ဗိသႏုိးနတ္မင္းရဲ႕ လိပ္စစ္သည္ေတာ္ကုိဝင္စားတဲ့ ေရႊေရာင္အဆင္းနဲ႔ လိပ္ကေလး

နီေပါလ္ႏုိင္ငံ အေရွ႕ေတာင္ပိုင္းမွာ ေရႊေရာင္အဆင္းနဲ႔လိပ္ကေလးတစ္ေကာင္ကို ေတြ႕ခဲ့ရတာေၾကာင့္၊ ဒီလိပ္ကေလးဟာ နတ္ဘုရားေတြရဲ႕ ေစတမန္ သုိ႔တည္းမဟုတ္ နတ္ဘုရားတစ္ပါးပါး ကံကုန္လုိ႔ဝင္စားလာတဲ့ လိပ္ကေလးလုိ႔ ထင္ေနၾကပါတယ္။

လိပ္ကေလးဟာ တစ္ကုိယ္လုံးေရႊဝါေရာင္ျဖစ္ၿပီး၊ အထူးသျဖင့္ လိပ္ခြံက သိသာလြန္းပါတယ္။ ဒီလိပ္ကေလးကို မထင္မရွားရြာေလးတစ္ရြာမွာ ေတြ႕ရခဲ့ရတာပါ။ လိပ္ရဲ႕မ်ိဳးရင္းကေတာ့ Indian Flapshell ျဖစ္ၿပီး၊အမ်ားအားျဖင့္ေတာ့ ဒီလုိအေရာင္မ်ိဳး မရွိတတ္ပါဘူး။ ကမာၻေပၚမွာတစ္ေကာင္ပဲရွိတယ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

ရြာသူရြာသားေတြကေတာ့ ေကာင္းျခင္းမဂၤလာေတြ ယူေဆာင္ေပးလာမယ္လုိ႔ ထင္ျမင္ေနၾကပါတယ္။ လိပ္ကေလးဟာ အလြန္ရွားပါးတဲ့ျဖစ္စဥ္တစ္ခုျဖစ္တဲ့ Ultra-rare Genetic Mutation Chromatic Leucism လုိ႔ေခၚတဲ့ မ်ိဳးဗီဇအေျခအေနနဲ႔ ေမြးဖြားလာခဲ့တာပါ။ ဒါေၾကာင့္ လိပ္ကေလးရဲ႕အေရာင္ဟာ ေရႊေရာင္ေလးျဖစ္ေနတာပါ။

ဒါေပမယ့္ ဒီလုိအေနအထားနဲ႔ေမြးတဲ့လိပ္ေတြ မရွိဘူးလားဆုိေတာ့ ရွိပါတယ္။ အမ်ားအားျဖင့္ေတာ့ အျဖဴေရာင္၊ အျဖဴေရာင္ေဖ်ာ့ေဖ်ာ့ေတြပဲ ျဖစ္ေလ့ရွိပါတယ္။ ကၽြမ္းက်င္ပညာရွင္ Kamal Devkota က “ နီေပါလ္မွာေတာ့ ေရႊေရာင္လိပ္ေတြတင္မဟုတ္ဘဲ .. သာမန္႐ုိး႐ုိးလိပ္ေတြကုိလည္း ဘာသာေရးဆုိင္ရာ ဓေလ့ထုံးတမ္းေတြအရ တန္ဖုိးထားၾကပါတယ္ …

သူတုိ႔ယုံေနတာေတာ့ ပိႆႏုိးနတ္ဘုရားက ေရႊေရာင္လိပ္အသြင္ ဖန္ဆင္းၿပီး စၾကာဝဠာႀကီးကို ကယ္တင္ဖုိ႔ ေရာက္လာတာလုိ႔ ယုံၾကည္ေနၾကပါတယ္ ”လုိ႔ ေျပာခဲ့ပါတယ္။ ဟိႏၵဴဘာသာေရးယုံၾကည္ခ်က္အရ လိပ္ရဲ႕ေက်ာခုံးဟာ ေကာင္းကင္ကုိကိုယ္စားျပဳၿပီး၊ ေအာက္ခံအခြံကေတာ့ ေျမျပင္ကို ကိုယ္စားျပဳတယ္လုိ႔ ယုံၾကည္ၾကပါတယ္။

ဗိႆႏုိးနတ္ဘုရားမွာ လိပ္စစ္သည္နတ္ဘုရားတစ္ပါး ရွိခဲ့ၿပီး၊ အမည္မွာေတာ့ Kurma လုိ႔ သိရပါတယ္။ ယခုထက္ထိ ဟိႏၵဴဘုရားေက်ာင္းေတြမွာ ၎႐ုပ္တုကို ကုိးကြယ္သူေတြ ရွိေနၾကပါတယ္။ အခုလိပ္ႀကီးကုိေတာ့ သက္ဆုိင္ရာက ေတာထဲကုိ ျပန္လႊတ္ခဲ့တယ္လုိ႔ ဆုိေသာ္လည္း၊ သူ ေရရွည္အသက္ရွင္ပါ့မလား စုိးရိမ္ေနၾကပါတယ္။

