ငပိရည္မႀကိဳက္ဘူးေျပာလို႔ဝိုင္းဆဲၾကတဲ့လူေတြကိုျပတ္ျပတ္သားသားေျပာဆိုလိုက္တဲ့သံသာမိုးသိမ့္

မၾကာ​ေသးခင္​ကမွ MRTV 4 မွာထုတ္​လႊင့္သြားတဲ့ အခ်စ္​ဖြဲ႕​ေလညႇင္းဇာတ္​လမ္းတြဲ​ထဲက ခ်စ္​စရာဟန္​အမူအရာ​​ေလးနဲ႔ ​ေမပ်ိဳျဖဴ​ေနရာမွာ သ႐ုပ္​​ေဆာင္​တဲ့ ေကာင္​မ​ေလးကို ပရိသတ္​ႀကီးမွတ္​မိၾကဦးမယ္​ထင္​ပါတယ္​။

သူက​ေတာ့ ကြၽန္မကမေဟသီ ဇာတ္လမ္းတြဲမွာလည္း မိန္းမေခ်ာအျဖစ္ ပါဝင္​ခဲ့ၿပီး လူႀကိဳက္​မ်ားခဲ့တဲ့ မင္းသမီး​ေလး သံသာမိုးသိမ့္ဆိုတာ မိတ္​ဆက္​​ေပးစရာ​ေတာင္​ မလို​ေလာက္​ပါဘူး။

ပြင့္ပြင့္လင္းလင္းနဲ႔ ​ေပ်ာ္​​ေပ်ာ္​႐ႊင္​႐ႊင္​​ေနတတ္​တဲ့ သံသာမိုးသိမ့္က​ေတာ့ လက္ရွိျဖစ္​ပြား​ေနတဲ့ Covid 19 ကူးစက္ေရာဂါကို ကာကြယ္​ၾကဖို႔ ပရိသတ္​ကို အသိ​ေပး​ေနသူျဖစ္​သလို ရခိုင္ျပည္နယ္ကပရိသတ္​​ေတြအတြက္​လည္း သံသာ့ပရိသတ္​မ်ားအလႈဆိုၿပီး ပိုးသတ္ေဆးျဖန္းစက္အႀကီးတစ္လုံး၊ အလႈ​ေငြ ႏွင့္အတူ ပိုးသတ္ေဆး ၊ mask တို႔ကို မၾကာ​ေသးခင္​ကမွ လႉဒါန္းခဲ့ပါ​ေသးတယ္​။

သူ႔ရင္​ထဲကစကား​ေတြကို ပြင့္ပြင့္လင္းလင္း​ေျပာတတ္​သူ သံသာက​ေတာ့ သူတင္​လိုက္​တဲ့ ပို႔စ္​တစ္​ခုမွာ လာဆဲၾကတဲ့သူ​ေတြကို

” ငပိရည္မႀကိဳက္လို႔တဲ့ ဝိုင္းဆဲတာေနာ္။ေၾကာက္ေတာင္ေၾကာက္တယ္လူတိုင္းမွာ ကိုယ္စိတ္နဲ႔အဆင္မေျပတာရွိတယ္ ဒူးရင္းသီးမႀကိဳက္သူဟာ ဒူးရင္းသီးအနံ႔ရတာနဲ႔အန္တယ္။ တျခားမႀကိဳက္တာေတြလည္း မ်ိဳးစုံရွိမွာပဲ ကိုယ္ဆိုငပိမရဘူး အနံ႔ရတာနဲ႔အန္ခ်င္တယ္ ဒါလည္းစိတ္ပိုင္းဆိုင္ရာ weakness တစ္ခုပဲေလဘာေၾကာင့္ ဝိုင္းဆဲေနတာတုံး။ ရွင္တို႔ႀကိဳက္ရင္စားက်ေလ ကြၽန္မလည္း ကြၽန္မမႀကိဳက္ဘူးေျပာတာ။ ရွင္တို႔ကို ဘာမ်ားတအားစပ္စပ္ထိ ကုန္က်တာတုံး။

ရွင္တို႔မ်ားကြၽန္မက ငပိရည္မစားနဲ႔လို႔အမိန္႔ထုတ္လိုက္မိလို႔လား။ကြၽန္မစာမွာလည္း ဘယ္လိုစိတ္အေျခေနလည္းမသိဘူးေနာ္ဆိုၿပီးေျပာထားတယ္ စာကိုေသခ်ာမဖတ္ပဲ လာကိုက္ထဲက ေသခ်ာတယ္ ငပိရည္ေၾကာင့္မဟုတ္ဘူး အစထဲကကိုက္ခ်င္တာ ”ဆိုတဲ့စာေလးနဲ႔ တုန္႔ျပန္ခဲ့ပါတယ္​။

လူတစ္​ကိုယ္​ အႀကိဳက္​တစ္​မ်ိဳးစီရွိတာမို႔ သူမႀကိဳက္​တာကို မႀကိဳက္​လို႔ရယ္​လို႔ အျပစ္​တင္​လို႔မရပါဘူး​။ သံသာကလည္း သူ႔အားနည္းခ်က္​လို႔​ေျပာၿပီး ဝန္​ခံထားတာမို႔ ပရိသတ္​ႀကီးလည္း သူ႔အႀကိဳက္​ က္ို​ယ့္အႀကိဳက္​ကို နားလည္​​ေပးၾကလိမ့္​မယ္​လို႔ ​ေမွ်ာ္​လင့္ပါတယ္​။ အားလုံးလည္း သာယာတဲ့​ေန႔​ေလးကို ပိုင္​ဆိုင္​ႏိုင္​ၾကပါ​ေစ​ေနာ္​။

credit – Yin Khat Pan ( Writer – LLA )

Unicode

ငပိရည်မကြိုက်ဘူးပြောလို့ဝိုင်းဆဲကြတဲ့လူတွေကိုပြတ်ပြတ်သားသားပြောဆိုလိုက်တဲ့သံသာမိုးသိမ့်

မကြာ​သေးခင်​ကမှ MRTV 4 မှာထုတ်​လွှင့်သွားတဲ့ အချစ်​ဖွဲ့​လေညှင်းဇာတ်​လမ်းတွဲ​ထဲက ချစ်​စရာဟန်​အမူအရာ​​လေးနဲ့ ​မေပျိုဖြူ​နေရာမှာ သရုပ်​​ဆောင်​တဲ့ ကောင်​မ​လေးကို ပရိသတ်​ကြီးမှတ်​မိကြဦးမယ်​ထင်​ပါတယ်​။

သူက​တော့ ကျွန်မကမဟေသီ ဇာတ်လမ်းတွဲမှာလည်း မိန်းမချောအဖြစ် ပါဝင်​ခဲ့ပြီး လူကြိုက်​များခဲ့တဲ့ မင်းသမီး​လေး သံသာမိုးသိမ့်ဆိုတာ မိတ်​ဆက်​​ပေးစရာ​တောင်​ မလို​လောက်​ပါဘူး။

ပွင့်ပွင့်လင်းလင်းနဲ့ ​ပျော်​​ပျော်​ရွှင်​ရွှင်​​နေတတ်​တဲ့ သံသာမိုးသိမ့်က​တော့ လက်ရှိဖြစ်​ပွား​နေတဲ့ Covid 19 ကူးစက်ရောဂါကို ကာကွယ်​ကြဖို့ ပရိသတ်​ကို အသိ​ပေး​နေသူဖြစ်​သလို ရခိုင်ပြည်နယ်ကပရိသတ်​​တွေအတွက်​လည်း သံသာ့ပရိသတ်​များအလှုဆိုပြီး ပိုးသတ်ဆေးဖြန်းစက်အကြီးတစ်လုံး၊ အလှု​ငွေ နှင့်အတူ ပိုးသတ်ဆေး ၊ mask တို့ကို မကြာ​သေးခင်​ကမှ လှူဒါန်းခဲ့ပါ​သေးတယ်​။

သူ့ရင်​ထဲကစကား​တွေကို ပွင့်ပွင့်လင်းလင်း​ပြောတတ်​သူ သံသာက​တော့ သူတင်​လိုက်​တဲ့ ပို့စ်​တစ်​ခုမှာ လာဆဲကြတဲ့သူ​တွေကို

” ငပိရည်မကြိုက်လို့တဲ့ ဝိုင်းဆဲတာနော်။ကြောက်တောင်ကြောက်တယ်လူတိုင်းမှာ ကိုယ်စိတ်နဲ့အဆင်မပြေတာရှိတယ် ဒူးရင်းသီးမကြိုက်သူဟာ ဒူးရင်းသီးအနံ့ရတာနဲ့အန်တယ်။ တခြားမကြိုက်တာတွေလည်း မျိုးစုံရှိမှာပဲ ကိုယ်ဆိုငပိမရဘူး အနံ့ရတာနဲ့အန်ချင်တယ် ဒါလည်းစိတ်ပိုင်းဆိုင်ရာ weakness တစ်ခုပဲလေဘာကြောင့် ဝိုင်းဆဲနေတာတုံး။ ရှင်တို့ကြိုက်ရင်စားကျလေ ကျွန်မလည်း ကျွန်မမကြိုက်ဘူးပြောတာ။ ရှင်တို့ကို ဘာများတအားစပ်စပ်ထိ ကုန်ကျတာတုံး။

ရှင်တို့များကျွန်မက ငပိရည်မစားနဲ့လို့အမိန့်ထုတ်လိုက်မိလို့လား။ကျွန်မစာမှာလည်း ဘယ်လိုစိတ်အခြေနေလည်းမသိဘူးနော်ဆိုပြီးပြောထားတယ် စာကိုသေချာမဖတ်ပဲ လာကိုက်ထဲက သေချာတယ် ငပိရည်ကြောင့်မဟုတ်ဘူး အစထဲကကိုက်ချင်တာ ”ဆိုတဲ့စာလေးနဲ့ တုန့်ပြန်ခဲ့ပါတယ်​။

လူတစ်​ကိုယ်​ အကြိုက်​တစ်​မျိုးစီရှိတာမို့ သူမကြိုက်​တာကို မကြိုက်​လို့ရယ်​လို့ အပြစ်​တင်​လို့မရပါဘူး​။ သံသာကလည်း သူ့အားနည်းချက်​လို့​ပြောပြီး ဝန်​ခံထားတာမို့ ပရိသတ်​ကြီးလည်း သူ့အကြိုက်​ က်ို​ယ့်အကြိုက်​ကို နားလည်​​ပေးကြလိမ့်​မယ်​လို့ ​မျှော်​လင့်ပါတယ်​။ အားလုံးလည်း သာယာတဲ့​နေ့​လေးကို ပိုင်​ဆိုင်​နိုင်​ကြပါ​စေ​နော်​။

credit – Yin Khat Pan ( Writer – LLA )

  • Leave a Comment