




Unicode

မွေးစကတည်းက ချစ်စရာကောင်းနေတဲ့ မြေးမလေးကို Video Callနဲ့ကြည့်ပြီး မိသားစုဝင်တိုးလို့ ပျော်ရွှင်နေတဲ့ ခင်လှိုင်တို့မိသားစု

ဒါရိုက်တာ၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ခင်လှိုင်ရဲ့သားနဲ့သမီးကလည်း အနုပညာလမ်းကြောင်းပေါ်ကို ‌လျှောက်လှမ်းနေတာဖြစ်လို့ ခင်လှိုင်ကတော့ ကလေးနှစ်ယောက်ကို အစွမ်းကုန်ပံ့ပိုးပေးနေတာပါနော်။နေရဲနဲ့သဇင်ထူးမြင့်တို့မောင်နှမနှစ်ယောက်ကိုလည်း ပရိသတ်တွေကချစ်ကြလို့ သူတို့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို အားပေးကြပါတယ်။

သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူရိုက်ကူးနေတဲ့ “ဆိုးပေ”ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာလေးတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။သဇင်ထူးမြင့်က လိမ္မာရေးခြားလည်းရှိပြီး မိဘစကားကို နားထောင်တဲ့သူပါနော်။ခင်လှိုင်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ သိုက်သိုက်ဝန်းဝန်းရှိကြလို့ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ခင်လှိုင်တို့မိသားစုထဲကို မိသားစုဝင်အသစ်လေး ထပ်တိုးလာတာဖြစ်ပါတယ်။

ခင်လှိုင်ကတော့”ဘိုးဘိုး ဘွားဘွားတို့ရဲ့ အသည်းကိုကိုင်လှုပ်မယ့်ဒုတိယမြေးမလေးရွှေခေတ် . ၁၆.၉.၂၀၂၀ ..ညနေ ၆:၂၀ ရာဟုသမီးလေးဘိုးဘိုးတို့မိသားစုအားလုံးကနွေးထွေးစွာကြိုဆိုပါတယ်ချစ်မြေးမလေးရွှေခေတ်ရေ”ဆိုပြီး ရေးသားထားသလို သဇင်ထူးမြင့်ကလည်း”ဒီနေ့ပဲ အဒေါ်ရာထူး ထပ်ဆင့်တိုးပါတယ်…အမယ်လေး တီတီ့အတိုင်း ပါးဖောင်းလေးတွေ့ချင်လိုက်တာ ရွှေခေတ်လေးရယ်… ရွှေပိုး၊ရွှေနှစ်၊ရွှေခေတ် သုံးယောက်ပေါင်းပြီး ဒီတီတီအသဲကိုခြွေတော့မယ်….အရမ်းတွေ့ချင်နေပြီမီးလေးရေ….တူမချောလေးကိုမွေးပေးတဲ့ အစ်မတစ်ယောက်လိုသဲအပေါ်အမြဲကောင်းတဲ့ ယောင်းယောင်းလေးကိုကျေးဇူးပါ”ဆိုပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်နော်။

Source&Photo Credit: Khin Hlaing &Thazin Htoo Myint’s Facebook Account

  • Leave a Comment