ဘာသာျပန္-လင္းသူရိန္

Ref ; DailyStar

Unicode

ဗိသနိုးနတ်မင်းရဲ့ လိပ်စစ်သည်တော်ကိုဝင်စားတဲ့ ရွှေရောင်အဆင်းနဲ့ လိပ်ကလေး

နီပေါလ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရွှေရောင်အဆင်းနဲ့လိပ်ကလေးတစ်ကောင်ကို တွေ့ခဲ့ရတာကြောင့်၊ ဒီလိပ်ကလေးဟာ နတ်ဘုရားတွေရဲ့ စေတမန် သို့တည်းမဟုတ် နတ်ဘုရားတစ်ပါးပါး ကံကုန်လို့ဝင်စားလာတဲ့ လိပ်ကလေးလို့ ထင်နေကြပါတယ်။

လိပ်ကလေးဟာ တစ်ကိုယ်လုံးရွှေဝါရောင်ဖြစ်ပြီး၊ အထူးသဖြင့် လိပ်ခွံက သိသာလွန်းပါတယ်။ ဒီလိပ်ကလေးကို မထင်မရှားရွာလေးတစ်ရွာမှာ တွေ့ရခဲ့ရတာပါ။ လိပ်ရဲ့မျိုးရင်းကတော့ Indian Flapshell ဖြစ်ပြီး၊အများအားဖြင့်တော့ ဒီလိုအရောင်မျိုး မရှိတတ်ပါဘူး။ ကမ္ဘာပေါ်မှာတစ်ကောင်ပဲရှိတယ်လို့တောင် ပြောလို့ရပါတယ်။

ရွာသူရွာသားတွေကတော့ ကောင်းခြင်းမင်္ဂလာတွေ ယူဆောင်ပေးလာမယ်လို့ ထင်မြင်နေကြပါတယ်။ လိပ်ကလေးဟာ အလွန်ရှားပါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့ Ultra-rare Genetic Mutation Chromatic Leucism လို့ခေါ်တဲ့ မျိုးဗီဇအခြေအနေနဲ့ မွေးဖွားလာခဲ့တာပါ။ ဒါကြောင့် လိပ်ကလေးရဲ့အရောင်ဟာ ရွှေရောင်လေးဖြစ်နေတာပါ။

ဒါပေမယ့် ဒီလိုအနေအထားနဲ့မွေးတဲ့လိပ်တွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ အများအားဖြင့်တော့ အဖြူရောင်၊ အဖြူရောင်ဖျော့ဖျော့တွေပဲ ဖြစ်လေ့ရှိပါတယ်။ ကျွမ်းကျင်ပညာရှင် Kamal Devkota က “ နီပေါလ်မှာတော့ ရွှေရောင်လိပ်တွေတင်မဟုတ်ဘဲ .. သာမန်ရိုးရိုးလိပ်တွေကိုလည်း ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းတွေအရ တန်ဖိုးထားကြပါတယ် …

သူတို့ယုံနေတာတော့ ပိဿနိုးနတ်ဘုရားက ရွှေရောင်လိပ်အသွင် ဖန်ဆင်းပြီး စကြာဝဠာကြီးကို ကယ်တင်ဖို့ ရောက်လာတာလို့ ယုံကြည်နေကြပါတယ် ”လို့ ပြောခဲ့ပါတယ်။ ဟိန္ဒူဘာသာရေးယုံကြည်ချက်အရ လိပ်ရဲ့ကျောခုံးဟာ ကောင်းကင်ကိုကိုယ်စားပြုပြီး၊ အောက်ခံအခွံကတော့ မြေပြင်ကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။

ဗိဿနိုးနတ်ဘုရားမှာ လိပ်စစ်သည်နတ်ဘုရားတစ်ပါး ရှိခဲ့ပြီး၊ အမည်မှာတော့ Kurma လို့ သိရပါတယ်။ ယခုထက်ထိ ဟိန္ဒူဘုရားကျောင်းတွေမှာ ၎င်းရုပ်တုကို ကိုးကွယ်သူတွေ ရှိနေကြပါတယ်။ အခုလိပ်ကြီးကိုတော့ သက်ဆိုင်ရာက တောထဲကို ပြန်လွှတ်ခဲ့တယ်လို့ ဆိုသော်လည်း၊ သူ ရေရှည်အသက်ရှင်ပါ့မလား စိုးရိမ်နေကြပါတယ်။

ဘာသာပြန်-လင်းသူရိန်

Ref ; DailyStar

  • Leave a Comment