားတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒါအပြင် သူတို့မှာ အနီရောင်တောက်တောက် မျက်လုံတစ်စုံလည်း ရှိပါတယ်။ အယ်ဘိုင်နို စပါးအုံမြွေတွေက အာဖရိက က လာတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး အိမ်မွေး တိရစ္ဆာန်တွေထဲက တစ်ကောင်လည်းဖြစ်ပါတယ်။ ဈေးကြီးတာလည်း မပြောပါနဲ့။

သူတို့က မြွေချစ်တတ်သူတွေအတွက် အလှပဂေးတွေပဲဖြစ်ပြီး အရမ်းကို ရှားပါးလွန်းလှပါတယ်။ ဒါကြောင့် သင်တို့အနေနဲ့ ဒေါ်လာ ၄ သောင်း မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်း ၆၀၀ လောက် ပေးနိုင်တယ်ဆိုရင်တော့ အဲ့ဒီမြွေကို မွေးနိုင်ပါတယ်။ အစာကျွေးဖို့ကိုတော့ ခေါင်းစားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကြွက်တွေ ၊ ရှဉ့်တွေကို ကြိုက်ပြီး တစ်ကောင်လောက်ကျွေးထားရင် နှစ်ပတ်လောက် ကြာရှည်ခံတယ်လို့ သိရပါတယ်။

အနက်ရောင် ကတ္တဝါ

အနက်ရောင် ကတ္တဝါငှက်ဟာ အပြင်မှာ တကယ်အစစ် ရှိပြီးတော့ အင်မတန်ဈေးကြီးတဲ့ငှက်တစ်ကောင်ပဲ ဖြစ်ပါတယ်။ ဒီငှက်ဟာ ဩစတြေးလျမှာရှိတဲ့ ကတ္တဝါငှက်ထဲမှာတော့ ရှေးအကျဆုံး မျိုးစိတ်တွေလည်း ဖြစ်ပါတယ်။ ဒီလို ရှေးကျလွန်းတဲ့ သမိုင်းကြောင်းရှိတာကြောင့်ပဲ ဒီအနက်ရောင်ကတ္တဝါငှက်ဟာ တော်တော်လေး အပြောင်းအလဲမြန်ဆန်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့သတ္တဝါတစ်ကောင်လည်း ဖြစ်ပြန်ပါတယ်။ သူတို့ကို စည်းရုံးသိမ်းသွင်းဖို့လည်း အင်မတန်ခက်ပါတယ်။ လိမ္မာအောင် လေ့ကျင့်ပေးနေရင်းနဲ့ အမှားသေးသေးလေး တစ်ခုလုပ်မိတာကနေလည်း အရမ်း ဒေါသထွက်လွယ်ပြီး ရန်လိုတတ်ပါတယ်။ တကယ်တော့လည်း ကတ္တဝါငှက်အားလုံးက သဘာဝချင်း အကုန်အတူတူပဲ ဖြစ်ပါတယ်။ ဒီသတ္တဝါကိုတော့ လှောင့်ချိုင်ထဲ ထည့်ထားလို့လည်း မရပါဘူး။ ဘာလို့လဲဆိုတော့ သူ့သွားတွေနဲ့ လှောင့်ချိုင်တွေကို ကိုက်ဖြတ်တတ်လို့ပါပဲ။

အဲ့လိုမဟုတ်ပဲ အေးအေးဆေးဆေးရှိနိုင်မယ့် တိရစ္ဆာန်ရုံထဲ ထားမယ်ဆိုရင်လည်း မသင့်တော်ပြန်ပါဘူး။ တကယ်တော့ သူတို့ရဲ့ သဘာဝကကို အဲ့လိုဖြစ်နေတာပါ။ ဒီငှက်မျိုးစိတ်ဟာ ရှားပါးတဲ့အတွက် အစားထိုးဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် ဒီလို အကောင်းဆုံး အခြေအနေတွေနဲ့ ထိန်းသိမ်းထားနိုင်ရင်တောင် ဒီကတ္တဝါနက်ဟာ အချိန်အကြာကြီး အသက်မရှည်နိုင်တဲ့အပြင် သားလည်း မပေါက်ပါဘူး။ အခုအခါမှာတော့ တောနက်ထဲ ဒီငှက်မျိုးစိတ်တွေကို တွေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့သလောက် ရှိနေပါပြီ။ ဒါကြောင့် ဒီသတ္တဝါတစ်ကောင်ရဲ့တန်ဖိုးဟာ မှောင်ခိုဈေးကွက်မှာဆိုရင် ဒေါ်လာ ၁၆၀၀၀ မြန်မာငွေနဲ့ဆို သိန်း ၂၅၀ လောက်ရှိပါတယ်။

အာရိုဝါးနား ငါး

အာရှ အာရိုဝါးနားလို့ခေါ်တဲ့ ဒီငါးဟာ ရေချိုငါးတွေထဲမှာ အရွယ်အစား အကြီးဆုံး ငါးမျိုးစိတ်တွေထဲက တစ်မျိုးဖြစ်ပြီး တစ်ချို့မျိုးစိတ်တွေဆိုရင် ၈ ပေ အရှည်အထိ ကြီးထွားနိုင်ပါတယ်။ ပြောရင်တောင် ယုံမှာမဟုတ်ပါဘူး။ ဒီငါးတွေက ကျွန်မတို့ ကမ္ဘာပေါ်မှာ ဒိုင်နိုစော ခေတ်ကတည်းက ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဒီငါးကို အာရှဒေသမှာစည်းစိမ်ဥစ္စာ လာဘ်လာဘပေါကြွယ်ဝစေတဲ့ အဆောင်အဖြစ် သတ်မှတ် မွေးမြူကြပါတယ်။ ဒါကြောင့်ပဲ ဒီငါးဟာ အလွန်ဈေးကြီးလွန်းလှပါတယ်။ ဥပမာအနေနဲ့ ပြောရရင်တော့ အနီရောင် အာရိုဝါးနားငါးမျိုး ဆိုရင် ဒေါ်လာ သောင်းနဲ့ချီပြီး ပေါက်ဈေးရှိပါတယ်။

ဒီအနီရောင် အာရိုဝါးနားငါးမျိုးစိတ်ကို ပျောက်ကွယ်လုနီးပါးရှိတဲ့ မျိုးစိတ်အဖြစ်သတ်မှတ်လိုက်ပြီးကတည်းက ဒီငါးရောင်းချမှုတွေကို ကန့်သတ်ထားပါတယ်။ ဒီငါးနဲ့ပတ်သက်ပြီး အင်တာနက်မှာ ထွက်ပေါ်လာတဲ့ ကောလဟလတွေရှိတတ်ပြီးတော့ အဲ့တာကတော့ အရွယ်ရောက်ပြီး ငါးရဲ့ ကိုယ်ထဲမှာ အထူးပြုလုပ်ထားတဲ့ မိုက်ခရိုချစ် ထည့်ပေးထားတယ်လို့ ဆိုကြပါတယ်။ ဒီမိုက်ခရိုချစ်ထဲမှာတော့ ငါး ဘယ်အချိန်၊ ဘယ်နေရာမှာ ရှိနေသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဒီငါးမျိုးစိတ်အမည်နဲ့ မျိုးစိတ်အချက်အကုန်လုံး သိမ်းဆည်းထားတယ်လို့ ပြောကြပါတယ်။ အာရှာ အာရိုဝါးနားငါးတစ်ကောင်ရဲ့ အမြင့်ဆုံး လေလံတင်ရောင်းချခဲ့တဲ့ ဈေးက ဒေါ်လာ ၃ သိန်း ရှိတယ်လို့ သိရပြီး မြန်မာငွေနဲ့ဆိုရင် ငါးတစ်ကောင်ကို သိန်း ၄၅၀၀ တန်ကြေးရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီငါးက ကားအကောင်းစာတွေထက်တောင် ပိုပြီး တန်ဖိုးကြီးနေပါတယ်။

Credit – shwenyanshin

  • Leave a Comment

Categories