ရည်းစားမရှိမယ့်တူတူ ဆံပင်ပုံစံကိုအမျိုးမျိုးပုံသွင်း၍ စိတ်ပြေလက်ပျောက် မြို့ထဲလျှောက်လည်ခဲ့ကြသော သူငယ်ချင်း၄ယောက်

လူတိုင်းက သူတို့ရဲ့ဘဝကို ကြိုက်သလိုပုံစံမျိုးနဲ့ လွတ်လပ်စွာနေထိုင်ခွင့်ရှိပြီး တစ်ခါတစ်လေ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ခြင်းကလည်း စိတ်ကိုဖိစီးနေတာတွေ ပြေပျောက်စေနိုင်သည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်စုသည် သစ္စာရှိစွာနဲ့ ရည်းစားတစ်ယောက်မှမထားကြပဲ သူငယ်ချင်းတွေမကွဲမကွာနေကြကာ တစ်နေ့မှာတော့ အလှပြင်ဆိုင်သို့ သွားရောက်ပြီး တစ်ယောက်တစ်မျိုးဆီ ဆံပင်စတိုင်ပုံစံပြောင်းလဲခဲ့ကြသည်။

သူတို့လေးယောက်သည် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကိုပင် ဂရုမစိုက်တော့ပဲ သူတို့လိုချင်သောဆံပင်ပုံစံမျိုး ပုံသွင်းယူခဲ့ကြပြီး ထိုဆံပင်ကေနဲ့ပဲ မြို့အနှံ့လျှောက်လည်ခဲ့ကြရာ မြင်တွေ့သူများက သဘောကျစွာဖြင့် ပုံများရိုက်ယူပြီး လိုင်းပေါ်တင်ခဲ့ကြသည်။

အချို့ကျတော့လည်း သူတို့ရဲ့ဆံပင်ပုံကိုမြင်ပြီး အရူးတွေဆိုပြီး ကဲ့ရဲ့ကြတာရှိသလို အချို့က ဆံပင်ပုံစံအား ကြာရှည်အောင် ထိန်းထားနိုင်ခြင်းကြောင့် ချီးမွမ်းနေကြသည်။

Rain (For Ialinks)

Zawgyi

ရည်းစားမရှိမယ့်တူတူ ဆံပင်ပုံစံကိုအမျိုးမျိုးပုံသွင်း၍ စိတ်ပြေလက်ပျောက် မြို့ထဲလျှောက်လည်ခဲ့ကြသော သူငယ်ချင်း၎ယောက်





Rain (For Ialinks)

  • Leave a Comment

Categories