သူငယ်ချင်းတွေက စိတ်တူကိုယ်တူနှင့် ဘယ်နေရာရာသွားသွား အသက်၇၀အရွယ်အဖွားအိုတွေလို ဝတ်ဆင်ပြီး သွားလည်တတ်တာကြောင့် နာမည်ကြီးလာသည့် မိန်းကလေးတစ်စု

မိမိတို့သည်လည်း ငယ်သူငယ်ချင်းများနှင့် သွားလည်သည့်အခါမျိုးတွင် မဟုတ်တလွဲလုပ်လိုက်ပြီး ပျော်ရွင်ရယ်မောဖွယ်ရာအဖြစ်အပျက်လေးတွေကို ဖန်တီးတတ်ကြပါတယ်။ငယ်သူငယ်ချင်းများအားလုံးက စိတ်တူကိုယ်တူဖြင့် ဘာမဆိုအတူတကွ လိုက်လုပ်ပြီး ပေါရတာလောက် ပျော်စရာကောင်းသည့် အခြေအနေမျိုးမရှိတော့ပေ။

ယခုတွင်လည်း ကောင်မလေးအုပ်စုဟာ တစ်နေနေရာသွားလည်ရတော့မည်ဆိုလျှင် အလွန်ညီညွတ်ကြပြီး ဘာပဲလုပ်လုပ်တိုင်ပင်စရာမလိုအောင် စည်းလုံးကြပါတယ်။ကောင်မလေးတို့အုပ်စုဟာ သွားလည်ရာတွင် အသက်၇၀အရွယ် အဖွားကြီးရုပ်ဖြစ်အောင် ပုံစံတူပြင်ဆင်ပြီး သွားလည်လေ့ရှိကြပါတယ်။

ထိုသို့ထူးခြားလှသည့်ပုံစံကြောင့်လည်း ကောင်မလေးတို့အုပ်စုကို လူအများက သတိထားမိလာခဲ့ကာ နာမည်ကြီးလာခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories