ပိုက္ဆံမရွိရင္ ဆားနဲ႔စားမယ္ အေႂကြးလုံးဝ မယူဘူးလို႔ ေျပာလိုက္တဲ့ ေမပန္းခ်ီ

တည္​ၿငိမ္​တဲ့အလွ စြဲမက္​ဖြယ္​​ေကာက္​​ေၾကာင္းတို႔​ေၾကာင့္ ပုရိသ​ေတြအသဲစြဲမင္းသမီးတစ္​လက္​ျဖစ္​တဲ့ ​ေမပန္းခ်ီက​ေတာ့ ကိုဗစ္​ကာလအတြင္း အ​ေျခအ​ေနနဲ႔ပတ္​သတ္​ၿပီး အ​ေႂကြး​ေတြဘာ​ေတြ​ေတာ့​ေၾကာက္​တယ္​ ပိုက္​ဆံမရွိရင္​ဆားနဲ႔ပဲစား​မယ္​လို႔ ​ဆိုလာခဲ့ပါတယ္​။

ဒီကာလအတြင္းမွာ လူတန္းစား​ေတာ္​​ေတာ္​မ်ားမ်ား ဝင္​​ေငြအခက္​ႀကဳံရသလို ရႈတင္​မ်ားလည္းရပ္​ဆိုင္းထားတဲ့အတြက္​ အႏုပညာရွင္​တခ်ိဳ႕လည္း ဝင္​​ေငြနည္းပါး​ေနခ်ိန္​ျဖစ္​ပါတယ္​။

ေမပန္းခ်ီက​ေတာ့ ကိုဗစ္​ ဒုတိယလႈိင္းျဖစ္​​ေတာ့ ျပင္​ဦးလြင္​သြားၿပီး သူ႔ရဲ႕သီခ်င္း​ေလးကို MTV ႐ိုက္​ဖို႔လုပ္​ထားတာ ပ်က္​သြား​ေပမယ့္ အ​ေျခအ​ေနက ျပင္းထန္​​ေတာ့ ကိုယ္​ Q မဝင္​ရ​ေအာင္​ပဲႀကိဳးစား​ေနရတယ္​လို႔ ​ေျပာျပခဲ့ၿပီး

​ေရာဂါႀကီးက ဘယ္​​ေလာက္​​ေတာင္​ၾကာဦးမယ္​မသိတာ​ေၾကာင့္ စီးပြား​ေရးကို ​ေလာ​ေလာဆယ္​ အိမ္​မွာ​ေနရင္း ဘာလုပ္​ရမလဲဆိုတာပဲ​ေတြး​ေနမိတယ္​လို႔ ဆိုထားပါတယ္​။

ဒီရက္​ပ္ို​င္းအ​ေျခအ​ေနနဲ႔ ပတ္​သတ္​ၿပီး ​ေမးျမန္းရာမွာ​ေတာ့ “မိုးလင္းတာနဲ႔ ဖုန္းဝင္​လာရင္​ Online shopping ​ေတြကခ်ည္းပဲ ဒီအခ်ိန္​ဝင္​​ေငြမရွိပါဘူးဆိုမွ ဘယ္​တုန္းကမွာထားတာ​ေတြမွန္းမသိ လာလာပို႔​ေန​ေတာ့ စိတ္​ညစ္​​ေနရတယ္​”လို႔ ဟာသ​အ​ေနနဲ႔​ေျပာလာပါတယ္​။

ဝင္​​ေငြနည္းပါး​ေနခ်ိန္​ ဘယ္​လိုစိတ္​ကူးထားလဲဆိုတဲ့ ​ေမးခြန္းကို​ေတာ့​ေမပန္းခ်ီက “စီးပြား​ေရးလုပ္​ရင္​လည္း ထိုင္​​ေနရင္​အ​ေကာင္းသား ထသြားမွ က်ိဳးမွန္းသိျဖစ္​​ေနမွာလည္းစိုးတယ္​ ဒီအခ်ိန္​ဝင္​​ေငြရဖို႔ မလုပ္​ခ်င္​ဆုံးအလုပ္​ကိုလုပ္​ရမယ္​ဆိုရင္​ ​ေဈး​ေရာင္းပဲရွိမယ္​ ​ဝင္​​ေငြမရွိ​ေတာ့လည္း ဒါပဲလုပ္​ရမွာ​ေပါ့

အ​ေႂကြး​ေတြဘာ​ေတြ​ေတာ့​ေၾကာက္​တယ္​ မရွိရင္​ဆားနဲ႔ပဲစား​ေတာ့မယ္​ အ​ေႂကြး​ေတြ ဘာ​ေတြ​ေတာ့မရွိဘူး ဒီအခ်ိန္​မွာ အ​ေႂကြးမရွိတဲ့သူကသူ​ေဌးပဲ” လို႔ ​ေပါ့​ေပါ့ပါးပါးပဲ​ေျပာျပခဲ့ပါတယ္​။

” ကြၽန္​မက​ေတာ့ ​ေရာင္​ရဲတင္းတိမ္​ႏိုင္​တယ္​ Sugar Daddy မရွိတဲ့အတြက္​လည္း​ေနာင္​တမရသလို လြယ္​လြယ္​ရရင္​လြယ္​လြယ္​ကုန္​တတ္​တယ္​ ကိုယ္​က​ေတာ့ကိုယ့္ျဖစ္​တည္​ပုံနဲ႔ ကိုယ္​မို႔သူမ်ား​ေတြအဆင္​​ေျပရင္​လည္း မနာလိုျခင္းမရွိဘူး” လို႔သူမခံယူထားတဲ့ခံယူခ်က္​ကို ပရိသတ္​ကိုပြင့္ပြင့္လင္းလင္း​ေျပာျပခဲ့တာပါ။

​ေမပန္းခ်ီရဲ႕ ​ေရာင့္ရဲတဲ့စိတ္​နဲ႔ခံယူခ်က္​က​ေလးက​ေတာ့ တကယ့္ကိုခ်စ္​စရာပါပဲ​ေနာ္​။ ​သူ႔ခံယူခ်က္​​ေလးကို လက္​ခံသ​ေဘာတူတယ္​ဆိုရင္​ ပရိသတ္​ႀကီးကလည္း ကြန္​မန္႔မွာ အျမင္​​ေလး​ေတြမွ်​ေဝသြားပါဦး​ေနာ္​။

credit – Yin Khat Pan ( Writer – LLA )

Unicode

ပိုက်ဆံမရှိရင် ဆားနဲ့စားမယ် အကြွေးလုံးဝ မယူဘူးလို့ ပြောလိုက်တဲ့ မေပန်းချီ

တည်ငြိမ်တဲ့အလှ စွဲမက်ဖွယ်ကောက်ကြောင်းတို့ကြောင့် ပုရိသတွေအသဲစွဲမင်းသမီးတစ်လက်ဖြစ်တဲ့ မေပန်းချီကတော့ ကိုဗစ်ကာလအတွင်း အခြေအနေနဲ့ပတ်သတ်ပြီး အကြွေးတွေဘာတွေတော့ကြောက်တယ် ပိုက်ဆံမရှိရင်ဆားနဲ့ပဲစားမယ်လို့ ဆိုလာခဲ့ပါတယ်။

ဒီကာလအတွင်းမှာ လူတန်းစားတော်တော်များများ ဝင်ငွေအခက်ကြုံရသလို ရှုတင်များလည်းရပ်ဆိုင်းထားတဲ့အတွက် အနုပညာရှင်တချို့လည်း ဝင်ငွေနည်းပါးနေချိန်ဖြစ်ပါတယ်။

မေပန်းချီကတော့ ကိုဗစ် ဒုတိယလှိုင်းဖြစ်တော့ ပြင်ဦးလွင်သွားပြီး သူ့ရဲ့သီချင်းလေးကို MTV ရိုက်ဖို့လုပ်ထားတာ ပျက်သွားပေမယ့် အခြေအနေက ပြင်းထန်တော့ ကိုယ် Q မဝင်ရအောင်ပဲကြိုးစားနေရတယ်လို့ ပြောပြခဲ့ပြီး

ရောဂါကြီးက ဘယ်လောက်တောင်ကြာဦးမယ်မသိတာကြောင့် စီးပွားရေးကို လောလောဆယ် အိမ်မှာနေရင်း ဘာလုပ်ရမလဲဆိုတာပဲတွေးနေမိတယ်လို့ ဆိုထားပါတယ်။

ဒီရက်ပိုင်းအခြေအနေနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာတော့ “မိုးလင်းတာနဲ့ ဖုန်းဝင်လာရင် Online shopping တွေကချည်းပဲ ဒီအချိန်ဝင်ငွေမရှိပါဘူးဆိုမှ ဘယ်တုန်းကမှာထားတာတွေမှန်းမသိ လာလာပို့နေတော့ စိတ်ညစ်နေရတယ်”လို့ ဟာသအနေနဲ့ပြောလာပါတယ်။

ဝင်ငွေနည်းပါးနေချိန် ဘယ်လိုစိတ်ကူးထားလဲဆိုတဲ့ မေးခွန်းကိုတော့မေပန်းချီက “စီးပွားရေးလုပ်ရင်လည်း ထိုင်နေရင်အကောင်းသား ထသွားမှ ကျိုးမှန်းသိဖြစ်နေမှာလည်းစိုးတယ် ဒီအချိန်ဝင်ငွေရဖို့ မလုပ်ချင်ဆုံးအလုပ်ကိုလုပ်ရမယ်ဆိုရင် ဈေးရောင်းပဲရှိမယ် ဝင်ငွေမရှိတော့လည်း ဒါပဲလုပ်ရမှာပေါ့

အကြွေးတွေဘာတွေတော့ကြောက်တယ် မရှိရင်ဆားနဲ့ပဲစားတော့မယ် အကြွေးတွေ ဘာတွေတော့မရှိဘူး ဒီအချိန်မှာ အကြွေးမရှိတဲ့သူကသူဌေးပဲ” လို့ ပေါ့ပေါ့ပါးပါးပဲပြောပြခဲ့ပါတယ်။

” ကျွန်မကတော့ ရောင်ရဲတင်းတိမ်နိုင်တယ် Sugar Daddy မရှိတဲ့အတွက်လည်းနောင်တမရသလို လွယ်လွယ်ရရင်လွယ်လွယ်ကုန်တတ်တယ် ကိုယ်ကတော့ကိုယ့်ဖြစ်တည်ပုံနဲ့ ကိုယ်မို့သူများတွေအဆင်ပြေရင်လည်း မနာလိုခြင်းမရှိဘူး” လို့သူမခံယူထားတဲ့ခံယူချက်ကို ပရိသတ်ကိုပွင့်ပွင့်လင်းလင်းပြောပြခဲ့တာပါ။

မေပန်းချီရဲ့ ရောင့်ရဲတဲ့စိတ်နဲ့ခံယူချက်ကလေးကတော့ တကယ့်ကိုချစ်စရာပါပဲနော်။ သူ့ခံယူချက်လေးကို လက်ခံသဘောတူတယ်ဆိုရင် ပရိသတ်ကြီးကလည်း ကွန်မန့်မှာ အမြင်လေးတွေမျှဝေသွားပါဦးနော်။

credit – Yin Khat Pan ( Writer – LLA )

  • Leave a Comment