မိုးရွာနေချိန်လေးမှာ အတွင်းခံလေးတွေသာဝတ်ဆင်ပြီး လူတွေကိုလက်ပြနှုတ်ဆက်ရင်း မြို့ပတ်ဆိုင်ကယ်စီးကာ ပျော်ပါးခဲ့သည့်စုံတွဲ ရဲတပ်ဖွဲ့၏ဖမ်းဆီးအရေးယူခြင်းကိုခံခဲ့ရ

ရှေးယခင်ကတည်းက လူကြီးသူမတို့ဟာ လူသားတို့၏အရှက်ရဖွယ်နေရာများကို ဖုံးကွယ်ထားနိုင်ရန်အတွက် အဝတ်အစားများကို တီထွင်ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။သို့သော်အချို့လူငယ်များသည် အရှက်တရားဆိုသောအရာကို မသိတော့တာလားဟုမေးရလောက်အောင်ပင် ပျက်စီးလာကြပါတယ်။

ယခုတွင်လည်း Boss J ဟုအမည်ပေးထားသည့် you tuber တစ်ဦးသည် သူ၏ချစ်သူကောင်မလေးနှင့်အတူ မိုးရွာနေချိန်တွင် ဆိုင်ကယ်အတူတူစီးပြီးမြို့ပတ်ခဲ့ပါတယ်။ဆိုင်ကယ်စီးရာတွင် အဝတ်အစားတွေမဝတ်ဘဲ အတွင်းခံဘောင်းဘီကိုသာဝတ်ဆင်ပြီး သွားလာခဲ့သည့်အပြင် လုံးဝမရှက်မကြောက်ဘဲ လမ်းပေါ်ကလူအချို့ကို လက်ပြနှုတ်ဆက်နေသေးတာဖြစ်ပါတယ်။

စုံတွဲနှစ်ဦးကို ပတ်ဝန်းကျင်အား အနှောက်အယှက်ဖြစ်စေသောကြောင့် ရဲတပ်ဖွဲ့ကစုံစမ်းကာ အရေးယူဖို့ကြိုးစားနေတယ်ဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories