ဇနီးကိုကြာရွင္း၊ ေယာကၡမႀကီးကို လက္ထပ္ေပါင္းသင္းခဲ့တဲ့ အမ်ိဳးသား

အမ်ိဳးသားတစ္ေယာက္ကေတာ့ သူနဲ႔ (၈)ႏွစ္ၾကာ လက္တြဲခဲ့တဲ့ဇနီးကို ကြာရွင္းၿပီး၊ ဇနီးရဲ႕မိခင္ျဖစ္တဲ့ ေယာကၡမႀကီးကို လက္ထပ္ဖုိ႔ ဆုံးျဖတ္ခဲ့ေၾကာင္း သိရပါတယ္။ အမ်ိဳးသားအမည္ကေတာ့ Clive Bunden ျဖစ္ၿပီး၊ ဇနီးတျဖစ္လဲေယာကၡမရဲ႕အမည္ကေတာ့ Brenda ျဖစ္ပါတယ္။ သူတုိ႔ဟာ Warrington, Cheshire မွာ အတူတူေနေနတာ ဆယ္စုႏွစ္(၃)စုေလာက္ ရွိေနပါၿပီ။

တကယ္က Clive ဟာ (၁၉၇၇)မွာ Brenda ရဲ႕သမီးႀကီးျဖစ္သူ Irene နဲ႔ လက္ထပ္ခဲ့သူပါ။ တစ္ဖက္က ေတြးၾကည့္ရင္ ဇနီး Irene နဲ႔ ေပါင္းသင္းေနခ်ိန္မွာေတာင္ Clive က Brenda နဲ႔ ကင္းရွင္းခဲ့ပုံမရပါဘူး။ (၁၉၈၅)ခုႏွစ္မွာ Clive ဟာ Irene နဲ႔ ကြာရွင္းလုိက္ပါတယ္။ (၂၀၀၇)ခုႏွစ္မွာ ႏွစ္ေယာက္သား တရားဝင္ လက္ထပ္လုိက္တာ ျဖစ္ၿပီး၊ အခုဆုိရင္ အိမ္ေထာင္သက္ (၁၃)ႏွစ္ေတာင္ ရွိသြားပါၿပီ။

Clive ဟာ လက္ထပ္ထိမ္းမ်ားျခင္းဆုိင္ရာ ဥပေဒမေျပာင္းခင္တုန္းကတည္းက Brenda ကို လက္ထပ္ခြင့္ေတာင္းခဲ့လုိ႔ ဥပေဒခ်ိဳးေဖာက္တယ္ဆုိၿပီး အဖမ္းခံခဲ့ရပါတယ္။ (၂၀၀၇)ခုႏွစ္မွာ လက္ထပ္ထိမ္းျမားျခင္းဆုိင္ရာ ဥပေဒက အေျပာင္းအလဲျဖစ္ေပၚခဲ့ၿပီး၊ သူတုိ႔ႏွစ္ေယာက္ကို တရားဝင္လက္ထပ္ထိမ္းမ်ားဖုိ႔ အခြင့္အေရး ရသြားေစခဲ့တာပါ။

သူတုိ႔ကုိ အရပ္ပတ္ဝန္းက်င္က အမ်ိဳးျပစ္တင္ေဝဖန္ၾကေပမယ့္ သူတုိ႔ကေတာ့ ဒီလုိလက္ထပ္ခဲ့ရျခင္းအတြက္ ေနာင္တမရဘူးလုိ႔ ေျပာပါတယ္။ Clive ဟာ အခုဆုိရင္ အသက္(၆၅)ႏွစ္ေတာင္ ရွိေနၿပီျဖစ္ၿပီး၊ သူတုိ႔ႏွစ္ေယာက္ဟာ လူေတြရဲ႕ေဝဖန္မႈေတြေၾကာင့္ပဲ ပိုၿပီးသန္မာလာခဲ့တာလုိ႔ ေျပာပါတယ္။ Brenda ကေတာ့ (၇၇)ႏွစ္ ျဖစ္ၿပီး၊ ခင္ပြန္းျဖစ္သူထက္ (၁၂)ႏွစ္သာ ပုိႀကီးတာပါ။

Brenda အေနနဲ႔ သမီးနဲ႔ Clive ကို အသက္အရြယ္ကြာျခားလုိ႔ သေဘာမတူခဲ့ေပမယ့္ ေနာက္ပုိင္းမွာေတာ့ သူမကိုယ္တုိင္ပဲ အခ်စ္ႏြံအတြင္းမွာ သက္ဆင္းခဲ့မိတယ္လုိ႔ ဆုိပါတယ္။ Clive နဲ႔ ယခင္အိမ္ေထာင္ Irene တုိ႔မွာ Sarah နဲ႔ Tanya အမည္ရ သားသမီးႏွစ္ေယာက္ ရွိခဲ့ၿပီး၊ ကြာရွင္းၿပီးခ်ိန္မွာေတာ့ မိခင္ Irene က ႏွစ္ေယာက္စလုံးကို ေခၚသြားပါတယ္တဲ့။

လင္းသုတ

credit – shwetoday

Unicode

ဇနီးကိုကွာရှင်း၊ ယောက္ခမကြီးကို လက်ထပ်ပေါင်းသင်းခဲ့တဲ့ အမျိုးသား

အမျိုးသားတစ်ယောက်ကတော့ သူနဲ့ (၈)နှစ်ကြာ လက်တွဲခဲ့တဲ့ဇနီးကို ကွာရှင်းပြီး၊ ဇနီးရဲ့မိခင်ဖြစ်တဲ့ ယောက္ခမကြီးကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ အမျိုးသားအမည်ကတော့ Clive Bunden ဖြစ်ပြီး၊ ဇနီးတဖြစ်လဲယောက္ခမရဲ့အမည်ကတော့ Brenda ဖြစ်ပါတယ်။ သူတို့ဟာ Warrington, Cheshire မှာ အတူတူနေနေတာ ဆယ်စုနှစ်(၃)စုလောက် ရှိနေပါပြီ။

တကယ်က Clive ဟာ (၁၉၇၇)မှာ Brenda ရဲ့သမီးကြီးဖြစ်သူ Irene နဲ့ လက်ထပ်ခဲ့သူပါ။ တစ်ဖက်က တွေးကြည့်ရင် ဇနီး Irene နဲ့ ပေါင်းသင်းနေချိန်မှာတောင် Clive က Brenda နဲ့ ကင်းရှင်းခဲ့ပုံမရပါဘူး။ (၁၉၈၅)ခုနှစ်မှာ Clive ဟာ Irene နဲ့ ကွာရှင်းလိုက်ပါတယ်။ (၂၀၀၇)ခုနှစ်မှာ နှစ်ယောက်သား တရားဝင် လက်ထပ်လိုက်တာ ဖြစ်ပြီး၊ အခုဆိုရင် အိမ်ထောင်သက် (၁၃)နှစ်တောင် ရှိသွားပါပြီ။

Clive ဟာ လက်ထပ်ထိမ်းများခြင်းဆိုင်ရာ ဥပဒေမပြောင်းခင်တုန်းကတည်းက Brenda ကို လက်ထပ်ခွင့်တောင်းခဲ့လို့ ဥပဒေချိုးဖောက်တယ်ဆိုပြီး အဖမ်းခံခဲ့ရပါတယ်။ (၂၀၀၇)ခုနှစ်မှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေက အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး၊ သူတို့နှစ်ယောက်ကို တရားဝင်လက်ထပ်ထိမ်းများဖို့ အခွင့်အရေး ရသွားစေခဲ့တာပါ။

သူတို့ကို အရပ်ပတ်ဝန်းကျင်က အမျိုးပြစ်တင်ဝေဖန်ကြပေမယ့် သူတို့ကတော့ ဒီလိုလက်ထပ်ခဲ့ရခြင်းအတွက် နောင်တမရဘူးလို့ ပြောပါတယ်။ Clive ဟာ အခုဆိုရင် အသက်(၆၅)နှစ်တောင် ရှိနေပြီဖြစ်ပြီး၊ သူတို့နှစ်ယောက်ဟာ လူတွေရဲ့ဝေဖန်မှုတွေကြောင့်ပဲ ပိုပြီးသန်မာလာခဲ့တာလို့ ပြောပါတယ်။ Brenda ကတော့ (၇၇)နှစ် ဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူထက် (၁၂)နှစ်သာ ပိုကြီးတာပါ။

Brenda အနေနဲ့ သမီးနဲ့ Clive ကို အသက်အရွယ်ကွာခြားလို့ သဘောမတူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမကိုယ်တိုင်ပဲ အချစ်နွံအတွင်းမှာ သက်ဆင်းခဲ့မိတယ်လို့ ဆိုပါတယ်။ Clive နဲ့ ယခင်အိမ်ထောင် Irene တို့မှာ Sarah နဲ့ Tanya အမည်ရ သားသမီးနှစ်ယောက် ရှိခဲ့ပြီး၊ ကွာရှင်းပြီးချိန်မှာတော့ မိခင် Irene က နှစ်ယောက်စလုံးကို ခေါ်သွားပါတယ်တဲ့။

လင်းသုတ

credit – shwetoday

  • Leave a Comment