မော်ဒယ်ဖြစ်ချင်လို့ဝိတ်ချခဲ့ရာမှ အချလွန်ပြီး ၂၃ကီလိုဂရမ်သာကျန်တော့သည့် မိန်းကလေးရဲ့အဖြစ်

ပုမှနု ဝမှလှတယ်ဆိုသောစကားပုံရှိသော်လည်း တကယ်တမ်းဝနေသူများသည် ဝိတ်ချဖို့ကြိုးစားကာ အချို့ကအရမ်းလှချင်သည့်စိတ်ကြောင့် မစဥ်းစားတော့ပဲ အလွန်အကျွံ ဝိတ်ချမိသွားတာမျိုးတွေဖြစ်သည့်အခါ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်လာနိုင်သည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ငယ်စဥ်လေးတည်းက မော်ဒယ်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့ သူမရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန် အလေးချိန် ၄၈ကီလိုဂရမ်ရှိနေတာကို ထပ်မံပြီးတော့ ဝိတ်ချဖို့ကြိုးစားခဲ့သည်။

မိန်းကလေးသည် နေ့စဥ်အစားအသောက်လျှော့စားခဲ့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ အစားစားချင်စိတ်တွေပါပျောက်သွားခဲ့ပြီး ကျန်းမာရေးချို့ယွင်းလာကာ လမ်းလျှောက်နေရင်းနဲ့လည်း မူးလဲကျတာမျိုးတွေဖြစ်လာခဲ့သည်။

မိန်းကလေးသည် ဝိတ်အချလွန်ပြီးတော့ အလေးချိန် ၂၃ကီလိုဂရမ်သာကျန်ကာ ကြည့်လို့ပင်မကောင်းတော့သည်ထိ ရုပ်ရည်ပျက်ခဲ့ရပြီး မိသားစုကစိုးရိမ်းစွာနဲ့ ဆရာဝန်နဲ့တကွတိုင်ပင်ပြီးတော့ ဆေးကုသမှူခံယူစေခဲ့၍ ကံကောင်းစွာနဲ့ပဲ ခန္ဓာကိုယ်က နည်းနည်းပြည့်ပြည့်လေးဖြစ်လာခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories