







Yin Khat Pan ( Writer – LLA )

Unicode

မေကဗျာ ရဲ့ ကျေးဇူးကြောင့် စီးပွားရေးတွေ ပြေလည်သွားလို့ မျက်ရည်ဝဲ ခဲ့ရတဲ့ အဆိုတော် မိုးမိုး တို့ ဇနီးမောင်နှံ

တစ်​ချိန်​က “ပြန်​​တွေးကြည့် “ဆိုတဲ့ သီချင်း​လေးကို နားမ​ထောင်​ဖူးတဲ့လူငယ်​ဆိုတာ ခပ်​ရှားရှားရယ်​ပါ။ “ပြန်​​တွေးကြည့်”ဆိုတဲ့ သီချင်း​လေးကို သီဆိုခဲ့သူ ​တေးသံရှင်​မိုးမိုးဟာလည်း ​အသံ​အေး​အေး​လေး​နဲ့ ပရိသတ်​နှစ်​သက်​တဲ့သီချင်းများစွာကို သီဆိုခဲ့သူတစ်​ဦးပဲဖြစ်​ပါတယ်​။

မိုးမိုးက​တော့ အခုအချိန်​မှာ မိသားစုနဲ့အတူ “ဒီမှာ ​ဟော့​ပေါ့” ဆိုတဲ့နာမည်​​လေးနဲ့ ​အရသာရှိတဲ့ ​ဟော့​ပေါ့ချက်​​ရောင်း​နေတာပဲဖြစ်​ပါတယ်​။ အရသာရှိပြီး တန်​တယ်​လို့ နာမည်​တစ်​ခုရ​နေပြီဖြစ်​တဲ့ ဒီမှာ ​ဟော့​ပေါ့ကို​တော့ ​မေကဗျာက သူမရဲ့ Live မှာ စားပြခဲ့တာပါ။

မိုးမိုး​က​တော့ ​မေကဗျာရဲ့အမှာကို လက်​​ဆောင်​အ​နေနဲ့သွား​ပေးတာဖြစ်​​ပေမယ့် မရမက ပိုက်ဆံတွေထိုးထည့်ပေးသွားတဲ့အပြင် Live ပါ စားပြီး ကြော်ငြာပေးတဲ့အတွက်​ ကျေးဇူး အထူး ပါ လို့ သူ့ရဲ့အ​ကောင့်က​နေ တစ်​ဆင့်​ကျေးဇူးတင်​ခဲ့ပါတယ်​။

ပရိသတ်​အချစ်​​တော်​ ​မေကဗျာရဲ့ Live​ကြောင့် ​ဟော့​ပေါ့ကို မှာယူသူ​တွေများတာ​ကြောင့် ​ပျော်​ရွှင်​​နေတဲ့ မိုးမိုးရဲ့ဇနီး​လေးက​တော့

“ပျော်တာပေါ့ ###ဒီမှာ hot pot အခုထိorderမှာတာ ရပ်သေးဘူးနော် အမ မေကဗျာ ကျေးဇူးပါ 🙏🙏🙏 အမကို ချစ်တဲ့ ပရိတ်သက်တွေ ဒီမှာ hot pot ကိုမှာတာ ညတွင်းချင်းမှာတဲ့သူတွေလဲ အများကြီး ချက်ချင်းလုပ်ပေးရတယ် နော် အမစားတာကြည့်ပြီး စားချင်လို့ပါဆိုတော့ 😀😀😀 မနက်ဖြန်အတွက် order ပွဲ ၇၀ ကျော်ရှိပြီ အခုထိ ​ အိမ်ကို ချက်ချင်းလာယူလို့လာယူကြ

အမမှာတဲ့အတိုင်းပို့ပေးပါ ဆိုတာတောင် ရှိတယ် နော်😍😍😍 ကျေးဇူးအရမ်းတင်တယ် liveလွှင့်ပြီး စားပြပြီး ရောင်းပေးတာ အကူအညီမတောင်းပဲ လုပ်ပေးတာ အမliveကိုကြည့်ပြီး မျက်ရည်တောင်ဝဲတယ် 😘😘😘 ကိုယ်တွေ မိသားစုကို ကူညီပေးတာ ကျေးဇူးပါအမ 🙏🙏🙏 ကိုယ်ဒီညတော့ မအိပ်တော့ ဘူး 😍😍😍” ​လို့ ​ပျော်​ရွှင်​ကာ ​မေကဗျာကို ​ကျေးဇူးတင်​ခဲ့ပါတယ်​။

သန့်ရှင်းလတ်​ဆတ်​တဲ့ ပါဝင်​ပစ္စည်း​တွေနဲ့ အရသာရှိလှတဲ့​မိုးမိုးရဲ့ ဒီမှာ​ဟော့​ပေါ့က​တော့ ​ရောင်း​ကောင်းဆဲပါပဲ။ ကိုဗစ်​ဒုတိယလှိုင်းမှာ အပြင်​မထွက်​ဘဲ အိမ်​တွင်းမိသားစုနဲ့ စုစုရုံးရုံး​ဟော့​ပေါ့ဆွဲချင်​တဲ့သူ​တွေအတွက်​ ကွက်​တိပဲလို့ ဆိုရမှာပါပဲ​နော်​။

Yin Khat Pan ( Writer – LLA )

  • Leave a Comment