ခန္ဓာကိုယ်ကဝတုတ်တုတ်နဲ့ မလိုက်မကိုက် ဂါဝန်တိုတိုလေးတွေ ဝတ်ဆင်ထားမှုကြောင့် လူအများရဲ့ကဲ့ရဲ့ခံနေရပေမယ့် နောက်ကွယ်ကအမှန်တရားကိုသိရှိပြီး စိတ်မကောင်းဖြစ်ခဲ့ရ

လူသားတို့နေထိုင်ရာ ပတ်ဝန်းကျင်သည် ကိုယ့်ကိုယ်ကိုသာ အပြစ်မမြင်တတ်ကြပေမယ့် သူတစ်ပါးကိုကျ အပြင်ပုံကြည့်ပြီး ရစရာမရှိလေအောင် ပြောဆို ကဲ့ရဲ့တတ်ကြသည့် သဘာဝရှိသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နေထိုင်သော အမျိုးသမီးကြီးတစ်ဦးသည် ဆယ်ကျော်သက်အရွယ်ဝတ် ဂါဝန်တိုတိုလေးတွေကို ဝတ်ဆင်ပြီး လမ်းပေါ်ပတ်ထွက်နေသည့်အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကို ခံခဲ့ရသည်။

အမျိုးသမီးကြီးသည် အမှန်တကယ်တမ်းတော့ ကျန်းမာရေးမကောင်း၍ ရောဂါအပြင်းအထန်ခံစားရချိန် ဆံပင်တွေလည်းကျွတ်ကုန်ပြီး ခန္ဓာကိုယ်ကလည်း ပုံမှန်တိုင်းမဟုတ်တော့ပဲ ဖောရောင်လာကာ ရုပ်ရည်လည်းပိုရင့်သွားခဲ့တာကြောင့် ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ရင်း စိတ်ဓာတ်တွေကျခဲ့သည်။

အမျိုးသမီးကြီးသည် သူမရဲ့ရောဂါအခြေအနေကို သိရှိပြီး လက်ကျန်အချိန်လေးကို သူမရဲ့စိတ်ကူးယဥ်အိပ်မက်လေးအား အကောင်အထည်ဖော်ရန်အတွက် ငယ်စဥ်ကအရမ်းဝတ်ချင်ခဲ့သည့် Lolitaဂါဝန်လေးကို ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရချိန် ကဲ့ရဲ့နေသူများအားလုံးလည်း စိတ်မကောင်းဖြစ်ကုန်ကြပြီး တဖန်ပြန်လည် အားပေးခဲ့ကြသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories